Part 48
Oon Pov;
ကျွန်တော်ကို သွေးသွင်းပေးပြီး ဆရာဝန်ပြန်သွားသည် လစဉ်လတိုင်း ဒီလိုခံစားနေရတာကို မုန်းလာပြီ ကျွန်တော်စိတ်လျော့စေချင်ပြီ ဒါပေမဲ့ ကျွန်တော်ကို အရမ်းချစ်တဲ့ ဦးနဲ့ ညီညီကြောင့် စိတ်တွေပြန်တင်းထားမိပြန်ပြီ။
" ကလေး ဘာမှမစိုးရိမ်နဲ့နော် ဦးဘေးမှာရှီနေမှာ "
" ကုမ္ပဏီမသွားဘူးလား "
"အဲ့ဒါတွေက အရေးမကြီးပါဘူး ကလေးနေမကောင်းတဲ့ အချိန်တိုင်း ဦးက ကလေးဘေးမှာ ရှီနေမယ် "
"အဲ့ဒါဆို ဦးရဲ့ကုမ္ပဏီ ဒေဝါလီခံသွားရမှာပေါ့ "
" ဒေဝါလီခံရလည်းရတယ် ကုန်ကုန်ပြောရရင် ပိုင်ဆိုင်မှုတွေ တစ်ခုမှ မရှီလည်းရတယ်
စည်းစိမ်ဥစ္စာရှီတော့လည်း ဘာလုပ်ရမှာလဲ ဦးမှာ ပိုင်ဆိုင်တာတွေအများကြီးရှီပေမဲ့ ကလေးရောဂါကို ပျောက်အောင် မကုပေးနိုင်ဘူး "Daddy ကိုကို့ကိုပြောပြီး ကိုကို့ကို Daddyရင်ခွင်ထဲ ဆွဲပွေ့ထားသည် ကျွန်တော်အခန်းထဲက ထွက်လာပြီး မီးဖိုချောင် ထဲဝင်တော့ ဆန်ပြုတ်ပြုတ်နေတဲ့ Singကို တွေ့ရသည်
" ဆန်ပြုတ်ပဲ ဘာဆန်ပြုတ်လဲ "
"အမဲသားဆန်ပြူတ် အမဲသားက
သွေးအားကောင်းတယ် အားရှီတယ် "" ကျွန်တော်ကငါးဆန်ပြုတ် ပြုတ်ချင်တာကိုး "
" Kitလေးပင်ပန်းမှာဆိုးလို့
ကိုကလုပ်ပေးတာလေ "" ကို ဟုတ်လား "
" ဟုတ်တယ်လေ အိမ်ထောင်သည်ဖြစ်နေပြီ အခေါ်အဝေါ်ပြောင်းသင့်တာပေါ့ "
" မခေါ်ချင်ပါဘူး Sing လို့အဖျားစွပ်ခေါ်ရင် ပြီးပြီပေါ့ "
"Baby လေးကြိုက်သလိုခေါ် "
" Sing ဘယ်လိုဖြစ်နေတာလဲ နားရှက်စရာကြီး. "
" Daddyနဲ့အစ်ကိုတောင် ကိုတို့ရှေ့မရှောင့်
ခေါ်နေတာကို "" ကိုကိုက Daddy နဲ့စာရင် ကလေးပဲကိုး Daddy နဲ့ ကိုကိုက အသက်အများကြီး ကွာတာကိုး ဘာလဲ Singက အားကျနေတာလား "
" အင်း ကိုကိုဆင်းလို့ ခေါ်ပေးပါ့လား "
"ဆန်ပြုတ်ကျက်ပြီ မြန်မြန်ထည့်ပေးတော့ ကိုကို ဘာမှမစားပဲ အိပ်ပျော်သွားလိမ့်မယ် "
"ဟုတ် Baby "
Singဆန်ပြုတ်ထည့်ပေးတာနဲ့ ကိုကိုအခန်းထဲဝင်လိုက်တော့ Daddy ကိုကို့ကိုချော့သိပ်နေသည်။
" ကိုကိုအိပ်ပျော်သွားပြီလား "
"ကလေး "
ကိုကိုမျက်စီဖွင့်လာသည်
" ဆန်ပြုတ်သောက်ရအောင် ကိုကို "
ကိုကိုဂျီမကျပဲ ကျွန်တော်ခွံကျွေးတာကို စားသည် ခါတိုင်းကိုကို ဆေးကုရင် အစာတစ်ဇွန်းဝင်ဖို့ အရမ်းကြွေးရသည် အခုတော့ တစ်ဝက်ကျိူးအောင် စားသည် ဆန်ပြုတ်သောက်ပြီး ကိုကို့ ကိုဆေးတိုက်လိုက်သည် လက်မှာသွင်းထားတဲ့ အပ်ရာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည် သွေးသွင်းထားတုန်းကြောင့် ကိုကို မျက်နှာမလန်းပေ Daddy ရင်ခွင်ထဲမှာပဲ ကိုကိုအိပ်ပျော်သွားသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ