မာယာကင်းမဲ့ဇုန်
........................ အပိုင်း - ၄၄ကိုရဲရယ်.....။
ပါးပြင်ပေါ်က မျက်ရည်တစ်ချို့ တလိမ့်ချင်းစီးဆင်းသွားသည်။
''ငါ့ရဲ့အိမ်ပြန်ချိန်ကိုတောင် မင်းအနားမှာ ရှိမနေခဲ့ဘူးကွာ ...။ မင်းလုပ်
ရက်တယ် ကိုရဲ...၊ မင်း .. မင်းငါ့ကို မေ့များသွားတာလားဟင် ´ကိုရဲ ။ မင်းသိပ်ရက်
စက်တယ် ကိုရဲရယ်....´´လွမ်းဆွေးခြင်းနဲ့ ချစ်ခြင်းတို့ ပေါင်းစပ်လာလေတော့ ပါးပြင်
ပေါ်မှာ မျက်ရည်တို့သည် ချောက်ကမ်းပါးပြိုကျသည့်နှယ် ဒလဟော စီးဆင်းရင်းနှင့်
ကိုရဲ ရဲ့တစ်ဖက်သတ်ဆန်မှုကို ညီထွေး ဝေဖန်သုံးသပ်နေခဲ့တာဖြစ်သည်။ဒီတော့ ပါး
ပြင်ပေါ်က မျက်ရည် အပိုင်းအစတစ်ချို့နှင့် အညီ ညီထွေး ကိုရဲ ပေးခဲ့သည့် အမှတ်တ
ရတစ်ချို့ကို ရင်ဝယ်ပိုက်ရင်း တစ်ချိန်က အမှတ်တရ တွေကို တွေးဖြစ်သည်။ ဒီတော့
ငိုနေရင်းနှင့် ပျော်ရွှင်မိခဲ့သလို သူ့အလိုလို အတွေးတို့က ဟိုရောက်သည်ရောက်နှင့်ဝမ်းနည်းလိုက် ပျော်ရွှင်လိုက် ငိုလိုက် ဆိုသလို သူတစ်ယောက်တည်း အရူးတစ်ယောက်လို ဖြစ်ပျက်နေခဲ့တာ အခန်းတစ်ခုလုံးက လှောင်ရယ်ပြုခြင်းကို သူခါးခါးသီး
သီးခံစားနေရသလိုပါ။''ညီထွေး ဒီဟာလေးကို သိမ်းထားနော်´´
နှုတ်ကပြောရင်း သူဖမ်းဆုတ်ထားတဲ့လက်ကို ကိုရဲ ဘောင်းဘီ
အိတ်ကတ်ထဲကနေ ဖုန်းထုတ်ရင်း ပေးသည်။''ဘာလဲ ကိုရဲ´´
''ဖုန်းပါ´´
ညီထွေး သူပေးသည့် ဖုန်းကို သေသေချာချာလေးဆုတ်ကိုင်ထား၏။
''ဘာအတွက်ပေးတာလဲ ကိုရဲ´´
''မင်းအတွက်ငါ ရဲ့ ခွန်အားဖြစ်စေမယ့် စကားတွေကို ဒီဖုန်းထဲမှာ ငါသိမ်းထားပေးခဲ့
တယ်ညီထွေး။ မင်းတစ်နေ့ မင်းမျက်လုံးတွေ ပြန်မြင်လာတဲ့တစ်နေ့ ဒီဖုန်း ထဲကဗွီဒီ
ယို လေးကို မင်းကိုယ်တိုင်ဖွင့်ကြည့်ပါ။ ငါ့ရဲ့ စကားလုံးတွေတိုင်းက မင်းကို ဘဝအ
သစ်တစ်ခုကို စတင်ဖို့ ခွန်အားလေးဖြစ်စေမှာပါ´´
STAI LEGGENDO
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
SaggisticaUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...