Part 3
" ကျွန်တော်ကို ဒီညခေါ်တဲ့သူ ဘယ်သူများလဲလို့ ခင်ဗျားပဲကိုး "
ကျွန်တော် ရင်ခုန်စေတဲ့သူ ကျွန်တော်သူကိုရင်ခုန်ပြီး ဟိုတစ်နေ့က ပိုက်ဆံတောင်းဖို့မေ့သွားတာပဲ "
" ဟိုတစ်နေ့က မင်းပဲ ဦးဆောင်သွားပြီး ကိုယ့်ကိုထားခဲ့တာကိုး မကျေနပ်လို့ "
" ခင်ဗျားပြောမှ သတိရတယ် ကျွန်တော်အဲ့ဒီနေ့က ခင်ဗျားဆီက ပိုက်ဆံယူဖို့ မေ့သွားတယ် "
" ပေးမှာပေါ့ ကောင်လေး ဒီနေ့အတွက်ရော့ အဲ့ဒီနေ့က အတွက်ရော ဒါပေမဲ့ ကိုယ့်ဒီနေ့ မင်းကို ဆက်ဆံချင်လိုခေါ်လိုက်တာ မဟုတ်ဘူး မင်းအကြောင်းသိချင်လို့ "
" ကျွန်တော်အကြောင်း အဲ့ဒါဆို ကျွန်တော်ဒီည ဘာမှမလုပ်ရပဲ ပိုက်ဆံရမှာပေါ့ "
" အင်း ရမယ် မင်းအကြောင်းပြောပြရင်ပေါ့ "
" ကျွန်တော်အကြောင်း ဘာလို့သိချင်တာလဲ "
" မင်းက ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးပဲ ဘာလို့ ဒီအလုပ်ကို လုပ်တာလဲ ပိုက်ဆံရမဲ့ ရိုးသားတဲ့ အလုပ်တွေ အများကြီး ရှီတာပဲ "
" ကျွန်တော်လို ပညာမတက်တဲ့ ကောင်က ရိုးသားတဲ့ အလုပ်လုပ်လည်း ပိုက်ဆံ ဘယ်လောက်ရမှာလဲ ဒီအလုပ်က တစ်ညထဲကို ဘတ်တစ်သောင်းအသာလေးရတယ် "
" ဒါပေမဲ့ မင်းခန္ဓာကိုယ့် ...."
" ဟုတ်ပါတယ် ကျွန်တော် ခန္ဓာကိုယ် မသန့်ရှင်းတော့ဘူး ညစ်ပတ်သွားပြီ ကျွန်တော် သိပါတယ် ဒါပေမဲ့ ကျွန်တော်မှာ မိဘမရှီတော့ဘူး ကျွန်တော်အရမ်းချစ်တဲ့ အစ်ကို တစ်ယောက်ရှီတယ် အစ်ကိုက သွေးကင်ဆာရောဂါ ဖြစ်နေတာ လတိုင်း သွေးပုံမှန်သွင်းပေးရတယ် တစ်လတစ်လ ဆေးရုံမှာ ဆေးကုရင် ပိုက်ဆံအများကြီး ကုန်တာ ခင်ဗျား ပြောလေ အဲ့ပိုက်ဆံတွေ ဘယ်ကရမှာလဲ ရိုးသားတဲ့ ငွေတွေက ကျွန်တော်အစ်ကို အသက်ကို မကယ်နိုင်ဘူး ကျွန်တော်မှာ အစ်ကိုတစ်ယောက်ပဲ ကျန်တော့တာ အစ်ကိုကကျွန်တော်ရဲ့ အသက်နဲ့ အတူတူပဲ ကျွန်တော် အစ်ကို အသက်ရှင်ဖို့ ဆို ကျွန်တော်ဘာအလုပ်ဖြစ်ဖြစ် လုပ်နိူင်တယ် "
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ