မာယာကင်းမဲ့ဇုန်
....................... အပိုင်း - ၂၃ဒုန်း........!!!!
ခြံထဲဝင်ဝင်ချင်း ကားတံခါးကို ကားပေါ်ကဆင်းပြီးပြီးချင့်ဆောင့်
ပိတ်လိုက်တာပင်။ စိတ်ထဲမှာလည်းအလိုမကျမှုတွေ ဝမ်းနည်းမှုတွေ ဒေါသထွက်
တာတွေအကုန်လုံးက ရောထွေးမွှေနှောက်လျှက်သာဖြစ်၏။ခြံတံခါးပိတ်နေရှာသည့် ဦးဖိုးအောင်က ခြံတံခါးပိတ်ပြီးပြီးချင်း
ညီထွေးအနားကိုအပြေးလေးရောက်လာတာပါ။ ဒါပေမယ့် ညီထွေးဘယ်သူ့ကိုမှဂရု
စိုက်ဖို့အင်အားမရှိပဲ။ ချက်ချင်းပဲ အိမ်ထဲကို ဝင်သွားတော့ အနားမှာ ရပ်ကျန်ရစ်ခဲ့တဲ့
ဦးဖိုးအောင်မှာ နားမလည်နိုင်စွာနှင့် ခေါင်းကို တကုတ်ကုတ်နှင့်သာ....အိပ်ခန်းထဲရောက်တော့ အိပ်ကုတင်ပေါ် ခြေပစ်လက်ပစ်ကိုလှဲ
ချလိုက်ပြီး ဘေးနားမှာရှိတဲ့ ဖက်လုံးလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ညှစ်ထားရင်း
ညီထွေး မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေခဲ့သည်။"သတိုးသား အရံတဲ့လား ကိုကိုရယ်....."
သူရပြောလိုက်တဲ့ စကားကို ရင်ထဲမှာ တနုတ်နုတ်နှင့်ခံစားရသည်။
"ချိုက မင်္ဂလာပွဲကိုသိပ်ပြီးကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားမလုပ်ချင်ဘူးတဲ့ညီညီ၊
ရုံးတက်လက်မှတ်ထိုးပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေလောက်သာဖိတ်ပြီး အိမ်မှာ ညစာ
လောက်ကျွေးပြီး ပွဲကိုအဆုံးသတ်ချင်တယ်တဲ့။ မင်္ဂလာပွဲမှာ ကုန်ကျမယ့််ငွေတွေကို
အကုန်မခံပဲ မိဘမဲ့ ဂေဟာ တစ်ခုခုမှာ လျူချင်တယ်တဲ့လေ...ကိုကို တကယ်မထင်ခဲ့
ဘူး....ချိုက ဒီလောက်စိတ်သဘောထားကြီးနေလိမ့်မယ်လို့လေ..."
"ဒါလည်းကောင်းပါတယ်၊ ဒါမှ ကိုကိုလိုချင်တဲ့မိန်းကလေး။ ဘာလုပ်မှာလဲ ဂုဏ်ဒြပ်
တွေကို လိုတာထက်ပိုပြီး ချပြချင်တဲ့ လူတွေက သူတို့အတွင်းစိတ်မှာကျ ကုန်ကျ
သွားတဲ့ငွေတွေကို ဒီလောက်ကုန်ရကောင်းလားဆိုပြီး ရင်တမမနဲ့ ဖြစ်နေကြတာ...ချို
လုပ်တာ တကယ်သဘောကျတယ်...ကိုကိုဖြစ်စေချင်တာလဲ ဒါပဲလေ..."
ESTÁS LEYENDO
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
No FicciónUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...