မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၈"ဒေါက်ဒေါက်ဒေါက်"
ဟင်....!!!
အခန်းထဲမှာစာကျက်နေရာကနေ ရုတ်တရက် တံခါးခေါက်သံကို
ဆက်တိုက်ခေါက်သံကြားသည်မို့ ညီထွေး ရင်ထဲလန့်သွားရသည်။"ဘုရား ဘုရား... တံခါးကို ဒီလောက်ဆက်တိုက်ခေါက်နေပုံထောက်တော့ ကိုရဲများ
ခေါက်လိုက်တာလား"
ရင်ထဲမလုံမလဲစိတ်ကလေးနှင့် ဖတ်လက်စ စာအုပ်ကို ခေါက်
ထားလိုက်ပြီး အခန်းတံခါးနားကိုသွားပြီးဖွင့်ကြည့်လိုက်တော့..."အခုထိ ဘာမှမလုပ်ပဲနဲ့ ဘာလုပ်နေတာလဲ"
ဟင်.....!!!
ရုတ်တရက်တံခါးဖွင့်ဖွင့်ချင်း မေးလိုက်တဲ့ စကားက လူကိုတုန်
လှုပ်စေတာအမှန်ပါ။ ဘာမှ ပြန်မဖြေသေးပဲ သူ့ကိုသာ တွေတွေကြီးပြူးကြည့်လိုက်
တော့...ပုံစံကြီးက တစ်စက်မှကိုကြည်ညိုချင်စရာမရှိသည့် ရုပ်လေးနဲ့အ
နက်ရောင် ဂျင်းတူဘောင်းဘီကြီးထဲမှာ လက်တစ်ဖက်ကို ထိုးသွင်းထားပြီး ကျန်
လက်တစ်ဖက်က ဆေးလိပ်ကို တရိုှက်မတ်မတ် ရှူရှုက်နေသည်။ ပြီးတော့ထင်းထင်း
သာသာရှိတဲ့ မျက်ခုံးတန်းလေးက ကျုံ့ထားပြီး မျက်မှုန်ကုတ်ကာကြည့်ထားသေး။
တစ်ဖက်ကို ဘာမှဂရုမစိုက်သလိုအကြည့်နှင့်ကြည့်ကာ စကားကိုဘုဆတ်ဆတ်ကြီး
ပြောတတ်တာက သူ့အကျင့်ပါ။ ညီထွေးလည်း သူ့စကားကြောင့် ဘာဖြေလို့ဖြေရ
ကောင်းမှန်းမသိဖြစ်နေတဲ့အချိန်မှာပင်..."ရေမြန်မြန်ချိုး...သွားမယ့်အချိန်အဆင်သင့်မဖြစ်သေးလို့ကတော့ နာမယ်မှတ်.."
သူလှည့်ထွက်ပြီး အောက်ထပ်ကိုဆင်းသွားတော့ညီထွေးမှာ "ဟုတ်"
ဟုသာ ဖြေလိုက်ပြီး အခန်းတံခါးကိုခပ်မြန်မြန်ပင်ပိတ်လိုက်မိသည်။ ပြီးမှ...
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...