Part 25
"ကလေးဘယ်လိုလဲ ဦးဝတ်ထားတာ အဆင်ပြေလား "
" အရမ်းခန့်တယ် ဦး "
" ခန့်တယ်လို့ပြောတဲ့ မျက်နှာကလည်း သုန်မှုန်နေတာပဲ ကလေး ဘာကြောင့် အပြုံးမရှီတာလဲ "
" ကျွန်တော်ပြုံးတက်ပါတယ် ဦး "
" ဟုတ်လား ကလေးက ပြုံးတက်တယ်ပေါ့
ဦးမြင်ဖူးချင်လို့ ပြုံးပြပါလား ""ဦး ကျွန်တော် အလုပ်ရှီသေးလို့ .."
ရှောင်ထွက်ဖို့ပြင်နေတဲ့ ကလေးလက်ကို ဖမ်းဆွဲလိုက်သည် ရင်ခွင်ထဲရောက်သွားတဲ့ ကလေးခန္ဓာကိုယ့်ကို ဖတ်ထားလိုက်သည်
" ဦး "
ရုန်းကန်နေတဲ့ ကလေးကို တင်းနေအောင် ဖက်ထားလိုက်ပြီး
" ဒီအတိုင်းလေးနေပေးပါ ကလေး "
"ကုမ္ပဏီမှာ သူများမြင်ရင်.. "
" ဦးရုံးခန်းထဲကို ဦးခွင့်ပြုချက်မရပဲ ဘယ်သူဝင်ရဲမှာလဲ "
" ကျွန်တော် အလုပ်. ... .."
" ချစ်တယ် ကလေး "
ချစ်တယ်ဆိုသောစကားကြောင့် Oon
ရင်ခုန်သံမြန်လာသည်။" ဗျာ!"
" ကလေးကိုချစ်တယ် မြတ်မြတ်နိုးနိုးနဲ့
ချစ်တာပါ ""ကျွန်တော်က ..."
" သိပါတယ်ကလေး ဦးသိပါတယ် ကျန်းမာရေးမကောင်းတဲ့ ကလေးနားမှာ နေရာတာ ဒုက္ခလို့ ဦးမမြင်ပါဘူး ဦးကို ချစ်လား ကလေး "
" အခု ဦးဖက်တာကို ကျွန်တော်ငြိမ်ခံနေပြီပဲ မေးနေစရာလိုသေးလို့ လား "
" အဲ့ဒါဆို ကလေးက ဦးကိုချစ်နေတယ်ပေါ့ "
ကျွန်တော်ပျော်ပြီး ကလေးကို ရင်ခွင်ထဲက ဆွဲထုပ်ပြီး ကလေးနှုတ်ခမ်းကို နမ်းလိုက်သည်
" ဦး ကလေးကို လက်ထပ်ချင်တယ်
လက်ထပ်ခွင့်ပေးပါ "" အဲ့တာတော့ မဖြစ်ဘူး ကျွန်တော်ကို ချစ်ရင် အဲ့တာတော့မတောင်းဆိုပါနဲ့ ကျွန်တော်တောင်းပန်ပါတယ် "
" ကလေး စိတ်ငြိမ်ငြိမ်ထားပါနော် ဦးသိပါပြီ "
ကျွန်တော် သနားစရာကောင်းတဲ့ ကလေးကို ဖက်ထားလိုက်သည် ကလေးကို ချစ်တဲ့ အချစ်နဲ့ ဦးကြိုးစားမှာပါ ကလေးရောဂါအတွက် အကောင်းဆုံး အတော်ဆုံးဆရာဝန်တွေနဲ့ ကုပြီး ကလေးအသက်ကို ဆွဲဆန့် နိုင်အောင် ကြိုးစားမှာပါ
©♥©®®
Oonကုမ္ပဏီကပြန်အလာ ကားတစ်စီး ကျွန်တော်ရှေ့ မှာ ပိတ်ရပ်ပြီး လူနှစ်ယောက်ကားပေါ်ကဆင်းလာသည်
" ကြောင်လေးမင်းကို ကိုယ့်လွမ်းနေတာ
ဒီနေ့ည ကိုယ့်နဲ့နေပါ့လား "" ဗျာ "
" ဘာလဲ မင်းက တကယ်သူများတွေပြောသလို သူဌေးသားမက်ဖြစ်နေတာလား အခု မင်းပုံစံကြည့်ရတာ သူဌေး သားမက်နဲ့မတူပါဘူး ဒီညလိုက်နေ ကိုယ့်မင်းကို ပိုက်ဆံများများပေးမယ် "
" လူမှားနေတယ် "
ထိုလူနှစ်ယောက် ကျွန်တော်ကို ကြည့်ပြီးပြုံးနေသည်
" နော့ မင်းကောင်လေးက လူမှားနေတယ်တဲ့ "
" မမှားပါဘူး ထွန်းငါတို့ ပျော်တော်ဆက်
Kit ရုပ်ကို ငါနှလုံးသားထဲမှာ သူရုပ်သွင် ကဗျည်းထိုးပြီးသား မှားစရာ အကြောင်းမရှီဘူး "သူတို့ပြောနေတာက နားမခံနိုင်အောင် ရှက်စရာကောင်းတဲ့ စကားဖြစ်နေတာကြောင့် သူတို့နားက ရှောင်ထွက်လာခဲ့သည်။ လူတစ်ယောက်က ကျွန်တော်ကို ဖမ်းဆွဲပြီး
" ဒီအတိုင်းထွက်သွားလို့ရမလား "
" လွှတ်....လွှတ်ပါ တောင်းပန်ပါတယ် "
ထိုလူကျွန်တော်ကို ဆွဲခေါ်ပြီး ကားပေါ် အတင်းတက်ခိုင်းနေသည်
®®® ဆက်ရန်
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ