မာယာကင်းမဲ့ဇုန်
........................... အပိုင်း - ( ၃၉ )တီတီ...!!!
တီတီ , တီတီ ...တီတီ..............!!!
ကားဟွန်းသံက ဆက်တိုက်မြည်နေခဲ့သည်။ ခြံတွင်းထဲက
ဘာမှ တုန့်ပြန်ချက် မပေါ်လာလေတော့...''ဟာကွာ...´´
တီတီ ... တီတီ...!!!
''ကျွတ်´´
ဒလဟော ဖိနှိပ်လိုက်ရင်း စိတ်ကမရှည်ချင်တော့တာနဲ့ သူရကျွတ်
သတ်ရိုက်ရင်း ကားမှန်ပြတင်းကို ဖွင့်လိုက်လေလျှင်...ဒရော.......,,,,
''ဟော...´´
ကားမှန်ပြတင်းကို ကိုဖွင့်ပြီးပြီးချင်း သူရ ကားပေါ်ကဆင်းပြီးခြံထဲ
ကိုဝင်ဖို့နည်းလမ်းကို ရှာဖို့လုပ်ပြီးခါမှ ခြံတံခါးက ရုတ်တရက်ပွင့်လာတာမြင်တော့သူ
ရငေးဖြစ်ပြီးပြီးချင်း ကားမှန်ပြတင်းကို ပြန်ပိတ်လိုက်သည်။ ဒီတစ်ခါ ခြံတခါးက
ကားတစ်စီးစာဖွင့်ပေးထားတာမို့ ကားကိုခပ်မြန်မြန်လေး ၀င်သွားတော့မှ ခြံစောင့်ဦး
ဖိုးအောင်က အနောက်ကနေပြီး ခြံတံခါးကိုပြန်ပိတ်ကျန်ရစ်နေခဲ့သည်။ဒုန်း.....!!!!,,,,
ခြံထဲရောက်လို့ ကားကိုရပ်ပြီး ကားပေါ်က ဆင်းပြီးပြီးချင်း ဦး
ဖိုးအောင်ဘက်ကို မျက်နှာကချက်ချင်းမူလိုက်တော့ ဦးဖိုးအောင်လည်း ခြံထဲကို ပြန်
လာတာမြင်သည်။ ဒီတော့....''ဦးဖိုးအောင် မြန်မြန်လာပါဗျ...´´
''သြော် , ဟုတ် ဟုတ်ကဲ့ မောင်ရင် လာပါပြီ´´
သူနဲ့ သိပ်ပြီးဝေးနေတာမဟုတ်သည့်ဦးဖို့းအောင်ရဲ့ ခြေလှမ်းတို့
ကိုခပ်ကျဲကျဲလေး လျှောက်ခိုင်းလိုက်တော့ ဦးဖိုးအောင်သည်လည်း ပုံမှန်လှမ်းနေကျ
ခြေလှမ်းတို့ကို နည်းနည်းလေးပိုကျယ်လျှောက်လိုက်တော့ သူရ အနားကိုတအောင့်
လေးနဲ့ရောက်၏။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...