Part 23

2.5K 154 1
                                    

Part 23

ဒီနေ့ ကိုကိုနဲ့ ညအိပ်ဖို့ Daddyက ခွင့်ပြုပေးသည်။ Singကပါ အတူလိုက်အိပ်မယ်ပြောလို့  အိပ်ရာခင်းအသစ်တေ သယ်လာလိုက်သည်။ ကိုကိုအိမ်ရောက်တာနဲ့ ထမင်းချက်ပြီး ကိုကို ကုမ္ပဏီက ပြန်လာတာနဲ့ ရေချိုးခိုင်းလိုက်သည်။ ကိုကိုရေချိုးပြီးတာနဲ့ ထမင်းစားဖို့ ထမင်းဝိုင်းမှာ
ထိုင်လိုက်သည်။

" ကိုကို ငါးဟင်းကြိုက်တယ် မဟုတ်လား
များများထည့်ပေးမယ်နော်  "

"....."

" ကိုကို ...ကိုကို  "

ထမင်းစားရင် အတွေးများလွန်နေလား
ဇွန်းကိုင်ရင်း ငိုင်နေတဲ့ ကိုကို

" အစ်ကို! "

" ဟင်   "

" ဘာတွေတွေးနေတာလဲအစ်ကို
Kit မေးနေတယ် ငါးဟင်းထည့်မလားတဲ့   "

" အင်း ညီညီထည့်မယ်  "

" ဒီအတိုင်းထည့်ပေးလို့တောမရတော့ဘူး ငါအရိုးနွာပြီးမှ ထည့်ပေးတော့မယ် ကိုကိုတွေးနေတာနဲ့ အရိုးဆူးတော့မယ်  "

" ...."

Kitကပြောနေပေမဲ့ အစ်ကိုက ငိုင်နေတုန်း

" ကိုကို... ကိုကို   "

" ဟင် ညီညီ   "

" နေမကောင်းဘူးလားကိုကို  "

"နေကောင်းပါတယ်  ညီညီ   ...Singရော့ရောက်နေတာပဲ  "

" အစ်ကို့ကို အစောန ကျွန်တော်ခေါ်လိုက်တာလေ "

" သြော် ဟုတ်သားပဲ   "

ကိုကိုက singကိုတောင်မမြင်နိုင်ပဲ
ဘာတွေတွေးနေတာလဲ

" ကိုကို ညီညီအရမ်းစိုးရိမ်လာပြီနော်
နေမကောင်းတာတောင် အဲ့လိုမဖြစ်ဖူးဘူး  "

ညီကြောင့် အာရုံစူးစည်းလိုက်ပြီး

" မစိုးရိမ်ပါနဲ့ညီညီ ကိုကိုအရမ်းနေကောင်းပါတယ်  ...ငါးဟင်းချက်ထားတာပဲ  ထမင်းတော့ စားကောင်းတော့မယ်  ညီညီ ကိုကိုအကြိုက်လည်း မချက်နဲ့လေ Singအကြိုက်လည်း ချက်ပေးအုန်း  "

" ကိုကိုအိမ်လာတာ ကိုကိုအကြိုက်ပဲ 
ချက်မှာပေါ့ သူအကြိုက်ချက်စရာလား  "

"ညီညီကတော့  "

ညီညီစကားကြားတော့ အစ်ကိုပြုံးလိုက်သည်

" အစ်ကိုက ပြုံးတက်သားပဲ   "

"  ဟုတ်တယ် ကိုကိုဒီနေ့ဘာဖြစ်လာတာလဲ   "

" ကိုကို ဒီနေ့ဘောနစ်ရလာတယ်လေ ညီညီဘာစားချင်လဲပြော ဘာဝယ်ပေးရမလဲပြော  "

ကိုကိုစကားလမ်းကြောင်းလွှဲလိုက်သလို့ပဲ

" ကိုကိုက ပိုက်ဆံရလို့ ပြုံးပျော်စေတက်တဲ့သူမှ မဟုတ်တာ ကိုကို ပြုံးတာ တခြားအကြောင်းကြောင့်ပဲနေမှာ  "

ကိုကို ဘာမှမပြောပဲ ထမင်းပဲ ငုံ့စားနေသည်။ထမင်းစားပြီးတော့  ကိုကိုက

" ညီညီတို့ ဒီမှာအိပ်မှာဆို ကိုကိုအခန်းမှာ
အိပ်ပါလား ကိုကိုအခန်းက အကျယ်ကြီး   "

" ရပါတယ် အစ်ကို "

" မဟုတ်တာ ကိုကိုအခန်းပဲအိပ် ကိုကိုက ညီညီအခန်းမှာပဲ သွားနားတော့မယ်  "

" ဟုတ်ကဲ့ ကိုကို   "

ကိုကို  အခန်းထဲဝင်သွားတော့ Sing က

" မွေ့ယာမှာလိုက်ရမလား  "

" ဘာလုပ်ဖို့လဲ ခင်ဗျားကလဲ  "

" Kit အခန်းထဲက မွေ့ယာက မကောင်းဘူးလေ အစ်ကိုအိပ်ပျော်ပါ့မလား  "

" ကျွန်တော်တို့ အဲ့အိပ်ရာနဲ့ အိပ်လာတာ ဆယ်စုနှစ်မက ရှီနေပြီ  အပိုလုပ်မနေနဲ့ အခုခင်ဗျားလုပ်ရာမှာက ကျွန်တော်တို့
အိပ်ဖို့ ကိုကိုအခန်းမှာ အိပ်ရာခင်းအသစ်သွားလဲ   "

" ဟုတ်ကဲ့ပါခင်ဗျာ  "

တော်တော်တာဝန်ကျေတဲ့လူပဲ ကိုကို့ကို
ဆေးတိုက်ဖို့  အခန်းထဲဝင်လိုက်သည်။

" ကိုကို ဆေးသောက်ရအောင်  "

" သောက်ပြီးပြီ ညီညီ  "

" တကယ်လား  "

" တကယ်ပါ ညီညီ   "

" ကိုကိုဆေးသောက်ဖို့မမေ့ပဲ ဆေးသောက်မြန်တာ ဒီတစ်ခါပဲတွေ့ဖူးတယ်   ထူးဆန်းလိုက်တာ ကိုကို  "

" ညီညီ ကိုကိုမှာ အရင်တုန်းက  ဘာလောဘမှမရှီဘူး ကိုကိုအခြေအနေကလည်း ဘာမှကို တပ်မက်လို့မှမရတာ အခုတော့... အခုတော့ ကိုကိုလောဘတစ်ခုထားချင်တယ် ညီညီ   "

ထူးထူးဆန်းဆန်းကိုကိုစကားကြောင့်
Kitပါအားတက်လာသည်။

"ဘာလောဘလဲကိုကို့  ကိုကိုဘာလိုချင်တာလဲ ညီညီကိုပြောပါ တကယ်လို့  အသက်ရှင်စေချင်တဲ့ လောဘဆို ပိုပိုပြီး လောဘကြီးကြီးထားပါကိုကို "

ညီညီကျွန်တော်ကိုလာဖက်ပြီး တောင်းဆိုနေသလို ကျွန်တော်လည်း ပျော်ရွှင်ချင်တယ် အချိန် နည်းနည်းလေးပဲ ဖြစ်ဖြစ် ပျော်ချင်တယ်

ပျော်တော်ဆက်Where stories live. Discover now