မာယာကင်းမဲ့ဇုန်
....................... အပိုင်း ( ၂၉ )"ကိုရဲ ငါ ငါဘာမှမမြင်ရဘူးကွာ... ငါအရမ်းကြောက်တယ်... "
ဟာကွာ....!!!
"ငါဘာ ဖြစ်နေတာလဲဟင်...ငါဘာဖြစ်သွားတာလဲ...ငါ မင်းကိုမမြင်ရဘူး...ငါ ငါ့
မျက်လုံးတွေ ပူစပ်နေတယ် ကိုရဲရယ်..."ကိုရဲ အံတင်းပြီး ကြိတ်ငိုသည်။ သူကိုယ်တိုင်လည်း ဘယ်ဘက်ပေါင်
ရင်းကို ကျည်မှန်ထားတာမို့ ဒီနေရာမှာတင် သွေးတွေ ချောင်းစီးမည့်အလားထွက်နေ
သည်။ ကိုရဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ၊ သတိရဖို့မအားနိုင်လောက်အောင် ညီထွေးအ
တွက်ပူဆွေးရသည်။ သူ့အနားကို တဖြည်းဖြည်းချင်း လှမ်းတွားရင်း အရောက်သွား
တော့ မမြင်မစမ်းနဲ့ ပါးပြင်ပေါ်ကို လက်ရောက်လာသည့် ညီထွေးအဖြစ်က ပိုပြီးရင်
နာစရာအဖြစ်သာ...။အနားရောက်ရောက်ချင်း ညီထွေးကို ကိုရဲ ပွေ့ဖက်ထားပြီး ရင်ခွင်
ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ဖက်ထားသည်။ တုန်တုန်ယင်ယင်ပြောနေတဲ့ သူ့စ
ကားကိုနားထောင်ဖို့ အင်အားကို အတတ်နိုင်ဆုံးသူမွေးပြီး အံကြိတ်ငိုနေခဲ့ရတာဘယ်
လောက်တောင်ပင်ပန်းလိုက်မလဲ...။ မျက်မှာကို သေချာကြည့်လိုက်တော့ မျက်လုံး
နှလုံးထဲက ထွက်ကျလာနေတဲ့ သွေးစက်ကလေးတို့ကို ကိုရဲ ကြည့်ခြင်းအားဖြင့် ကိုရဲ
ကိုအသေသတ်နေသလိုကိုရဲ ခံစားရသည်။ တုန်ယင် ခြောက်ခြားဖွယ်အသံလေးနဲ့
ထွက်ကျလာနေတဲ့ သူ့စကားကို နားထောင်ပြီး ကိုရဲ အဆုံးထိတိုင်အောင် ခံစားနေရ
တာအဆန်းမှမဟုတ်ပေ။"ညီထွေး... အားတင်းထားပါကွာ...အားတင်းထားပါနော်...မင်း ဘာမှ မဖြစ်စေရဘူး
နော်...ငါမင်းကို ကယ်မယ်...ငါရှိတယ်ကွာ မင်းဘာမှမဖြစ်စေရဘူး ညီထွေးရာ"သူ့မျက်နှာကိုမကြည့်ရက်တော့တာမို့ ကိုရဲ မျက်လုံးကို စုံမှိတ်
ထားပြီး သူ့ကိုပွေ့ဖက်ထားသည်။ သူလည်း စကားတွေ တဖွဖွပြောရင်း ကိုရဲကျော
ပြင်ကို အရှေ့ကနေရင်း သိုင်းဖက်ထားလေ၏။ သွေးချောင်းစီးတဲ့အဖြစ်မို့ ကိုရဲဖက်
တွယ်ထားရာကနေပြီး သူ့မျက်နှာကို စေ့စေ့ပြန်ကြည့်သည်။ ပြီးမှသူ့ခန္ဒာမှာဆင်မြန်း
ထားတဲ့ အဖြူရောက်လည်ကတုံးအကျီင်္ကိုအမြန်ချွတ်လိုက်၏။ ပြီးမှ ကိုရဲ ညီထွေး
ကို သူ့ပေါင်ရင်းမှာ ခေါင်းချလဲစေကာ ညီထွေးမျက်နှာကို အကျီင်္လေးနဲ့ခပ်ဖွဖွစည်း
သည်။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...