Episode ( 36 ) Unicode

436 32 0
                                    

မာယာကင်းမဲ့ဇုန်
........................... အပိုင်း ( ၃၆ )

                                ''အကို အရက်တွေသောက်ထားတာလား´´

''အကို ရာ....´´

                   စိတ်က မနှစ်မြို့သဖွယ်လေး သူ့ကိုငေးကြည့်မိတော့ ကိုရဲကခေါင်း
ကိုအောက်သို့ငုံ့စိုက်ချထားသည်။ ဒီတော့ သီရိက သူ့ကိုစေ့စေ့ကြည့်ပြီး မေး၏။

''ဆိုစမ်းပါဦး၊ လာရင်းကိစ္စကဘာလဲ အကို´´

''ကျွန်တော် မေးချင်တာလေး ရှိလို့ပါ ဒေါက်တာ´´

                 သီရိ က ဆက်ပြီး သူ့ကို ဆိုပြန်၏။

''အင် ခဏနေရင်တော့ ဂျူတီ ဝင်ရတော့မယ် အကို ဘာမေးမှာလဲဟင်´´

''မကြာပါဘူး ´´

                 ကိုရဲ ပုံကိုကြည့်ရတာ နည်းနည်းလောက်မူးနေတယ်လို့ထင်ရပေမယ့်
သူ့အသိစိတ်တွေ လွတ်ကင်းနေခဲ့တာမဟုတ်မှန်းသိသည်။ ခေါင်းကို ငုံ့ထားရင်းကနေ
ပြီး ရုတ်တရက်ခေါင်းမော့ကြည့်လာတဲ့သူ့ကို စေ့စေ့ငေးကြည့်ဖြစ်၏။

''ညီထွေးက မျက်ကြည်လွှာ အလျှူရှင် ပေါ်လာရင် တကယ်ပဲ သူ့မျက်လုံးတွေ ပြန်မြင်ရမှာလားဒေါက်တာ´´

''အင် ဟုတ်တယ် အကို ၊ မျက်ကြည်လွှာ အလျူရှင်ပေါ်လာရင်တော့ သူ့မျက်လုံး
တွေ ပြန်မြင်ရမှာပါ´´

''သူ့အတွက် မျက်ကြည်လွှာ အလျှူရှင် ပေါ်လာ ရင်အရင်ဆုံး ဘာတွေ လိုအပ်လဲ
ဒေါက်တာ´´

''သိပ်ပြီးတော့ ထွေထွေ ထူးထူး မလိုအပ်ပါဘူး၊ အလျှူရှင်က ခွင့်ပြုချက် ပေးရင်
ရပါပြီ။ ဒါပေမယ့် အလျူရှင်က ခွင့်ပြုချက် မပေးခဲ့ရပဲ သေဆုံးသွားမယ်ဆိုရင်
တောင် သူနဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေကနေ တစ်ဆင့်ခံပြီး အလျူခံတောင်းကာလုပ်
လို့လည်း ရတယ် အကို´´
''သြော် ... ဒါဆို တစ်ခြား လူနာ နဲ့ ပတ်သက်ပြီး ဟို ဘယ်လိုပြောရမလဲ ... လူနာနဲ့
ပတ်သက်ပြီး အလျူရှင် ရဲ့ ဆေးမှတ်တန်းတို့ အလျူရှင် နဲ့ လူနာ နဲ့ သွေးကိုက်ညီ
မှု ရှိတာ မရှိတာတို့ ကျတော့ကော ဒေါက်တာ မလိုအပ်ဘူးလား´´

မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )Where stories live. Discover now