Part 4
" ကိုယ့်ရဲ့ကြောင်လေး ဒီည ပင်ပန်းသွားပြီ "
" ပိုက်ဆံသာ ထားခဲ့ပါ "
ကျွန်တော် အလုပ်ရှင် အစ်ကိုနော့ ထားခဲ့တဲ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ငိုကြွေးနေမိသည်။ငိုလို့အားရတော့မှ ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးနေမိသည်။ ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်လာရင်း
တီ တီ တီ
ကားဟွန်းသံကြောင့် ဘေးကိုကြည့်လိုက်တော့ ကားပေါ်က Singကကျွန်တော်ကို ပြုံးပြနေသည်။
" အိမ်ပြန်မှာလား ကြောင်လေး"
" ကျွန်တော်ကိုအဲ့လိုမခေါ်နဲ့! "
Kitအော်ပစ်လိုက်သည်။
" တောင်းပန်ပါတယ်..ကိုယ်! "
kitကားပေါ်တက်ထိုင်လိုက်သည်။
" မင်းကတကယ်ကြောင်လေးတစ်ယောက်လို လှပလို့ခေါ်မိတာပါ အထူးသဖြင့်
မင်းမျက်လုံး ကြည်တောက်နေတဲ့
မင်းမျက်လုံးက အရမ်းလှတယ် "Kit ကားပေါ်ကပြန်ဆင်းသွားသည်။
" ဘာလို့ပြန်ဆင်းတာလဲ
ကျွန်တော်လိုက်ပို့ မယ် "" မလိုဘူး "
ဒီအတိုင်းခေါ်ရင် လိုက်မှာမဟုတ်လို့ ကားပေါ်ကဆင်းပြီး Kit လက်ကိုကိုင်လိုက်သည်။
" တက်ပါ ကျွန်တော်လိုက်ပို့မယ် "
" ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ "
" မင်း လူမပင်ပန်းပေမဲ့ စိတ်အရမ်းပင်ပန်းနေတာ ကျွန်တော်သိတယ် တက်ပါ ကျွန်တော်လိုက်ပို့ မယ် "
Kit ကားပေါ်မှာ တက်ထိုင်လိုက်သည်။ ကျွန်တော်လည်း ကားမောင်းတဲ့ဘက်ထိုင်လိုက်ပြီး
" အိမ်အထိလိုက်ပို့မယ် နေရာပြောလေ "
Kit ပြောတဲ့ လမ်းမတော် ၂ မွေဆိုင်းရပ်ကွက် အရမ်းအေးချမ်းတဲ့ ရပ်ကွက်လေးပါ
"ရှေ့နားက အိမ်နံပတ် 26 "
Kit ပြောတဲ့ အိမ်ကို ကြည့်လိုက်တော့ ခြံအကျယ်ကြီးနဲ့ အထဲက တစ်ထပ်လုံချင်းအိမ်လေးကို လှမ်းမြင်ရသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ