Part 51
Kong Pov:
ပျော်တော်ဆက်က ကလေးတဲ့လား ကျွန်တော်ကို အမှန်အတိုင်း မပြောပဲ ကျွန်တော့်အချစ်ကို လိမ်ညာယူပြီး လက်ထပ်ခဲ့တာပဲ
" ကလေး မင်းကိုငါ့ အရမ်းချစ်ခဲ့တာ မင်းက မင်းညီကိုတောင် ခုတုံးလုပ်ပြီး သွေးအေးပြီး ရက်စက်တဲ့သူမှန်း ငါမသိခဲ့ဘူး မင်းက တခြားသူတွေအပေါ် ရက်စက်ယုံတင် မဟုတ်ဘူး မင်းရဲ့ ညီညီအပေါ်တောင် ...မင်းကဘယ်လိုအစ်ကိုမျိုးလဲ"
" ကိုကို မဟုတ်. "
" ညီညီ ဝင်မပါနဲ့စမ်း .. အစကတည်းက ဦးကို ကျွန်တော်အကျင့် ကျွန်တော်စရိုက်ကို ပြောပြခဲ့သားပဲ ကျွန်တော့်က ငွေအရမ်းမက်တဲ့သူလို့ ငွေရဖို့ဆို
ခန္တာကိုယ့်ကို ရင်းနှီးဖို့ ဝန်မလေးဘူးလို့ "ကလေးကအဲ့လောက်ဆိုးတဲ့အလုပ်ကို
လုပ်ခဲ့တယ်လို့ တကမ္ဘာလုံးကပြောရင်တောင်
ကျွန်တော်မယုံဘူး ဒါပေမယ့် အခုကလေး
ကိုယ်တိုင်ဝန်ခံနေပါလာူ" ကောင်းပြီ Oon! မင်းငါ့ကို ဘာကြောင့် လက်ထပ်ခဲ့တာလဲ ငါသိပြီ ငါဘဝကို ငရဲရောက်အောင်
လုပ်ခဲ့တဲ့မင်း အခုမင်းလည်း ငရဲထက်ဆိုးတဲ့ ဘဝကို ငါခံစားရအောင်လုပ်မယ်...လာခဲ့စမ်း. "Daddy! ကိုကိုလက်ကို အကြမ်းပတမ်းဆွဲပြီးအခန်းထဲ ခေါ်သွားသည်
" ကိုကို!..ကိုကို "
Sing Kitလက်ကိုဆွဲထားလိုက်သည်
" ဝင်မပါပါနဲ့ Kit! "
" ခင်ဗျားဘယ်လိုပြောလိုက်တာလဲ Sing! အခု Daddy က ကိုကို့ကို အထင်လွှဲနေတာ အပြစ်က ကျွန်တော်ဆီမှာ ရှီတာ ကိုကိုဆီမှာ ရှီတာမဟုတ်ဘူး "
ကျွန်တော်ပျော်တော်ဆက်လုပ်ခဲ့တယ်ဆိုတာ
ကိုကိုကဘယ်လိုတောင်သိသွားပြီး
အခု ကျွန်တော်ကို ကာကွယ်နိုင်ရတာလဲ" အစ်ကိုက Daddy နဲ့လက်မထပ်ခင်ကတည်းက စနစ်တကျ စီစဉ်ထားတာ Kitဝင်မပါပါနဲ့
Kit ဝင်ပါရင် အစ်ကိုရဲ့အနစ်ခံမှုတွေ အလကားဖြစ်သွားပြီး Daddy လည်း ယုံချင်မှယုံတော့မယ်
ပြီးတော့ ကျွန်တော်နဲ့ Daddy သားအဖ စာရင်းပျတ်လိမ့်မယ် "" ခင်ဗျားက Daddyရဲ့ သားမဖြစ်ရမှာဆိုးလို့ Daddyစွန့်လွှတ်မှာဆိုးလို့ ကျွန်တော် ကိုကို့ကို
ချကျွေးခိုင်းလိုက်တာလား "" မဟုတ်ဘူး ...မဟုတ်ပါဘူး Kit ရယ်
အစ်ကိုက သိနေတာကြာပြီ သိသိချင်း
အစ်ကိုသေချင်တယ်လို့ ပြောခဲ့တာ မှတ်မိလား
အစ်ကိုက Kitက သူ့ကြောင့် ပျော်တော်ဆက် ဖြစ်သွားတာကို သိပြီ အကြိမ်ကြိမ်သေချင်ခဲ့တာနေမှာ ဒါပေမဲ့ အစ်ကိုက Kitဘဝရဲ့ အမဲစက်ကို
ဖျက်ပေးဖို့ ဒီအိမ်ကို ဝင်ရောက်လာတာပဲ "" အဲ့ဒါဆို ကိုကိုက ဟိုတစ်ခါကတည်းက ...
အဟင့်....ဟင့် "Kitရင်နာစွာနဲ့သည်းထန်စွာ ငိုကြွေးမိသည်။
" မငိုပါနဲ့ kitရယ် "
ကျွန်တော် Kitကို ဖက်ထားလိုက်သည်
®®®®
Oon Pov
ဦးကကျွန်တော်ကို ကုတင်ပေါ် လှဲချပြီး
အကြမ်ပတမ်း ဆက်ဆံနေသည် ဆက်ဆံပြီးတော့မှ"Oon မင်း ငါအချစ်ကို စော်ကားတဲ့အပြင် ငါဂုဏ်သိက္ခာပါ ရစရာမရှိအောင် လုပ်တာ မင်းကိုငါ အရမ်းမုန်း... "
ကောင်းပြောမထွက်ပဲ မျက်နှာလွှဲလိုက်သည်။
" ဦးကျေနပ်ပြီလား ဦးအခု
ကျေနပ်ရင် ကျွန်တော်ကို ကွာလို့ရပါတယ် "" ကွာရှင်းလိုက်ရင် မင်းကို လွှတ်လပ်ခွင့်ပေးသလို ဖြစ်မှာပေါ့ မင်းအခု ငါရဲ့ ကျွန်လုပ်ရမယ် ကုမ္ပဏီမှာ မင်းအတွက်နေရာ မရှီတော့ဘူး အိမ်မှာလဲ မင်းဒီအခန်းထဲကလွှဲပြီး ဘယ်မှမသွားရဘူး မင်းကအမှောင်သိပ်ကြိုက်တဲ့သူ မှတ်လား "
" ဦးသဘောပါ "
ကျွန်တော် ဦးအချစ်ကို မစော်ကားပါဘူး အခုလည်း ကျွန်တော့်ရဲ့ ကျန်တဲ့အချိန်နေရက်တွေကို
ဦးသဘောကျ ကျွန်တော်နေပေးမှာပါ
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ