မာယာကင်းမဲ့ဇုန်
........................ အပိုင်း ( ၂၄ )ငါ့ကိုငါ ခွင့်မလွှတ်နိုင်ဘူး ညီထွေးရယ်။ ငါ့အတ္တတွေ
ကအခုအချိန်အထိ မငြိမ်းသေးဘူး။ အတ္တနဲ့ အရာအားလုံးကို ငါအပိုင်လိုချင်မိတဲ့
စိတ်တွေ ငါ့မှာ အခုထိရှိနေသေးတယ်ကွာ။ ဟင့်အင်း ညီထွေး ငါမင်းကိုစိတ်မဆင်းရဲ
စေချင်ဘူးကွာ။ မင်းစိတ်ချမ်းသာပြီး ပြုံးပျော်နေတာကိုပဲ ငါမြင်ချင်တယ်။ ပြီးတော့
မင်းပျော်နေတာကိုပဲ ငါတွေ့ချင်တယ်။ အချစ်တဲ့လား။ အများနဲ့မတူတဲ့အချစ်တဲ့
လား။ ငါလေ... ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်တော့ဘူးညီထွေးရယ်။ လောက
မှာဒီလိုချစ်ခြင်းမျိုးတွေတကယ်ရှိတာပဲလားဆိုတာကို ငါနားမလည်တော့ဘူး။ မင်းနဲ့
ပတ်သက်မှုမျိုးက သာမန်လေးပဲ ငါဖြစ်ချင်တယ်ကွာ။ ဒါပေမယ့် ဘာကြောင့်နေ့ရက်
တစ်ရက်ဖြတ်ကျော်မိတိုင်းမင်းအကြောင်းမပါပဲ ဘာလို့ မပြီးနိုင်ရတာလဲကွာ...မင်း
အနေရခက်အောင်ပဲငါလုပ်နေမိတော့ ငါ့ကိုယ်ငါတောင် ခွင့်မလွှတ်ချင်တော့ဘူးသိ
လား...။ ပေးဆပ်ချင်မိတယ် ညီထွေးရယ်...။တစ်ချိန်က ငါမင်းအပေါ်မှာ ရယူခဲ့သ
လောက် အခုအချိန်မှာ ငါ မင်းအပေါ်မတရားမှုတွေ မှန်သမျှ ငါပေးဆပ်ချင်မိတယ်
ကွာ...။ချစ်တဲ့စိတ်က အတ္တတစ်ခုဖြစ်နေမည်တဲ့လား။
ချစ်တဲ့စိတ်က အဆိပ်အတောင်တစ်ခုဖြစ်နေမည်တဲ့လား။
ချစ်တဲ့စိတ်က မိုးခါးရေ ဖြစ်နေရင်တောင်မှ ခါးခါးသီးသီးနဲ့ပဲငါ
သောက်သုံးပါရစေ ညီထွေးရယ်....။ပိုးပိုးပေါက်ပေါက်ကျသွားတဲ့ မျက်ရည်တို့ကို သူဖယ်သုတ်လိုက်
မိသည်။ ပြီးတော့ မို့အစ်နေတဲ့ မျက်လုံးတွေကြားထဲကနေ မျက်ရည်အပိုင်းအစတစ်
ချို့ကို သူကုန်စင်အောင်သုတ်နေရင်း အရှေ့မှာ တင်ထားတဲ့ ခွက်ကလေးကို ယူကာ
တစ်ငုံတည်းမော့သောက်လိုက်၏။ဒုန်း....!!!
မူးမှိုင်းနေတဲ့ အရှိန်ကြောင့် ဖန်ခွက်ကို အသံမြည်အောင်ချလိုက်
ရသည့်အထိ သူမူးနေပြီဖြစ်သည်။ ပြီးတော့ မနက်က ဖြစ်ခဲ့တဲ့ ကိစ္စတို့ကိုပြန်စဉ်း
စားတိုင်းပြန်နာကျင်ရင်း အရက်နဲ့အတူ သူ့စိတ်ကို စီးမျှောလိုက်ပါနေခဲ့တာပါ။ တစ်
လုံးမှာ တစ်ပိုင်းလောက်ကို သာသာလေး ဖျော်ထည့်နေတော့ ဘယ်လောက်သန်မာတဲ့
လူဖြစ်ပါစေ မူးစေတတ်တဲ့အရာဆိုတော့ ဇာတိရုပ်က ပေါ်လာပြီး သူ သတိလက်
လွတ်မူးနေတာပင်။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...