Part 52

2.1K 148 17
                                    

Part 52

  Kitတစ်ညလုံးငိုနေခဲ့ပြီး မျက်နှာမို့အစ်နေပေမဲ့ မနက်စာအတွက် စောစောထပြင်ဆင်လိုက်သည်။
ကိုကို့ကို အရမ်းတွေ့ချင်တာလည်းပါသည်။ မနက်စာစားချိန် Daddy ဆင်းလာပေမဲ့ ကိုကိုမပါလာဘူး

" ကိုကိုရော Daddy "

" အခန်းထဲမှာ "

" အဲ့တာဆို ကျွန်တော်မနက်စာ သွားပို့ပေးလိုက်မယ် "

" မလိုဘူး Kit! U Phoe .."

" ဟုတ်ကဲ့ သခင်ကြီး "

" မနက်စာ ပြင်ပေးပါ ကျွန်တော်စားပြီး ယူသွားရအောင် နေ့လည်စာကို U. Phoe တစ်ယောက်ပဲ Oonအခန်းထဲဝင်ပြီး ပေးရမယ် ညစာကို ကျွန်တော်ပြန်လာမှ ယူသွားမယ် နေ့ခင်းတစ်ချိန်ပဲ U Phoeပဲ Oonအခန်းထဲဝင်ရမယ် ကျန်တဲ့သူတွေ ဘယ်သူမှ ဝင်စရာမလိုဘူး ဒီနေ့ပဲOonအခန်းရှေ့ မှာ စောင့်မယ့် အစောင့်နှစ်ယောက် လာလိမ့်မယ် "

" ကိုကို့ကို ဘာလို့ အဲ့လိုလုပ်တာလဲ Daddy ကိုကို့ကို မုန်းရင် ကွာရှင်းပေးပါ ကိုကိုက Daddy အဲ့လိုလုပ်ရင် သေသွားလိမ့်မယ် ကိုကိုက ရောဂါသည်ပါ "

Daddyလုပ်ရက်ကြောင့် kitမခံစားနိုင်ကာပြောလိုက်သည်။

" ရောဂါသည် ဟုတ်လား အဲ့ဒီရောဂါသည်က အများရဲ့ နှလုံးသားကို ကစားရုံတင်မကဘူး ခန္ဓာကိုယ်ပေးပြီးမှသာ ပျော်ပါးနေတဲ့သူ "

"ကိုကိုမဟုတ်ပါဘူး Daddy ! "

"Kit ! "

Singကျွန်တော်လက်ကို ကိုင်ထားသည်။
Singကိုချစ်တဲ့စိတ်နဲ့ ဘာမှမတက်နိုင်တဲ့ ကျွန်တော်ငိုကြွေးနေမိသည်။

ကောင်းငိုကြွေးနေတဲ့ Kitကို လျစ်လျူရှုကာ
အခန်းထဲ ဝင်လာလိုက်သည်။

"ရေချိုးပြီးပြီလား "

" ဟုတ်ကဲ့ ဦး "

" ဥက္ကဌလို့ ပဲခေါ်ပါ Oon. "

" ဦး ကုမ္ပဏီက ဝန်ထမ်းမှ မဟုတ်တော့တာ
မခေါ်နိုင်ဘူး "

"ခေါင်းမာတာပဲ ရော မနက်စာစား နေ့လယ်စာ U phoe လာပို့လိမ့်မယ် အခန်းထဲက ဘယ်မှမသွားနဲ့ သွားလို့လည်းမရပါဘူး ငါမင်းအခန်းရှေ့ မှာ အစောင့်တွေထားထားတယ် "

"ညီညီနဲ့တော့ တွေ့ချင်တယ် ဦး တစ်နေ့မှ ၁၅မိနစ်ပါပဲ "

" မရှက်ဘူးလားOon. . Kitမျက်နှာကို တွေ့ဖို့ မရှက်ဘူးလား မင်းက မင်းကိုအရမ်းချစ်တဲ့ ညီရဲ့ နာမည်တောင် သုံးစားနေတဲ့သူပဲ မင်း Kit ကိုတွေ့ ဖို့မရှီဘူး မင်းဖုန်းငါကို ပေးထားပါ "

ဦးပြောတာမှန်သည်။ ကျွန်တော်အသက်ဆက်ဖို့
ညီက ဒီလိုအလုပ်မျိုးကို လုပ်ခဲ့တာပဲ
အစ်ကိုမပီသတဲ့ကျွန်တော် ကိုယ့်ကိုယ်ကို
ရှက်သင့်သည်။ Oonဖုန်းထုတ်ပြီး ဦးကိုပေးလိုက်သည်။

  ⛪

Kit Pov

Daddy ခေါ်ထားတဲ့ အစောင့်နှစ်ယောက် ရောက်လာသည် Daddy က အစောင့်ကိုမှာနေတာ ကျွန်တော်နဲ့ Singတောင် ပေးမှဝင်ရဘူးတဲ့ အစောင့်တွေကိုမှာပြီး Daddy ကုမ္ပဏီကို ထွက်သွားသည် ကျွန်တော်အပေါ်ထပ်ပြေးတက်လိုက်ပြီ ကိုကို တံခါးကို ဖွင့်မယ့်လုပ်တော့ အစောင့်တွေ တားထားသည် ကျွန်တော် တံခါးကို ထုလိုက်ပြီး

" ကိုကို ....ကိုကို! "

" ညီညီ "

ကိုကိုအသံကြားတော့ Kitရင်နာသည်။

"ကိုကို အဆင်ပြေရဲ့လား ဘာလို့ အဲ့လိုလုပ်တာလဲ ဘာလိုညီညီအပြစ်ကို... ဘာလိုမကောင်းတဲ့ညီညီကို ကာကွယ်ရတာလဲ ကိုကို "

" ညီညီကြောင့် ကိုကိုအသက်ရှင်နေတာပါ ညီညီကြောင့် ဒီအချိန်ထိအသက်ရှင်နေတာပါ ကိုကို့ ကို အစွမ်းကုန် ဆေးကုပေးလို့ ကျေးဇူးတင်ပါတယ် ညီညီ အဲ့တာကြောင့် ပါးစပ်ကို ပိတ်ထားပါ ဦးကို စိတ်ဆင်းရဲအောင် ထပ်ပြီး ဘာမှမပြောပါနဲ့ Singကို အားနာပြီးတော့ပဲ ဖြစ်ဖြစ် ပါးစပ်ပိတ်ထားပါ "

" အဲ့လိုမပြောပါနဲ့ ကိုကို ကျေးဇူးတင်စရာလား အခုဘယ်သူမှ အားမနာချင်တော့ဘူး ကိုကို အဆင်ပြေရဲ့ လား နေကောင်းရဲ့လား "

" အင်း အဆင်ပြေပါတယ် ကိုကိုဘာမှမဖြစ်ပါဘူး "

" ညီညီကြောင့် ကိုကို ဒီလိုဒုက္ခတွေခံစားနေရတာ
ညီညီကြောင့် ...အဟင့်...ဟင့် "

" ဒုက္ခမဟုတ်ပါဘူး ဦးနားမှာနေရတာပါ
ကိုကိုပျော်ပါတယ် ညီညီ "

" အဟင့်....ဟင့်....ကိုကို "

   Singအရမ်းငိုကြွေးနေတဲ့ Kitကို ပွေ့ ခေါ်ပြီး အခန်းထဲ ခေါ်လာလိုက်သည်။ ငိုရလွန်းလို့ပင်ပန်းစွာ ကျွန်တော်ရင်ခွင်မှာ မေ့လဲသွားလို့ ဆရာဝန် ခေါ်လိုက်ရသည်။

ပျော်တော်ဆက်Where stories live. Discover now