မာယာကင်းမဲ့ ဇုန်
.......................... အပိုင်း - ၂"လာစမ်းပါဟေ... နိကိုဘာမှမလုပ်ပါဘူး။ ဟိုကိုရောက်ရင် နိဘဝက အခုလိုစုတ်
ပြတ်သတ်မနေတော့ဘူး...လူမွှေးသူမွှေးပြောင်မယ့် အဖြစ်မို့ ငါစီစဉ်ပေးတာပါ"ကြည့်ရတာတော့ ကားဂိုလ်ဒေါင်လိုလိုဘာလိုလို၊ ဒါမှမ
ဟုတ် မျက်စိနဲ့အသေအချာကြည့်မိသလောက်တော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အ
ဆောက်အဦးတစ်ခုသာသာဖြစ်သည်။ဘာများလဲ....! ဘာတွေဖြစ်နေသလဲ... !
ဒီလိုအသက်ကလေး ငယ်ငယ်ရွယ်ရွယ်နဲ့. ဘဝကိုတစ်
ယောက်တည်းရုန်းကန်ဖို့ဆိုတာက တကယ်ကိုမလွယ်ကူလှတဲ့ဖြစ်ရပ်သာသာပင်။ကောင်လေးဘဝက တကယ်ကိုပင်ဆိုးရှာလှသည်။ အ
သက်ကသာ ငါးနှစ်ပဲရှိသေးတာ။ မွေးကတည်းက အဖေမရှိခဲ့ရှာဘူး။ ကောင်လေးကို
မွေးမွေးချင်းမှာပင် ကောင်လေးရဲ့ အဖေက ကားတိုက်သေဆုံးခဲ့သည်။ ဒီလိုနဲ့ အမေ
တစ်ခု သားတစ်ခု ဘဝကို အမေ့ရဲ့ ရုန်းကန်မှုအောက်မှာ ကောင်လေးက အမေ့အရိပ်
ကိုခှိုလှုံနေဆဲမှာပင် ကောင်လေးအမေက ကျန်းမာရေးအခြေအနေတို့ ဆိုးရွားလာခဲ့
သည်။ ဒီလိုနဲ့ အဖေ့လက်ထက်က အဖေကြိုးစားအားထုတ်ပြီး ရှာဖွေစုဆောင်းထား
ခဲ့တဲ့ အတွင်းပစ္စည်းအနည်းငယ်နဲ့ တစ်ခြားပစ္စည်းတွေကို ရောင်းသင့်သလောက်
ရောင်းလိုက်ရသည်။ ပေါင်နှံသင့်သလောက်ပေါင်နှံပြီး အမေ့ ကျန်းမာရေးကို ဆေး
ကုပေးခဲ့ရတယ်လို့ သိခဲ့ရသည်။ အမေဆုံးပြီးနောက်မှာတော့ မမျှော်လင့်ပဲကောင်
လေးတစ်ခုသိခဲ့ရသည်။ ထိုသည်က အမေနေမကောင်းတုန်းက အိမ်ကို ပေါင်နှံပြီးအ
မေ့ကျန်းမာရေးကို ကုခဲ့တယ်ဆိုတာဖြစ်သည်။ ဆွေမရှိမျိုးမရှိနဲ့ ဘဝကို ဘယ်လိုရုန်း
ကန်ရမှန်းမသိဖြစ်နေတဲ့ ကောင်လေးကို အမေဆုံးပြီးနောက်ပိုင်းမှာ ရပ်ကွက်လူကြီး
တွေက ထိုကောင်လေးကို ကလေးဂေဟာ တစ်ခုခုကိုပို့ရန်ပြင်ဆင်နေချိန်မှာ အမေ့ရဲ့
အကြွေးရှင်မိန်းမကြီးက အိမ်အပေါင်စာချုပ်တွေနဲ့ ရောက်လာခဲ့တာဖြစ်သည်။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...