Episode ( 13 ) Unicode

1K 117 0
                                    

မာယာကင်းမဲ့ ဇုန်
........................   အပိုင်း - ၁၃

"ဆရာ ဒါက ဆရာမှာခိုင်းထားတဲ့ သစ်ခွပါ။ မျိုးစပ်ဖို့အတွက်တော့ ဆေးတွေလည်း
ဒီမနက်ကပဲ ထိုင်းက အမြန်လေယာဉ်နဲ့ ဆေးတွေရောက်လာပါတယ်...ကျွန်တော်
သွားယူပြီးပါပြီ"

                                 ခြံထဲကို ကားကိုမောင်းလာပြီး ကားပေါ်က ဆင်းဆင်းချင်းညီ
ထွေးခန့်အပ်ထားတဲ့ မန်နေဂျာ ဖြိုးမောင်က သူ့တာဝန်တွေ အကုန်လုံးကို လိုက်လံ
ရှင်းပြသည်။ ညီထွေးလည်း သူပြောသမျှကို စိတ်ပါလက်ပါနှင့် သွားနေတဲ့ လမ်းတစ်
လျှောက်လုံးကြည့်၏။ လမ်းလျှောက်ရင်း ရှင်းပြနေရာမှ ခြံဝင်းကြီးထဲမှာ ဆောက်
ထားတဲ့ နှစ်ဆင့်ထပ်ပုံစံဆောက်ထားတဲ့ ပျဉ်ထောင်အိမ် ရှေ့ကိုရောက်တော့ ညီထွေး
က အိမ်ရှေ့မှာ တည်ခင်းထားတဲ့ စားပွဲခုံမှာဝင်ထိုင်သည်။ ဖြိုးအောင်လည်း သူ့စာ
ရင်းဇယားတွေကို ပြပြီး ညီထွေး ဘေးနားမှာရပ်နေ၏။ ညီထွေးကတော့ စာရင်းဇ
ယားတွေကိုစစ်ပြီးတာနှင့် ခြံဝင်းဘေးမှာချထားသည့် သစ်ခွပန်းအိုးတွေနှင့် နောက်
ထပ်မျိုးစပ်ဆေးတို့ကို စီစစ်သည်။ ပြီးမှ မန်နေဂျာဖြိုးအောင် ဘက်ကို လှည့်ကြည့်
ပြီး...

"မှာထားတဲ့အတိုင်း အားလုံးစုံတယ် ဖြိုးအောင်။ အကိုတို့မျိုးစပ်ဖို့ပဲကျန်တော့တာ
ပေါ့..."
"ဟုတ်ကဲ့ဆရာ"
"အင်း...  ခြံထဲမှာ လုပ်သားတွေ စုံပြီလား"
"ဟုတ်ကဲ့ဆရာ လုပ်သားတွေ အားလုံးစုံပါပြီ"
"အင်း...  ဒါဆို မင်းလည်း လုပ်စရာရှိတာ သွားလုပ်တော့...  ကိုယ် အော်ဒါမှာထားတဲ့
ပန်းတွေကို သပ်သပ်ဖယ်ဖို့ လိုက်ခဲ့မယ်လေ"

                                ညီထွေးက အော်ဒါဝင်နေတဲ့ ပန်းတွေကို စီစစ်ဖို့ အရှေ့က
သွားတော့ ဖြိုးအောင်လည်း အနောက်က လိုက်ပါလာခဲ့သည်။

                                စံပါယ်ပန်း။ သဇင်ပန်း။ နှစ်ဆီပန်း။ မယ်ညိုးပန်း။ သပြေပန်း
။ တစ်ခြားသော အမည်မဖော်လိုသည့် ပန်းတွေက အမျိုးပေါင်းသုံးဆယ်လောက်ရှိ
သေးသည်။ ဒီပန်းခြံကြီးကို အလုပ်သမား သုံးဆယ်လောက်နဲ့ ဖွဲ့စည်းထားတာဆို
တော့ ပန်းခြံဧရိယာက အတော်လေးကျယ်ပြန့်သည်။ တစ်ခါတစ်လေ ညီထွေးကည
အိပ်ညနေ ဒီပန်းခြံကြီးမှာ အော်ဒါများတာကြောင့် အိပ်ဖြစ်ရင်ပန်းပေါင်းစုံ ရနံပေါင်း
စုံတို့ကြောင့် စိတ်ချမ်းသာတာမှ လွန်လို့။ အခုလိုပွင့်လင်းရာသီတွေဆိုရင် ဖောက်
သည်တွေက များတာမို့ ညီထွေးက အိမ်မပြန်ဖြစ်ပဲ ဒီပန်းခြံကြီးမှာ နေဖြစ်တာပိုများ
သည်။ မိုးတွင်းကာလဆိုရင်လည်း ရာသီအလိုက်ပန်းများကို စိုက်ပျိုးထားတာမို့
တော်ရုံနဲ့အိမ်မပြန်ဖြစ်ခဲ့ပါ။

မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )Where stories live. Discover now