Part 41
Kit Pov
အခန်းထဲဝင်ဝင်ချင်း နိုးနေတဲ့ Singကို ဘယ်လိုပြောရမလဲ သူခံစားသွားမှာ ကျွန်တော်ကြောက်သည်။ ဒါပေမဲ့ မပြောလို့ဖြစ်တဲ့ ကိစ္စကို ကျွန်တော်ဘယ်လိုပြောရမလဲ
" Kit! အစ်ကိုနိုးပြီလား "
"အဖျားရှီလို့ ဆေးထိုးထားတယ် "
" အစ်ကိုမသက်သာသေးဘူးလား "
" အင်း Sing ကိုကိုမသက်သာတာတောင် ကျွန်တော်ဘာလို့ ဒီအခန်းထဲ ပြန်လာလဲ Singသိလား "
" အစ်ကိုက အတင်းနားခိုင်းလို့ လား "
" ကိုကိုအတင်းနားခိုင်းလဲ ကျွန်တော် ဘယ်လိုလုပ်နားမလဲ အခုကိုကိုက Daddy ရင်ခွင်ထဲမှာ နားနေတယ် "
"မဖြစ်ဘူး မဖြစ်နိုင်ပါဘူး "
" Sing! "
ကျွန်တော် Singကို ဖက်ထားလိုက်သည်
" အစ်ကိုက ဘာလို့ လက်ထပ်မှာလဲ
အစ်ကိုက ဘာလို့ အသက်ကြီးကြီး ကျွန်တော် Daddy ကိုမှ လက်ထပ်ချင်ရတာလဲ "" ချစ်လို့ ပါ ကိုကိုက Daddy ကိုချစ်လို့ ပါ "
Singကျွန်တော်ကို ဖက်ပြီး ငိုနေသည်
" ငိုချလိုက်ပါ ငိုလိုက်ပါ ခင်ဗျားခံစားရတာ ကျွန်တော်သိပါတယ် ခင်ဗျားချစ်တဲ့ ကိုကိုက ခင်ဗျားအမေနေရာဝင်ယူတော့မှာကို ခင်ဗျားခံစားရမယ်မှန်း ကျွန်တော် သိပါတယ် "
ကျွန်တော် Singကျောကိုပုတ်ပြီး နှစ်သ်ိမ့်လိုက်သည်
®®®®
Oon Pov
ဦးက အိမ်မှာပဲ Party လုပ်ကာ ဦးမိတ်ဆွေ ဧည့်သည့် အနည်းကျဉ်းနဲ့ ကုမ္ပဏီက ဝန်ထမ်းများကို ဖိတ်ကြားခဲ့ပြီး မင်္ဂလာဧည့်ခန်းပွဲကို ကျင်းပခဲ့သည် ပြီးတော့ မင်္ဂလာလူကြီး မင်းရှေ့ မှာ လက်ထပ်လက်စွပ်ကို အပြန်အလှန် စွပ်ပြီး ကတိသစ္စာပြုခဲ့လိုက်ကျသည်
"ကိုကို ဂုဏ်ယူပါတယ် "
" အင်း ညီညီ! Singရော့ "
" Singက "
ဝိုင်းတစ်ဝိုင်းမှာထိုင်ပြီး အရက်သောက်နေတဲ့ Singကို လက်ညှိုးထိုးပြလိုက်သည်
" သားလေးက အရက်သောက်နေတာပဲ
ဦးသွားလိုက်မယ် "" ဦး ကျွန်တော်သွားပါမယ် "
" ဖြစ်ပါ့မလား "
" ဖြစ်ပါတယ် "
Oon Singနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်သည်
" အစ်ကို "
" ကျွန်တော်ကိုလည်း တစ်ခွက်ပေးပါ Sing "
" အစ်ကိုကျန်းမာရေးကြောင့် မသောက်ပါနဲ့ "
"သိပါတယ် တစ်ခွက်ငှဲပေးပါ "
Singဖန်ခွက်ထဲ အရက်ထည့်ပြီး ကျွန်တော်ကိုပေးသည်။
"ခွက်တိုက်ရအောင် "
" ကျွန်တော်ကို ဂုဏ်ပြုစေချင်တာလား အစ်ကို "
" ပြောနေစရာလိုလို့လား Singကအရင်ဂုဏ်ပြုသင့်တာ မဟုတ်လား "
ပြတ်သားစွာပြောရက်လိုက်တာ
အစ်က်ုရယ် ကျွန်တော်အစ်ကိုနဲ့ ခွက်တိုက်လိုက်သည်"ဂုဏ်ယူပါတယ် အစ်ကို "
" ပါပါးလိုခေါ်ရမှာပါ Sing "
"ပါပါး! "
" ဟုတ်တယ် Singညီညီကို ချစ်ပေးပါဂရုစိုက်ပေးပါ ဒီလိုညမျိုးမှာ ညီညီကိုပစ်ပြီး မင်းအရက်ကို တစ်ယောက်တည်း မသောက်သင့်ဘူး "
ကျွန်တော် Singကို ပြောပြီး ထွက်လာခဲ့လိုက်သည် ဦးက ကျွန်တော်လက်ကိုကိုင်ကာ ကျွန်တော်တို့ နှစ်ယောက် မင်္ဂလာဦးညအတွက် ပြင်ဆင်ထားတဲ့ အခန်းကို ခေါ်လာခဲ့သည်
" သားလေးနဲ့ အဆင်ပြေသွားပြီလား "
" အင်း ဦး "
ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ကလေးကိုပွေ့ချီပြီး ကုတင်ပေါ် တင်လိုက်သည် ပြီးတော့ ကလေးနှုတ်ခမ်းကို နမ်းလိုက်သည်
" အရမ်းလှတဲ့ သတို့သားလေးပဲ "
" ဦးရောပဲ အရမ်းခန့်တယ် "
ကျွန်တော်ကလေးအင်္ကျီကို ချွတ်လိုက်ပြီး မီးပိတ်လိုက်သည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ