Part 59
" ကိုကို...ကိုကို . "
" ညီညီ! "
Oonဧည့်ခန်းထဲမှာ ဒဇိုင်းဆွဲနေရင်း
ညီညီ နဲ့ Singရောက်လာသည်။" ကိုကိုနေကောင်းလား မျက်နှာကသိပ်မလန်းဘူး "
ညီညီလက်ထဲက အထုပ်အပိုးတွေ စားပွဲပေါ်ချရင်း ကျွန်တော့်ကိုမေးနေသည်။
" ကိုကိုနေကောင်းပါတယ် ဦးရောအဆင်ပြေရဲ့လား "
" Daddyက အဆင်ပြေပါတယ်ပါပါး
ဒါပေမယ့်အရင်လိုတော့ မဟုတ်တော့ဘူး အဲ့ဒါကြောင့် ကျွန်တော့် ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေပြီ Daddy သက်သာအောင်လိုပါ "" ဟုတ်လား Sing. . အတော်ပဲ
ပါပါးဒဇိုင်းဆွဲထားတယ် ကုမ္ပဏီအတွက်
အသုံးဝင်မယ်ဆိုရင် သုံးပါ "ပါပါးလှမ်းပေးတဲ့ ဒဇိုင်းစာအုပ်ကို့ လှန့်ကြည့်ပြီး
" ဒါတွေပေးတာ ကျေးဇူးတင်ပေမဲ့
ပါပါးနားရမယ်လေ "" ဟုတ်တယ်ကိုကို ဖျားနာတာရှီလား နည်းနည်းလေး နေထိုင်မကောင်းရင် ညီကိုတန်းခေါ်နော်. "
" အင်းပါ့ညီ ကိုကိုလည်း ဦးဆီက
လတိုင်း ပိုက်ဆံအလကား မယူချင်လို့ပါ "အခုထိ မာနကြီးနေတဲ့ ပါပါးကို မြင်ပြီး ကျွန်တော့်ရင်နာရတယ် တကယ်ဆိုပါပါးကအမြဲတမ်း
ကျွန်တော့် ပါပါးဖြစ်နေရမှာ" ကိုကို ကျွန်တော်ကိုကိုအတွက်
ဆန်ပြုတ်လုပ်လာတယ်
စားပွဲပေါ်မှာ သွားပြင်လိုက်အုန်းမယ် "" အင်းညီညီ... Sing လာခဲ့လေ
ကော်ဖီဖျော်တိုက်မယ် "" ဟုတ်ကဲ့ ပါပါး "
ကိုကိုကိုယ့်တိုင် ကျွန်တော်တို့ အတွက် ကော်ဖီဖျော်ပေးသည် Jackကို မေးကြည့်တော့ ကိုကိုနေကောင်းတယ်လို့ ပြောပေမဲ့ ကိုကိုမျက်နှာက အရမ်းကို
ဖြူဖပ်ဖြူရော် ဖြစ်နေသည်။"အား ဘာအနံကြီးလဲ "
" ကိုကိုဘာဖြစ်လို့လဲ ညီညီအကောင်းဆုံ ပင်လယ်ခရုနဲ့ ပြုတ်လာတာပါ နည်းနည်းလောက် စားကြည့်ပါ "
ညီညီဆန်ပြုတ်က ကျွန်တော့်ကို အရမ်းပျို့ အန်စေချင်စိတ်ဖြစ်သည်။ ညီညီ စိတ်ချမ်းသာအောင် တစ်ဇွန်းလောက် စားကြည့်ပေမဲ့ အရမ်းအန်ချင်လို့ မီးဖိုချောင်ခန်းထဲက ဘေစင်မှာပဲ အန်လိုက်မိသည်။
" အော့...အော့ "
" ကိုကို..ကိုကို "
" ဘာမှမဖြစ်ပါဘူး ညီညီ "
" Jeck မင်းပြောတော့ နေကောင်းတယ်ဆို
အခုဘာမှ စားလို့မရအောင် အန်နေပါလား "" မဟုတ်ဘူး အစ်ကိုလေးက...အစ်ကိုလေးက "
ကျွန်တော် Jack ကို ကြည့်ပြီး ခေါင်းရမ်းလိုက်သည်
" ဘာမှမဖြစ်ဘူး ညီညီ "
"နည်းနည်းလေးထိလိုက်တာနဲ့ပျော့ခွေသွားမဲ့
ပါပါးခန္ဓာကိုယ့်က ကြည့်ပြီး ဘာမှမဖြစ်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ "" ဘာမှမဖြစ်ပါဘူး Singစိတ်မပူပါနဲ့ "
ကျွန်တော့် ကိုကိုခန္ဓာကိုယ့်ကို ပွေ့လိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာရှည်ပေါ်မှာ လှဲစေလိုက်သည့်။ ပြီးတော့ ကိုကို့ကို ဘေးနားက စာအုပ်နဲ့ ယက်ခတ်ပေးလိုက်သည် ကိုကိုမျက်စီမှိတ်ကာ အနားယူနေသည်။
" ဆရာဝန်ခေါ်မှ ဖြစ်မယ် Kit "
" ဆရာဝန်က မနက်ကမှ လာသွားတာပါ
အစ်ကိုလေးSing"Jackစကားကြောင့် Kitစိတ်တိုသွားသည်။
" ဘာ!! အဲ့ဒါဆို ကိုကိုနေမကောင်းဘူးပဲ.. မင်းဘာလို့ညာတာလဲ Jack ... မင်းက ကိုကိုနားမှာ လုံးဝမရှီသင့်တဲ့သူပဲ "
Jack Kitနားက ကြမ်းပြင်မှာ သွားရောက်ထိုင်ရင်း
"မဟုတ်ပါဘူး အစ်ကိုလေးKit ... ကျွန်တော်အစ်ကိုလေးကို စောင့်ရှောက်ပေးပါတယ် "
" မင်းက ဘာစောင့်ရှောက်နိုင်မှာလဲ "
ညီညီအသံကြောင့် ကျွန်တော် ညီညီလက်ကိုကိုင်လိုက်ပြီး
" သူကိုအပြစ်မတင်ပါနဲ့ ....သူက မလိမ်ပါဘူး
ပြီးတော့ ကိုကိုက နေမကောင်းဖြစ်နေတာ
မဟုတ်ပါဘူး "" ကိုကိုကပါ ဘာလို့ညာနေရတာလဲ
ကိုကိုဒီလောက်ဖြစ်နေတာကိုး "ကျွန်တော်ရောဂါကအခြေအနေနဲ့ ကိုယ့်ဝန်ဆောင်ရတာမို့လို့ နေတိုင်းနေ့ ကျွန်တော်ဒီလို ပင်ပန်းနေတာကိုး ညီညီကို ဘယ်လိုပြောရမလဲ
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ