Episode ( 7 ) Unicode

1.1K 132 1
                                    

မာယာကင်းမဲ့  ဇုန်
..........................  အပိုင်း - ၇

"မိန်းမ သားတွေကော "

                                ဦးကျော်မောင်က အလုပ်သွားရန်ပြင်ဆင်ပြီး သေသေချာချာ
ပြင်ဆင်ပြီးမှ မနက်စာဝိုင်းကို ဝင်ဝင်ချင်း သားနှစ်ယောက်ကို မတွေ့တာနဲ့တန်းမေး
သည်။

"သားထွေးက ဒီနေ့ အတန်းရှိတယ်ဆိုပြီး သွားတယ် ၊ သားကိုရဲကတော့ အိပ်ခန်းထဲ
မှာပဲရှိလိမ့်မယ်"
"အင်း...  သားထွေးအတွက် ရင်အေးရသလောက်၊ သားကြီးအတွက်စိတ်မောရတယ်
မိန်းမရယ်..."

                                မျက်နှာကိုခပ်မှိုင်မှိုင်လုပ်ရင်း ဦးကျော်မောင် အိမ်ဖော်မလေး
မနှင်းငှဲ့ပေးသည့် ကော်ဖီခွက်လေး ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ပြီးမှ
အရှေ့က ဘီစကစ်မုန့်လေး တစ်တုံးယူစားလိုက်သည်။

"သားထွေးက ဒီနှစ်ဆိုရင် နောက်ဆုံးနှစ်တောင်ရောက်နေပြီ...ဟိုအကြီးကောင်က
တော့ အခုမှ ပထမနှစ်တဲ့  လူကြားလို့မှမကောင်းကွာ..."

                               စိတ်ပျက်လက်ပျက်နှင့် စားနေတဲ့ ဘီစကစ်မုန့်ကို ပန်းကန်ပြား
ထဲလှမ်းပစ်ချလိုက်သည်။ ပြီးတော့ အနားမှာ ရှိတဲ့ တစ်ရှူးလေးကိုလှမ်းယူပြီး...

"မင်းသားအကြီးကောင်ကိုလည်း နည်းနည်းကြည့်ပြောပေးဦးမိန်းမ ၊ တစ်ချိန်လုံးအ
လိုလိုက်နေလို့မရဘူး၊ ပြီးတော့ ကိုယ်လည်းအသက်အရွယ်ရနေပြီလေ... ကုမ္ပဏီ
ကိစ္စကို သားကြီးကိုပဲ ဦးစီးစေချင်မိတယ် မိန်းမရယ်"
"ကျွန်မလည်းပြောနေတာပဲ ကိုကျော်မောင်ရယ်...သားလည်းတစ်နေ့တော့နားလည်
မှာပါ"
"သူနားလည်မယ့်အချိန်က ငါသေမှဖြစ်ချင်ဖြစ်မယ်ကွာ..."

                               ဦးကျော်မောင်က စိတ်တိုသလို စကားကို ဘုဆတ်ဆတ်ကြီး
ပြောလိုက်ပြီး

"မင်းသား အငယ်ကောင်က ဒီအလုပ်တွေကိုစိတ်ဝင်စားတာမဟုတ်ဘူး၊ မင်းသားအ
ကြီးကောင်က စိတ်ဝင်စားရက်နဲ့ ဘဝကို ပစ်စလက်ခတ်လုပ်နေတာ"

မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )Where stories live. Discover now