မာယာကင်းမဲ့ဇုန်
....................... အပိုင်း - ( ၄၅ ) -( ဇာတ်သိမ်းပိုင်း )''အခြေအနေဘယ်လိုလဲ ကိုကို´´
ဧည့်ခန်းထဲကိုရောက်ရောက်ချင်းမှာပဲ ဧည့်ခန်းမှာရှိနေတဲ့ ကိုကို့ကို
လှမ်းမေးလိုက်တာပင်။ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း မှိုင်ငေးစွာထိုင်နေသူက ကျော်သူရတစ်ယောက်သာဖြစ်သည်။ ဒီတော့ သီရိလည်း အားကိုးတကြီးနှင့် မြင်မြင်
ချင်းဒုန်းစိုင်းမေးဖြစ်ခဲ့တာပါ။သူရ သီရိကို စေ့စေ့ကြည့်လာသည်။ ပြီးတော့ ထိုင်နေရင်းနှင့်ပင်ဖြေ၏။
''သတိလစ်နေဆဲပဲ ညီမလေး ၊ အခုတော့ ဒေါက်တာ နန္ဒကျော် ရောက်နေပြီ´´
ဟူး.....တော်ပါသေးရဲ့ !!!
စိတ်ထဲကနေလောနေတဲ့ စိတ်အနေအထားတစ်ရပ်ကို ဖြေလိုက်သ
လိုနှင့် သီရိ ကိုယ့်ရင်ဘတ်ကို ကိုယ်လက်နှင့် ခပ်ဖြည်းဖြည်းလေး ဖိထားကာ သက်
ပြင်းတစ်ချက်ချလိုက်မိသည်။ ပြီးမှ....''အန်တီကော အပေါ်မှာပဲလား...´´
''ဟုတ်တယ်´´
သီရိစိတ်မရှည်ချင်တော့ပါ။ ရောက်ကတည်းက မေးနေတဲ့မေး
ခွန်းစကားလုံးတိုင်းကို ကိုကိုက တစ်ခွန်းတည်းသောအဖြေနဲ့ ခပ်ပြတ်ပြတ်ပင်ဖြေနေခဲ့
သည်။ ကိုကို့ မျက်နှာကို ကြည့်ပြန်တော့လဲ အားမာန်အပြည့်ဖြစ်မနေခဲ့။ ပြီးတော့ တစ်ခုခုကို စိတ်ပူနေသလို ၊ တစ်ခုခုကို လွမ်းဆွေးနေသလိုနှင့်...ဒီတော့ သီရိလည်း ကိုကို့ မျက်နှာကို အသေအချာလေးကြည့်
ဖြစ်သည်။ ပြီးတော့ ကိုကို့အနားမှာပင်ဝင်ထိုင်လိုက်လေ၏...။''ကိုကို ဘာဖြစ်နေတာလဲဟင်....´´
သီရိမေးလိုက်တဲ့စကားကြောင့် သူရ မျက်ဝန်းသည် နဂိုကတည်းကစူး
စိုက်မှုကိုပြင်းပြင်းပြပြရှိမနေခဲ့တဲ့ မျက်ဝန်းတို့သည် အခုသီရိစကားကြောင့် ပို၍ပင်မူး
မှိုင်သွားသလိုနှင့် ဖြစ်သွားလေ၏။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...