မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၄"ဟေ့ကောင် ထစမ်း"
ညီထွေးနောင် သူ့အဖြစ်ကိုကြည့်ပြီးဘာမှနားမလည်နိုင်ပါ။
ကောင်လေးက ခါးဝတ်သဘတ်အဖြူလေးကိုခါးမှာပတ်ထားပြီး အပေါ်ပိုင်းဗလာနှင့်
ညီထွေးနောင်အိပ်နေတဲ့ အိပ်ကုတင်ဘေးမှာရပ်ပြီး ပြောလိုက်တော့ ညီထွေးနောင်က
ကောင်လေးစကားကြောင့်လဲလျှောင်းနေရာက ထထိုင်လိုက်သည်။"အခုချက်ချင်းအောက်ကိုဆင်းလာခဲ့"
"ဘာလုပ်မလို့လဲ၊ ကျွန်တော် ကျွန်တော်အောက်ကိုဆင်းလာရင် အကိုက ဘာလုပ်မ
လို့လဲ"ညီထွေးက ကြောက်လန့်တကြားနှင့် စကားကိုကတုန်ကယင်
လေးနဲ့မေးလိုက်တော့..."ငါ့ကိုမမေးနဲ့၊ ငါပြောသလိုလုပ်ရင်တော့ မင်းသက်သာမယ်။ တကယ်လို့ ငါပြောသ
လိုသာမင်းမလုပ်လို့ကတော့"
"အကိုကဆင်းဆိုရင်ကျွန်တော်ဆင်းပါ့မယ်။ ဒါပေမယ့် ကျွန်တော့်ကို ဒီအိမ်ကတော့
နှင်မထုတ်ပါနဲ့ဗျာ... ကျွန်တော် ဒီအိမ်မှာနေပါရစေ... ကျွန်တော်လေ ဒီအိမ်မှာဘယ်
လိုမျိုးနဲ့ပဲ နေရနေရ ကျွန်တော်နေနိုင်ပါတယ်"ညီထွေးက ပြောရင်းမျက်ရည်တွေဝဲခိုလာသည်။
"ငါဘာမှတောင်မလုပ်ရသေး မင်းက ဘာလို့ မျက်ရည်တွေကျနေရတာလဲ...ကဲဆင်း
စမ်းပါကွာ...ငါစိတ်မရှည်ချင်တော့ဘူး..."
"အား... အကို ဖြည်းဖြည်းလုပ်ပါ... နာတယ် အား..."ဒီအတိုင်းပြောနေရတာ စိတ်မရှည်ချင်တော့တာမို့ ရဲကျော်စွာ
က အိပ်ကုတင်ပေါ်တက်ပြီး ညီထွေးနောင်ကို ဆွဲချလိုက်သည်။ လက်ကိုအတင်းဆွဲ
ပြီးအောက်ကို စောင်တွေနဲ့ရောပြီး ကျသွားတာမို့ အရမ်းကြီးမနာပေမယ့် သူတက်
လာပြီး လက်ကို အတင်းဆွဲကိုင်လိုက်တာမို့ လက်ကျင်းဝတ်ကနည်းနည်းနာသွားရ
သည်။"အား...ကျွတ်ကျွတ်ကျွတ်"
အောက်ကို ကျကျချင်း လက်က နာသွားတာမို့ ပတ်ဝန်းကျင်ကို
ဂရုမစိုက်နိုင်ပါ။ နာကျင်နေတဲ့ သူ့လက်ကလေးကို ပွတ်သိတ်ရင်းညီထွေးနောင် မျက်
ရည်တွေကျနေခဲ့သည်။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...