မာယာကင်းမဲ့ ဇုန်
........................ အပိုင်း ( ၉ )"ကဲ ဆင်းတော့..."
ကားပါကင်ထိုးထိုးချင်း ကားပေါ်ကဆင်းခိုင်းလိုက်သည်။ ညီထွေးက
သူ့အတွေးတွေကို ဖျောက်ဖျက်လိုက်ပြီး တွေးနေသမျှ အတွေးတွေကို အဝေးသို့လွှင့်
ပစ်ရင်း ကားတံခါးကိုဖွင့်ကာ ကားပေါ်က ဆင်းလိုက်သည်။ကားပေါ်က ဆင်းပြီးကား
နံဘေးနားလေးမှာ ရပ်နေတော့ သကောင့်သားက ကားမှန်ပြတင်းကိုချလိုက်ကာ..."ဘာရပ်လုပ်နေတာလဲ... ငါ့ကို ကားတံခါးလာဖွင့်ပေးလေ"
ကိုရဲရယ်.... "
ဝေဝါးနေတဲ့အကြည့်နဲ့သူ့ကို ခဏငေးနေမိသည်။ အတွေးထဲမှာ
ဆောက်တည်ရာမရတဲ့ ဝမ်းနည်းခြင်းများစွာနဲ့အတူပင်..."ဟေ့ကောင် ဘာရပ်လုပ်နေတာလဲ... တစ်ချက်မှကို သွက်သွက်လက်လက်မရှိဘူး။
ကြည့်လိုက်တိုင်းမှိုင်တိုင်တိုင်နဲ့... "ရစ်ဝဲနေတဲ့ သူ့မျက်ရည်ကို မျက်တောင်ဖျားလေးနှင့်ပစ်ခတ်ထုတ်
လိုက်မိသည်။ပြီးတော့ ရှက်ပြုံးပြုံးသလိုနှင့် ပါးချိုင့်သားထင်းထင်းလေးဖြစ်အောင်
သူပြုံးထားလိုက်ပြီး ကိုရဲရှိရာ အရှေ့တံခါးကို လှမ်းဖွင့်ပေးလိုက်သည်။ ကိုရဲကတော့
သူ့ကို ခပ်စွေစွေလေး ကြည့်ပြီး ဓာတ်လှေကားဘက်ကိုလျှောက်သွား၏။ ဓာတ်လှေ
ကားနားရောက်တော့ ကိုရဲက ဘာခလုပ်ကိုမှ မနှိပ်ပဲဒီအတိုင်းရပ်နေသည်။ ဒီတော့အ
နောက်က လိုက်ပါလာတဲ့ ညီထွေးက အလိုက်တသိနှင့်ပင်..."ဘယ်ကို အရင်သွားမှာလဲ... ကိုရဲ"
"သုံး။ အဲ့ဒီမှာ ဂျာကင်တွေဝယ်မယ်..."စကားကိုဘာမှထပ်မပြောဖြစ်ခဲ့ကြ။ ဓာတ်လှေကားက တစ်
ဆင့်ပြီးတစ်ဆင့် ရွှေ့လျှားနေသည်။ ဘာမှစကားမပြောဖြစ်တာထက်ဘာမှ ထပ်မဖြစ်
အောင် ညီထွေး ရှောင်နေမိတယ်ဆိုပိုမှန်လိမ့်မည်။ ကိုရဲ နဲ့ အကြည့်မဆုံဖြစ်အောင်
သူတမင်ရှောင်နေခဲ့တာပါ။ သကောင့်သားကတော့ မသိတာလား၊ မသိဟန်ဆောင်
တာလား၊ ဒါမှမဟုတ် ဘာကိုမှ ဂရုမစိုက်တာလား....စဉ်းစားမရနိုင်ပါ။ စဉ်းစားဖို့
လည်းအင်အားမရှိခဲ့။ ဝမ်းနည်းတဲ့စိတ်၊ ဟုတ်တယ် အခုအချိန်မှာ ညီထွေး သိပ်ကို
ဝမ်းနည်းနေမိသည်။ ဖြတ်ကျော်လာရတဲ့ ကာလတစ်လျှောက်မှာ သူ့ကြောင့်တစ်
ချက်မှ စိတ်မချမ်းသာခဲ့ရတာ အချိန်ကြာမြင့်ပြီ။ အခု ကျမှ ညီထွေးမျှော်မှန်းမိတာက
ပြဿနာတွေ၊ ကိုရဲ ညီထွေးအပေါ်ထားတဲ့ အငြိုးတွေ၊ နားလည်မှုစတာတွေက ဒီနေ့
ပြေလျှော့သွားလိမ့်မယ်လို့ ထင်မှတ်မိတာ အမှန်ပါ။ အခုတော့ သူမျှော်လင့်ထားသ
လိုဘာမှ မဖြစ်လာခဲ့သလို ကျွန် တစ်ယောက်လိုတောင် ပြုမူဆက်ဆံလိုက်သေး။ ရင်
နာလွန်းတဲ့ သူ့အဖြစ်ကို ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း ဘဝအကြောင်းကို တွေတွေ
ကြီးစဉ်းစားလိုက်မိသည်။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...