Part 24
" ကိုကို ဒါက "
အပေါ်ထပ်ဂျာကင်ကို နောက်ကျောမှာ စာတန်းလှလှလေးနဲ့ ကော်လံကလည်း နှစ်ထပ်မို့လို
ဒီအင်္ကျီကို ကျွန်တော်ကြိုက်ပေမဲ့ ကိုကိုက Singကိုပါပေးသည်။"အပေါ်ထပ်အင်္ကျီလေ ဘာလို့လဲ
မကြိုက်ဘူးလား "" ကြိုက်ပါတယ် ကိုကို "
" Singရောကြိုက်လား . "
" အရမ်းကြိုက်ပါတယ် အစ်ကို
ဒါနဲ့ ဒီအင်္ကျီက ဘယ်ကဝယ်တာလဲ ဒီလိုဒဇိုင်းမျိုး မမြင်ဖူးဘူး "" ဟုတ်တယ် ကိုကို ဒီဒဇိုင်းက အရမ်းစမ်းတယ် ကျောနောက်ကSK စာတန်းလေးဖော်ထားတာ အရမ်းလှတယ် "
" ဒီနေ့ ညီညီတို့လက်ထပ်တာ သုံးလပြည့်ပြီလေ အဲ့ဒါကြောင့် အရင်ပတ်ကတည်းက ကိုကိုကိုယ့်တိုင်ဆွဲထားတဲ့ ဒဇိုင်းကို ကိုကိုတို့စက်ရုံမှူးကို လက်ဆောင်ပေးပြီး ချုပ်ခိုင်းထားတာ သူကလည်း လိုလိုလားလား လုပ်ပေးခဲ့တယ်လေ ညီညီနဲ့ Sing ကြိုက်တော့ ကိုကိုပျော်ပါတယ် "
" ကိုကို . "
"ကျွန်တော်တို့အတွက် ဒီလောက်တောင် အပင်ပန်းခံရလား အစ်ကို"
" မပင်ပန်းပါဘူး တကယ်တော့ ကိုကိုက
ညီညီ နဲ့ Sing လက်ထပ်တဲ့လတိုင်း လက်ဆောင်ပေးချင်တာ မင်္ဂလာနှစ်ပတ် လည်နေ့တွေလည်း ပေးချင်ပေမဲ့ ကိုကို အသက်က .... "" ကိုကို ညီညီတို့ တစ်နှစ်ပြည့်မှာလည်း ကိုကိုရှီမှာပါ တစ်နှစ်ပြည့်တင်မကဘူး ဆယ်နှစ်ပြည့် နှစ်၂၀ပြည့်လည်း ကိုကိုရှီမှာပါ. "
" အင်း ကိုကိုရှီချင်ပါတယ် အခု ကိုကို အလုပ်သွားတော့မယ် "
" ကျွန်တော်လိုက်ပို့မယ်လေ အစ်ကို"
" ရပါတယ် Sing "
ကိုကိုလက်ထဲမှာ အင်္ကျီထုပ်တစ်ထုပ်
ပိုက်ထားတာကြောင့်" ကိုကို အဲ့ဒါကရော့ "
" ဒါက ကိုကိုအတွက်အရေးပါးတဲ့သူ
နောက်တစ်ယောက်အတွက်"" ညီညီထက်အရေးပါတဲ့သူ ရှီသေးလိုလား "
" ညီညီထက်တော့ အရေးမပါပေမဲ့
ရှီတော့ရှီတယ် ညီညီ ""ကိုကို.. "
" ကိုကိုနောက်ကျနေပြီ ညီညီ သွားတော့မယ် "
ကိုကိုအိမ်ကနေအလျှင်အမြန်ထွက်သွားသည် Sing ကတော့ ကိုကိုပေးတဲ့ အင်္ကျီကိုဝတ်ကြည့်ပြီး
" ဘယ်လိုလဲ ကြောင်လေး
ကျွန်တော်နဲ့လိုက်လား "" ခင်ဗျား အဲ့အင်္ကျီကို ကြိုက်လား "
" ဘယ်လိုမေးလိုက်တာလဲ ကြိုက်တာပေါ့ "
" ကိုကိုလုပ်ပေးလို့ ကြိုက်တာမဟုတ်လား SK စာတန်းက ခင်ဗျားနဲ့ ကျွန်တော်နဲ့ကို ကိုကိုက အရမ်းချစ်တဲ့ စုံတွဲလို့ ထင်လို့လေ ကျွန်တော်တို့က အဲ့လိုမှ မဟုတ်တာ "
" ကြောင်လေး နဲ့ ကျွန်တော်က နားလည်မှုသံယောဇဉ်တွေနဲ့ လက်ထပ်ထားတာပဲလေ "
" နားလည်မှုနဲ့ လက်ထပ်ထားတာတော့ ဟုတ်ပါပြီ သံယောဇဉ်ဆိုတော့ ခင်ဗျားက ကျွန်တော်အပေါ် သံယောဇဉ်ရှီလို့လား "
" ဘာလိုအဲ့လိုမေးတာလဲ Kit ကရော ကျွန်တော်အပေါ် သံယောဇဉ် မရှီဘူးလား "
ခင်ဗျားငအပဲ ကျွန်တော်က ခင်ဗျားကို သံယောဇဉ်ထက်ပိုပြီး ချစ်မိနေတာတောင် ခင်ဗျားက မသိဘူးပေါ့ မရိပ်မိဘူးပေါ့ အေးလေ ဘယ်ရိပ်မိမလဲ ခင်ဗျားမျက်လုံးထဲမှာ ကိုကိုတစ်ယောက်တည်း မြင်နေတာပဲ
" မရှီဘူး ခင်ဗျားက တော်တော်မုန်းဖို့ ကောင်းတာပဲ "
ကျွန်တော် Singကိုပြောပြီး အခန်းထဲဝင်ခဲ့လိုက်သည်
" Kit! "
တော်တော်စိတ်ကြီးတဲ့ ကောင်လေးပဲ
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ