Part 62

2.6K 163 9
                                    

Part 62

" အစ်ကိုလေး ဖုန်းကိုင်ပြီးဘာလုပ်နေတာလဲ  "

   ကျွန်တော်ဦးကို သတိရလို့ ဖုန်းဆက်ချင်ပေမဲ့
တွေဝေနေသည်။ အခုဆို အရင်ကထက်ပိုပြီး
သတိရတယ် လွမ်းတယ်။ အရင်က ဦးနဲ့ ခွဲနေလဲ
နေနိုင်လောက်မယ် ထင်ခဲ့ပေမဲ့ အခုကိုယ့်ဝန်လဲရှီရော့  ပိုလွမ်းနေသလိုပဲ

"ဘာမှမလုပ်ပါဘူး  "

" အဲ့တာဆို အိပ်တော့လေ အစ်ကိုလေး  "

" အင်း Jack  "

Jack ကျွန်တော်ကို စောင်ခြုံပေးပြီး မီးပိတ်လိုက်သည်။

" Daddy  နွားနို့  "

" အင်း "

   ကျွန်တော့် Daddy စာကြည့်အခန်းထဲ နွားနို့ ပို့ပေးပြီး  စကားပြောချင်လို့ ရပ်စောင့်နေမိသည်

" ဘာပြောမလို့လဲ Kit  "

" ကိုကိုက Daddyကို အမြဲတမ်းမေးတယ်  ကျွန်တော် ကိုကိုဆီသွားတိုင်း Daddy
နေကောင်းလား အဆင်ပြေလား အမြဲမေးတယ်   "

" ဟုတ်လား  "

" အဲ့လိုပဲ Daddyကလည်း ကိုကို့ကို စိတ်ပူလို့
ကျွန်တော့်ကို အမြဲမေးတယ် မဟုတ်လား
Daddy ကိုကိုကရောဂါသည်ပါ
ရောဂါရှီတဲ့ဆိုတဲ့ အားနည်းချက်ကြောင့်
Daddyကို ရှောင်နေတာ အားနာနေတာပါ
ကိုကိုစိတ်ထဲမှာ Daddyပဲရှီပါတယ်  "

  မပြောစဖူး လေးနက်စွာပြောနေတဲ့Kitကို
တည့်တိုးမေးလိုက်သည်။

"Kit! Daddyကိုဘာပြောချင်နေတာလဲ   "

" ကျွန်တော့်တို့ မိသားစုအရင်လိုပျော်ပျော်ရွှင်ရွှင် ပြန်နေလို့မရဘူးလား Daddy ကိုကို့ကို တစ်ယောက်တည်း ထားရတာ
ကျွန်တော်စိတ်မချလို့ပါ   "

" အခု Oonက နေရတာအဆင်မပြေဘူးလား  "

"အဆင်ပြေပေမဲ့  ..."

" အဲ့တာ သူနေချင်တဲ့ ဘဝမျိုးပါ Kit  "

" .Daddy!   "

" သွားနားတော့လေ Kit  "

" ဟုတ်ကဲ့  "

   Daddy အခန်းထဲထွက်လာတဲ့ Kitမျက်နှာမကောင်းဘူး Kit ဘာဖြစ်လာပါလိမ့်

" ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ဘူး "

   Kit ဗန်းကို မီဖိုးချောင်ထဲ သွားထားပြီး အိပ်ခန်းထဲ ဝင်သွားသည်။ ကျွန်တော့် Kitပါးလေးကို လိမ်ဆွဲလိုက်ပြီး

" ကိုယ့်ရဲ့ အချစ်ကလေး ဘာဖြစ်  "

" ဘာမှမဖြစ်ပါဘူးဆို "

Kit ကုတင်ပေါ်မှာစောင်ခြုံပြီးလှဲလိုက်သည်။

" ဒီဘက်မလှည့်တော့ဘူးလား  "

Kitကျွန်တော် ရင်ခွင်ထဲတိုးဝင်လာသည်
ကျွန်တော့် Kitဆံပင်ကိုနမ်းလိုက်ပြီး

" ပါပါးနေကောင်းလား  "

"ဟင့်အင်း မကောင်းဘူး  "

" ပါပါးဘာဖြစ်တာလဲ  "

" စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ပါဘူး
ဒါပေမဲ့ အရမ်းအားနည်းနေတယ် ပြီးတော့ ကိုကိုက
Daddy ကိုအမြဲမေးတယ် "

" Daddy လည်းပါပါးကိုမမေ့ပါဘူး Kit  "

" ဒါပေမဲ့ ကိုကိုက အဝေးမှာတစ်ယောက်တည်း
စိတ်မချဘူး "

" စိတ်မချရင် ဟော့ဒီက Babyလေးက
နေ့တိုင်းနေ့ သွားကြည့်ပေါ့
ဆိုင်ကမန်နေဂျာနဲ့ စိတ်ချရတယ် မဟုတ်လား  "

"အင်း  "

   ကျွန်တော် Kit ကျောကို ပုတ်ပြီး သိပ်လိုက်သည်။  Baby လေးက ကျွန်တော့် မသိပ်ရင်လည်း
မအိပ်တက်တော့တဲ့ ကလေးလေး အရမ်းချစ်တယ်။

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

ပျော်တော်ဆက်Where stories live. Discover now