Part 27
ကိုကိုအခြေအနေမကောင်းလို့ ဆေးရုံအရေးပေါ်ခန်းကို တင်လိုက်ရသည်။ အပြင်မှာစောင့်နေစဉ် P'Pem ထွက်လာပြီး
" Oonအခြေအနေမကောင်းဘူး Kit
ပုံမှန်အသက်မရှုဘူး အခုစက်တွေပေးထားရတယ် "" အဲ့လိုမဖြစ်ရဘူးလေ P'Pem အဲ့လိုမပြောပါနဲ့ ကိုကိုအသက်ရှင်ရမယ် ကျေးဇူးပြုပြီး ကျွန်တော်အစ်ကို့ကိုရအောင်ကယ်ပါ ကိုကိုဘာမှမဖြစ်ရဘူး "
ဆရာဝန်လက်ကိုကိုင်ပြီး တောင်းဆိုနေတဲ့ Kit ကို ကျွန်တော် အရမ်းသနားပြီး
ဖက်ထားလိုက်သည်" အစ်ကိုကြိုးစားပေးမှာပါ Kit အဓီကက Oonစိတ်နဲ့လဲဆိုင်တယ် အစ်ကိုအစွမ်းကုန်ကြိုးစားပေးမှာပါ "
ဆရာဝန်က Kit ကိုနှစ်သိမ့်ပေးပြီး
ထွက်သွားသည်။" ကိုကိုက သေချင်တယ်တဲ့ "
ကျွန်တော်ဖက်ထားနေရင်း ပြောထွက်လာတဲ့ Kit စကားကြောင့်
" မသေပါဘူး အစ်ကိုမသေရပါဘူး "
" အသက်မရှင်ချင်တော့ဘူး တဲ့ ကျွန်တော်ရင်ကို
ဓားနဲ့မွန်းလိုက်သလို ခံစားရတယ် Singကိုကိုဘာဖြစ်လာတာလဲ "ပူပန်စိတ် တုန့်လှူပ်စိတ်နဲ့ Kitကိုဖက်ထားပေးပြီး Kitကျောကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
" Kitအရမ်းပင်ပန်းနေပြီ
အခန်းတစ်ခန်းယူထားတယ် သွားနားလိုက်နော် ""မနားချင်ဘူး ကိုကိုနားက မခွာချင်ဘူး "
Kit ကျွန်တော်ရင်ခွင်ထဲက ခွာပြီး အရေးပေါ်ခန်းကို ကားထားသောအပြင်မှန်ကနေအစ်ကို့ကိုလှမ်းကြည့်နေသည် Kitလက်ကိုကိုင်ပြီး ထိုင်ခုံမှာ ထိုင်ကာ Kitခေါင်းကို ကျွန်တော် ပုခုံးပေါ်မှီစေလိုက်သည်။
" ခဏဖြစ်ဖြစ်မှေးလိုက်ပါ အစ်ကိုအသက်ရှင်မှာပါ အစ်ကိုဘာမှမဖြစ်ဘူး "
" အင်း ဘာမှမဖြစ်ရဘူး ကျွန်တော်ဘဝမှာ ကိုကိုမရှီလို့မဖြစ်ဘူး ကိုကိုက ကျွန်တော်မိဘဆိုလည်းဟုတ်တယ် အချစ်ဆုံး ကိုကိုဆိုလည်း ဟုတ်တယ် Sing ကျွန်တော်ကိုကို သေသွားလို့မဖြစ်ဘူးနော် "
" အင်းပါ ကျွန်တော်ကတိပေးပါတယ်
အစ်ကိုဘာမှမဖြစ်စေရဘူး Kit တစ်ရေးလောက်မှေးလိုက်နော် "ကျွန်တော် Kit လက်ကိုကိုင်ထားပေးလိုက်သည် Kit ကျွန်တော် ပုခုံးပေါ်တွင် ပင်ပန်းစွာအိပ်ပျော်သွားသည် ကျွန်တော် Kit ကိုယ့်ကို ပွေ့ချီပြီး အခန်းထဲက ဆေးရုံကုတင်ပေါ်မှာ လှဲပြီးသိပ်လိုက်သည် ပြီးတော့ စောင်ခြုံပေးလိုက်သည်။
တူ.. တူ..တူ
Daddy ဆီက ဖုန်းလာတာကြောင့် ကိုင်လိုက်သည်
" Daddy! "
" သားလေး အဆင်ပြေရဲ့လား ဒီနေ့မှ Daddy ရင်ထဲ ပူလောင်နေလို့ သားတို့အဆင်ပြေလား ဖုန်းဆက်ကြည့်တာ "
" မပြေဘူး Daddy! ကျွန်တော်တို့အခုလုံးဝအဆင်မပြေဘူး Daddy ! "
Sing စကားကြောင့် ကောင်းစိတ်ပူသွားပြီး
" ကလေး! အဲ့...Oonနေကောင်းလား
Oonအဆင်ပြေရဲ့လား "" နေမကောင်းဘူး Daddy အရေးပေါ်အခန်းမှာ တောင်ထားထားရတယ် အပြင်မှာ
ဘာပြသာနာကြုံလာလည်း မသိဘူး မငိုစဖူး ရှိုက်ကြီးတငင်ငိုပြီး မေ့လဲသွားတာ"သားလေးစကားကြောင့် ကျွန်တော် စဉ်းစားရကျပ်သွားပြီး စိုးရိမ်သွားသည်။ ဒီနေ့မှ
Oonက ကုမ္ပဏီကနေ အစောပြန်သွားတယ် ကျွန်တော်ကိုတောင် မစောင့်ပဲ ပြန်သွားပေမဲ့ ကုမ္ပဏီမှာတော့ ပြသာနာမဖြစ်သွားပါဘူး" Daddy အခုချက်ချင်းလာခဲ့မယ် "
ကျွန်တော်ဖုန်းချလိုက်ပြီး ဆေးရုံကို
မြန်မြန်ထွက်လာခဲ့လိုက်သည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ