မာယာကင်းမဲ့ဇုန်
........................... အပိုင်း - ( ၄၃ )သီရိပြောပြနေတာကြည့်ပြီး ကိုရဲမှာ နားမလည်နိုင်အောင်ဖြစ်နေ
ခဲ့သည်။ ကိုယ့်ကိုကိုယ်လည်း အံ့သြသင့်စွာနှင့် ဖြစ်နေရင်း လုံးဝကိုနားမလည်နိုင်တော့ပါ။''ဆက်ပြီး ဘာတွေဖြစ်သွားတာလဲ ဒေါက်တာ ၊ ကျွန်တော့်ကိုပြောပြပါ´´
''ဟုတ်ကဲ့´´
''ကျွန်မတို့ အရေးပေါ်ဆေးရုံကားက အကိုအက်စီးဒင့်ဖြစ်တဲ့နေရာကိုသွားလိုက်ကြ
ပြီး အကို့ကားထဲမှာ ရှိနေတဲ့လူကို အကိုလို့ထင်ပြီး လူနာတင်ကားကိုတင်လာခဲ့ကြတယ်´´ဒီတော့ အရေးပေါ်ကားမရောက်ခင်အချိန်မှာပဲ ကားတစ်စီးက
အရင်ရောက်လာပြီး အရေးပေါ်ဌာနကို လှမ်းအကြောင်းကြားလာခဲ့သည်။ သီရိလည်း
ညီထွေးကို မေ့ဆေးပေးဖို့ ပြင်ဆင်နေချိန်မှာပဲ သတင်းရလာတော့ ချက်ချင်းပဲ အရေး
ပေါ်ဌာနက လူနာကို တစ်ချက်သွားကြည့်တော့ အဲ့ဒီလူနာက ကိုရဲ ဖြစ်နေခဲ့သည်။ကိုရဲ
ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ မျက်နှာမှာ အနည်းငယ်မျှ ဖုရောင်နေသည်။
ပြီးတော့ ခေါင်းပိုင်းကို ထိထားတာမို့ နဖူးကနေ ကွဲနေသည့် နေရာက သွေးတွေဒလ
ဟောထွက်နေသည်။ သီရိမြင်မြင်ချင်းမှာပဲ လူနာအနားမှာ ပါလာတဲ့ လူနာစောင့်ကို
တစ်ချက်သွားတွေ့ဖို့လုပ်လိုက်တော့....''ဒေါက်တာ´´
သီရိအရေးပေါ်အခန်းထဲကနေထွက်လာတော့ အခန်းရှေ့မှာရပ်
နေသူက လှမ်းခေါ်သည်။''ရှင်က လူနာချင်လား´´
''ဟုတ်တယ်ဒေါက်တာ၊ ကျွန်တော်က ဆရာ့ကိုလိုက်ပို့ပေးတဲ့ သူပါ´´
''ဘယ်လိုဖြစ်တာပါလဲ ... အရေးပေါ်ဘက်က ဖုန်းဆက်လာတော့လဲ လူနာကိုခေါ်
လာပြီပြောတယ်၊ အခုကျပြန်တော့လည်း ကိုရဲက ဒီကိုရောက်နေပြီပဲ...´´
STAI LEGGENDO
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
SaggisticaUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...