မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၃"မိန်းမ ကလေးအဖျားက လုံးဝမကျဘူး၊ ဆရာပေးတဲ့ ဆေးကော သေချာတိုက်ရဲ့
လား"ကလေးကကြောက်လန့်တကြားနဲ့လှမ်းအော်လိုက်တာမို့
ဒေါ်ရင်မွှေးက ပွေ့ဖက်ထားလိုက်သည်။ အဖျားက အရမ်းကြီးတော့ ကရောင်ကတန်း
လှမ်းအော်နေတာပင်။ ဒေါ်ရင်မွှေးက ကလေးနဖူးပေါ်က ခပ်စိုစိုဖြစ်နေတဲ့ ချွေးလေး
တွေကို ခပ်ဖွဖွလေးသုတ်ပေးရင်း..."ကိုကျော်မောင်..."
အနားမှာထိုင်နေတဲ့ ဦးကျော်မောင်ကို တစ်ချက်လှမ်းခေါ်ပြီး
သူမဘေးနားကနေအိပ်ပေါ်နေတဲ့ သားလေးရဲကျော်စွာကိုပါ ငေးကြည့်သည်။"ပြောလေမိန်းမ... "
"ကျွန်မလေ ဒီကလေးကိုကြည့်ပြီး အရမ်းသနားတာပဲရှင်... ဖြစ်နိုင်ရင်လေ ကျွန်မ
တို့ဒီကလေးကို အမွေစားအမွေခံပေးပြီး မွေးစားချင်လိုက်တာ... ကလေးကနုနုနယ်
နယ်နဲ့ ဖြူစင်လွန်းပါတယ်"
"မိန်းမရယ် အခုခေတ်မှာလူတစ်ယောက်မွေးစားဖို့ဆိုတာက မလွယ်ဘူးလေ။ မင်းက
မွေးစားချင်ပေမယ့် တကယ်လို့သူ့မှာ မိဘတွေ သူ့ရဲ့ ဆွေမျိုးတွေရှိနေခဲ့မယ်ဆိုရင်
ပြဿနာတွေတက်နေမှာ...ပြီးတော့ ကိုယ်လည်း သားသမီးချင်းကိုယ်ချင်းစာပါတယ်၊
ဒီနေရာမှာ ကိုယ်တို့သားလေးသာဖြစ်နေခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်နဲ့ ဒီကလေးကိုတွေ့
တွေ့ချင်းစိတ်မကောင်းဖြစ်နေခဲ့ရတာပါ"
"ဒါပေမယ့်ရှင်"
"မင်းတကယ်လို့ မွေးစားချင်တယ်ဆိုရင် သူ့နောက်ကြောင်းကို အသေအချာရှင်း
အောင်စုံစမ်းပြီးမှ ငါတို့ဆက်လုပ်ကြတာပေါ့။ လောလောဆယ်တော့ ဒီကလေးနေ
ပြန်ကောင်းဖို့ကအရေးကြီးတယ်"ပြောရင်း ဦးကျော်မောင်က ကလေးရဲ့ နဖူးပြင်လေးကိုသူ့
လက်နှင့် ခပ်ဖွဖွလေးစမ်းလိုက်သည်။ ပြီးမှ"ကလေးက အိပ်ပျော်သွားပါပြီ...မင်းလည်းအိပ်တော့နော်၊ မနက်ကျမှကိုယ်တို့အား
လုံးနဲ့တိုင်ပင်ပြီးလုပ်ကြတာပေါ့..."
"အင်းပါ... ဒါဆို ရှင်လည်းအိပ်တော့..."
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...