Part 55
Sing Pov;
Daddy ကို ဒူးထောက်နေရင်း ကျွန်တော် Daddyအမေးကြောင့် Daddyကိုကြောက်နေမိတယ်
" အလိမ်အညာတစ်ခွန်းမှ မပြောတက်တဲ့ Daddyသား အလမ်အညာကိုမကြိုက်ပဲ အမှန်တရားကို မြတ်နိုးတဲ့ Daddyသားက
Oonလိမ်နေတာကိုး မင်းကိုယ့်တိုင် သိရဲ့သားနဲ့ ဘာလို့ တိတ်ဆိတ်နေတာလဲ Kitကို ချစ်လို့ Kitကို ကာကွယ်ချင်လို့ Oonကို.. မင်းတို့ "ကောင်းပြောရင်း အသံတွေတိမ်ဝင်သွားသည်။
" တောင်းပန်ပါတယ် Daddy.. ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က Kitကို ပျော်တော်ဆက်မှန်းသိသိကြီးနဲ့ မြတ်မြတ်နိုးနိုး လက်ထပ်ချင်ခဲ့တာပါ Kitက ရိုးသားဖြူစင်တဲ့ သူပါ Daddy. .. Kitက
ပါပါးရဲ့ဆေးဖို့ကြောင့် ဒီလိုအလုပ်မျိုးကိုမလုပ်ချင်ပဲ လုပ်ခဲ့ရတာပါ ""ငါမေးတုန်းက မင်းတို့ အမှန်အတိုင်းပြောပြသင့်တယ် "
"ကျွန်တော့်ပြောပြချင်ပေမဲ့ ပါပါးက ရုတ်တရက် အိမ်ပေါ်ထပ်ကဆင်းလာပြီး Kit ကို ကာကွယ်လိုက်မယ့်လို့ မထင်လို့ပါ Daddy "
" Daddyသိတယ် အဲ့ဒါကြောင့် အဖြစ်မှန်ကို သိသိချင်း Daddy. Kitကို ဒေါသမထွက်ပဲ Oonကိုပိုဒေါသထွက်တာ Oonက ပျော်တော်ဆက်တစ်ယောက်မို့ လို့ထက် သူဘာကြောင့် Daddyကို လက်ထပ်ခဲ့လဲဆိုတာကို Daddy သိလို့ ပိုဒေါသထွက်တယ် သူကြောင့်ပျော်တော်ဆက် ဖြစ်သွားတဲ့ သူညီကို ကာကွယ်ချင်လို့ Daddyကို အသုံးချတာ Daddyအချစ်ကို အသုံးချလိုက်တာ "
" Daddy!... "
Daddy ဝမ်းနည်းစွာ အခန်းထဲက ထွက်သွားသည် Kit အခန်းထဲဝင်လာပြီး
" ဘာတဲ့လဲ Sing! .. ကိုကို့ကိုကျွန်တော်တွေ့ ခွင့်ရပြီလား ကိုကိုနေမကောင်းဘူး "
ကျွန်တော့် Kit ကိုဖက်ထားလိုက်သည်
" အရမ်းချစ်တယ် Kit ...
ကျွန်တော့် Kitကိုချစ်တယ် "" ရုတ်တရက်ကြီး ဘာလာပြောနေတာလဲ "
" ပါပါးက Daddyကို မချစ်ဘူး "
" Sing!! "
©©©
ကောင်းအခန်းထဲဝင်တော့ ကုတင်ပေါ်မှာထိုင်နေတဲ့ Oonကိုတွေ့သည်
" မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ နေမကောင်းဖြစ်နေတာကိုး မအိပ်ဘူးလား "
" ကျွန်တော် အိပ်မပျော်ဘူး ဦး "
နေမကောင်းရင် ရင်ခွင်ထဲထည့်ထားမှ အိပ်တက်တဲ့ Oonအကျင့်ကို ကျွန်တော်သိရဲ့သားနဲ့ တစ်နေ့ ကုန် ပစ်ထားမိတယ် ကျွန်တော်အဝတ်အစားအရင်လဲလိုက်သည် အဝတ်အစားလဲပြီး ကုတင်ပေါ်လှဲလိုက်ကာ လက်ကိုဆန့် လိုက်သည် ကလေး ကျွန်တော်ရင်ခွင်ထဲဝင်ပြီး
" ကျေးဇူးတင်ပါတယ် ဦး "
ကျွန်တော်ကလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး မျက်ရည်တွေ အစီးအတားမရှီကျနေမိသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ