မာယာကင်းမဲ့ဇုန်
........................... အပိုင်း - ( ၄၁ )''အကို သက်သာရဲ့လား ... နေရထိုင်ရတာ သက်သောင့်သက်သာဖြစ်ရဲ့လားဟင်´´
ကုတင်လေးမှာ ခွေခွေလေး လေးလျှောင်းနေတာ
ကညီထွေးပါ။ အသံကြားကြားချင်း ညီထွေးက လဲလျှောင်းနေတာကနေပြီး မတ်
တတ်လေးရပ်ဖို့ကြိုးစားလိုက်တော့...။''မထပါနဲ့ အကို ၊ လဲနေပါ ...´´
ညီထွေးထရပ်ဖို့ကြိုးစားတာမြင်တော့ သီရိက ဟန့်
တားလိုက်ပြီး သူမလည်း ကုတင်ဘေးနားက ခုံလေးမှာဝင်ထိုင်သည်။''အဆင်ပြေပါတယ် ညီမလေး ...´´
''အချိန်နည်းနည်းလောက်ပေးပြီးရင် အကို့မျက်လုံးပြန်မြင်ရတော့မှာပါနော်´´
''ညီမလေး...´´
''ပြောလေအကို´´သူမက စေ့စေ့လေးကြည့်သည်။
''အကို့ ဆီကို တစ်ယောက်လည်း မရောက်လာကြသေးဘူး၊ ဘာတွေဖြစ်နေကြတာ
လဲဟင်´´ညီထွေးက မိသားစု ၊ အပေါင်းအသင်းသူငယ်ချင်းတွေကိုမေး
နေပုံရသည်။''အကိုရယ် ... အန်တီအခုလေးတင်ပဲ ပြန်သွားတာပါ၊ ပြီးတော့ ကိုကိုလည်း မနေ့က
ညီထွေး အိုပရေးရှင်းဝင်နေချိန် တစ်ချိန်လုံးရှိနေပါတယ်။ အကို့သူငယ်ချင်းတွေ
လည်း အကို့အကြောင်းကို မကြားသေးလို့နေမှာပါ´´
''သြော် ... မေမေ ရောက်လာတယ်တဲ့လား´´ညီထွေးက သိချင်တာလေးသိလိုက်ရတော့ စိတ်ကပေါ့ပါး
သွားရသည့်နှယ်နှင့် ငြိမ်သက်၏။''ကိုရဲ ကောဟင် ... ကိုရဲ ရောက်လာသေးလား ညီမလေး´´
ဟင်.....,,,,
စိတ်ထဲမှာ ချက်ချင်းပဲ အဖြေရခက်သွားသည်။ ဒီတော့သူမ
က ညီထွေးမေးတဲ့စကားကို ဘယ်လိုဘယ်ပုံမျိုးနဲ့ဖြေရကောင်းမှန်းမသိ။ တစ်ဖက်က
ကိုရဲ သေဆုံးမှုနဲ့ အပူမီးတွေလောင်မြိုက်နေတာကို ညီထွေးကို မသိစေပဲ ဒီအတိုင်းစ
ကားကို ဖြေသိမ့်လွှဲပြောင်းပြောပေးနေပြီးခါမှ ညီထွေးက ကိုရဲ အကြောင်းကို ဒဲ့ပဲ
မေးလာသည်။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...