မာယာကင်းမဲ့ဇုန်
............................ အပိုင်း - ( ၄၂ )ဆယ့်ငါးရက်ခန့်ကြာပြီးနောက်~~~~~~~~~။
''ဒီနေ့ ကိုလေးလာမယ် ဟုတ်လား ဦးလေး´´
''အေး လာမယ်၊ မမလေး ဘာမှာထားလဲ သမီး´´
''ဟို အန်တီခိုင်းထားတာရှိတယ် ဦးလေး´´
''ခိုင်းတာမလုပ်ပဲ လာတွေလာပြီးစကားကြောရှည်နေတာလဲ´´
''သွားမှာပါ ဦးလေးရ ... သမီးက ကိုလေး တကယ် ဆေးရုံက ဆင်းမဆင်းကိုသိချင်
လို့လာမေးတာပါ´´
''သိရင်ကော နိက ဘာလုပ်မို့လဲ´´
''ဟာ ကိုလေးအိမ်ပြန်လာတော့ ကောင်းတာပေါ့ဦးလေး၊ ဒါမှဒီအိမ်ကြီးက ပျော်စရာ
တွေ ပြန်ရှိလာမှာ။ အိမ်မှာက ကိုကိုလေးလည်းရှိတော့တာမဟုတ်ပဲ´´ဟင့်.....။
ပြောပြီးမှ သူ့ပါးစပ်ကိုသူပြန်ပြီးသူ့လက်တစ်စုံနှင့် ဖုံးအုပ်လိုက်
သည်။ ကြည့်ရတာတော့ သူမစကားပြောတာ နည်းနည်းလွန်သွားမှန်းသိသွားပုံနှင့်...''ဟင်းဟင်း....´´
ဦးဖိုးအောင်က မျက်စွေပစ်ရင်းကြည့်လာတော့ ကောင်မလေး
ကမအူမလည်ပုံစံလေးနှင့် လုပ်ပစ်ခဲ့ပြီး။''သမီးက ဖြစ်ချင်ဇောနဲ့ ပြောလိုက်တာပါ ဦးလေးရယ်...သမီးတကယ်မရည်ရွယ်ဘူး´´
''ကြပ်ကြပ်လုပ် ... သမီးကို ဒီအိမ်မှာ ကိုကိုလေး မရှိတော့တဲ့အကြောင်းကို မမလေး
က မပြောရဘူးလို့ မှာထားတာမဟုတ်လား´´
''ဟုတ်တယ်´´
''သမီးကိုကိုလေး ရှေ့ကခုဏက စကားကို ယောင်လို့တောင်မထွက်မိစေနဲ့ကြားလား´´
''ဟုတ်ကဲ့ပါဦးလေး သမီး မပြောတော့ပါဘူး´´
''ကဲ ဒါဆိုရင် လုပ်စရာရှိတာ သွားလုပ်တော့´´'ဟုတ်´ဆိုသည့် အသံကနောက်မှာ ကျန်ရစ်ခဲ့သည်။ လူက
လူငယ်ပီပီ ဖြတ်ဖြတ်လတ်လတ်ဆိုတော့ သွားတာလာတာ ခြေမြန်လက်မြန်နှင့်ပင်။
မိနှင်းသွားတော့မှ ဦးဖိုးအောင်လည်း လုပ်လက်စ အလုပ်ကို ဆက်လုပ်ဖို့ရတော့
သည်။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...