Part 40
Kit အံအားသင့်သွားပြီး တွေးမိသည်။
ကိုကိုမှာချစ်သူရှီတယ်လို့ ကျွန်တော်မကြားဖူးပဲ
အခုကိုကိုပြောလိုက်တာ လက်ထပ်မယ်တဲ့" ဘယ်သူနဲ့လဲ ကိုကို "
" Singရဲ့ Daddyနဲ့ပါ "
" ဗျာ! "
ကျွန်တော်အံသြလွန်းလို့ မှင်တက်ပြီး ရပ်နေမိသည် ကိုကို ကုတင်ပေါ်ကဆင်းပြီး ကျွန်တော်လက်ကိုကိုင်ပြီး ကုတင်ပေါ်မှာ ထိုင်ခိုင်းကာ
" ကိုကိုကရောဂါသည်ပါ ဦးကိုလက်ထပ်ပြီး
ဒုက္ခမပေးချင်ပါဘူး ဒါပေမဲ့ ကိုကို လက်ထပ်တာ အကြောင်းရှီတယ် ""ဘာအကြောင်းလဲ ကိုကို "
" အခုတော့ မပြောချင်ဘူး ကိုကိုပြောချင်တာက ညီ.. "
ကိုကိုပြောရင်းမောလာကာရပ်သွားသည်။
" ကိုကို..."
" ညီအပေါ် ပြသာနာတစ်ခုခု ကြုံလာရင် ကိုကိုဖြေရှင်းပေးချင်တယ် ညီညီက ကိုကိုစကားကိုသာ နားထောင်ပေးပါ "
" Daddy က ကိုကို့ကို လက်ထပ်မယ့်လို့ ခွင့်တောင်းတယ်ပေါ့ Daddy က ကိုကိုထက် အသက်အများကြီး ကြီးတယ်လေ "
" ဦးကို ကိုကိုချစ်တယ်ညီညီ "
"တကယ်လား ကိုကို "
" အင်း ကိုကိုကဦးကို အရမ်းချစ်တယ် "
" ဟုတ်ကဲ့ ညီညီသိပါပြီ ကိုကိုပြန်လှဲလိုက်နော်
ကိုကိုဖျားနေပြီ ဆရာဝန်ခေါ်မှ ဖြစ်မယ် "Kirstချက်ခြင်းပဲP'Pem ကို လှမ်းခေါ်လိုက်သည်။ ကိုကိုအဖျားသက်သာစေရန် Pက ကိုကို့ ကို ဆေးထိုးပေးသည် P'Pemက ကိုကို့ ကို ဆေးပုံမှန်တိုက်ဖို့ ရက်အတိအကျသွေးသွင်းဖို့ ကျွန်တော်ကို မှာသွားသည်။ ကျွန်တော် ကိုကို့ ကို ရင်ခွင်ထဲထည့်ထားလိုက်သည် Daddy အခန်းထဲဝင်လာပြီး
" အစောကြီးပဲဆရာဝန် ရောက်လာတယ်
Oonမသက်သာဘူးလား ""ကိုကိုအရမ်းဖျားနေလို့ ပါ Daddy! "
Daddy ကုတင်ပေါ်မှာထိုင်ပြီး ကိုကိုနဖူးကိုစမ်းရင်း ကိုကိုလက်ကို ကိုင်ထားသည်။ ကိုကိုက
ကျွန်တော်ရင်ခွင်ထဲက ခွာပြီး"ညီညီ တစ်ညလုံး ပင်ပန်းနေပြီ သွားနားပါတော့ "
ကျွန်တော်အခြေအနေကို နားလည်စွာပဲထလိုက်သည်။
" Daddy ကိုကို့ကိုဂရုစိုက်ပေးပါ "
Daddy အံသြစွာ ခေါင်းညိတ်သည်။
ကျွန်တော်အခန်းထဲက ထွက်လာခဲ့လိုက်သည်။ နောက်ဆို ကိုကိုက ကျွန်တော်ရင်ခွင်ကို လိုအပ်တော့မှာ မဟုတ်ဘူးပဲ"ဦးကို လက်ထပ်မယ်လို့ ညီညီကို
ကျွန်တော်ပြောလိုက်ပြီ "ညီထွက်သွားတာနဲ့ချက်ခြင်းပဲ
Oon ဦးကိုပြောလိုက်သည်။"တကယ်လား ကလေးက ဦးကို တကယ်လက်ထပ်မှာလား "
ကလေးခေါင်းညိတ်သည် ကျွန်တော် ကလေးနားမှာ ထိုင်လိုက်ပြီး ကလေးကို ရင်ခွင်ထဲထည့်ထားလိုက်သည်
" ဦး ဒီနေ့ ကုမ္ပဏီမသွားတော့ဘူး ကလေးနားမှာပဲနေမယ် တစ်နေ့ကုန် ကလေးကို ဦးရင်ခွင်ထဲမှာပဲ
ထားမယ် "" Sing မြင်သွားရင်ရော. "
" ကလေးက ဦးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ
ဦးလဲ သားလေးကို အသိပေးရတော့မှာပေါ့ "" ဘာပွဲမှ မလိုပါဘူး ဦး ကျွန်တော်နဲ့ ဦးအတူနေခွင့်ရယုံပဲ ကျေနပ်ပါတယ် "
"ကလေးအတွက် လက်စွပ်တော့လိုတယ်လေ ဦးနဲ့ကလေးရဲ့ ဘဝလက်တွဲဖို့ ဦးကလေးကို လက်စွပ်လေးနဲ့ ချည်နှောင်လိုက်မယ် "
ကောင်းပျော်ရွှင်ပြီးဆိုလိုက်သည်။
ပျော်လွန်းလို့ ကလေးကိုချက်ခြင်းပဲ
မြတ်နိုးကာနမ်းလိုက်သည်။" ဦး ကျွန်တော်အိပ်ချင်တယ်
ဒီအတိုင်းပဲနေလိုရတယ် မဟုတ်လား ""ရတာပေါ့ ကလေးရယ် အခုကလေးက ဦးရဲ့ပိုင်ဆိုင်သူ ဖြစ်နေပြီလေ "
ကလေး ကျွန်တော်ရင်ခွင်ထဲမှာ အိပ်ပျော်သွားသည်။
မြတ်နိုးရတဲ့ကလေးရယ် အရမ်းချစ်တယ်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ