Part 42

2K 142 16
                                    

Part 42

မနက်မိုးလင်းတော့ ကျွန်တော်ကလေး မလှုပ်နိုင်တာကြောင့် ကျွန်တော် ကိုယ့်တိုင်ရေချိုးပေးပြီး အဝတ်အစား ဝတ်ပေးလိုက်သည်။ 

"မနက်စာတော့ ဆင်းစားရအောင်နော် ကလေး
ပြီးမှပြန်နား "

" ကုမ္ပဏီမသွားရတော့ဘူးလား ဦး  "

" အင်း ကလေးပင်ပန်းနေတယ် ကုမ္ပဏီမလိုက်ခဲ့နဲ့  "

" ဒီလထုပ်ကုန်အသစ်အတွက် ဒဇိုင်းမဆွဲရသေးဘူး "

ကောင်းအတွက်အဓီကက ကလေးနေကောင်းဖို့ပဲဖြစ်သည်။

" ကိစ္စမရှီဘူး အိမ်မှာအပြည့်အဝနား ကလေးအားပြည့်မှ ဒဇိုင်းဆွဲ ဟုတ်ပြီလား  "

" ဟုတ်ကဲ့ ဦး အရမ်းချစ်တယ်  ကျွန်တော်အပေါ်အရမ်းကောင်းတာပဲ "

" ဒီလောက်လေးကောင်းရုံနဲ့ ချစ်လို့ဘယ်ဖြစ်မှာလဲ ဦးက ဒီထက်ပိုပြီး ကလေးကိုပိုဂရုစိုက်ပေးမယ်  "

ကျွန်တော် ကလေးကို ပွေ့လိုက်တော့

" ဦးဘာလုပ်တာလဲ အောက်ဆင်းမလို့ဆို   "

"အင်းလေ ကလေးကို ဒီအတိုင်းပွေ့ခေါ်သွားမလို့   "

" ဟာ ဦးကလဲ ကျွန်တော်ကို အောက်ချပေးပါ ညီညီ နဲ့ သားလေးကို မျက်နှာပူတာပေါ့. "

Singကို သားလေးလို့ ခေါ်လိုက်တဲ့ ကလေးကြောင့် ကျွန်တော်ရယ်ချင်သွားသည်။

" သားလေးဟုတ်လား ကလေးက သားလေးလို့ မခေါ်လဲရပါတယ် ကလေးနဲ့ Singက အသက်မှ သိပ်မကွာတာ  "

" ဒါပေမဲ့လည်း ကျွန်တော်နဲ့ ဦးက လက်ထပ်ထားတော့ သူက ကျွန်တော်သားပဲကိုး  "

"ဟုတ်ပါပြီ ပါပါးပေါက်စလေးရယ် "

" အဲ့ဒါကြောင့် သားတွေအရိုအသေမတန်အောင် အောက်ချပေ့းပါ  "

" အမိန့်တော်မြတ်တိုင်းပါ  "

အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးလက်ကို တွဲပြီး အောက်ဆင်းလာလိုက်သည်။

" သားလေး နဲ့ Kitက  အတူတူ မနက်စာပြင်နေပါ့လား "

ကူလုပ်နေသောSingကိုမြင်ကာ ကောင်းပြောလိုက်သည်။

" ပါပါးအသစ်အတွက်  ပထမဆုံးနေ့မှာ ကျွန်တော် မနက်စာကို ကိုယ့်တိုင်ပြင်ပေးချင်လို့ ပါ  "

"ကျေးဇူးတင်ပါတယ် သားလေး "

ကိုကိုက Singကို သားလေးလို့ အလွယ်တကူ ခေါ်ထွက်တာကို ကျွန်တော် အံသြသွားသည်။ ကျွန်တော်နဲ့ ကိုကိုက အရမ်းချစ်တဲ့ အမွှာညီအစ်ကိုဆိုပေမဲ့ လူတွေက ကျွန်တော်မျက်နှာကြည့်ရင် ဘာဖြစ်လဲ တန်းသိသည် ကိုကိုစိတ်ကျတော့ အရမ်းခန့်မှန်းရခတ်တယ်  ကိုကိုစိတ်ကို ကျွန်တော်တောင် အပြည့်အဝမခန့်မှန်းနိုင်ပေ အခုလည်း မယုံကြည့်နိုင်စွာပဲ ကိုကိုက Singရဲ့မိသားစုဝင်ဖြစ်သွားသည်။ 

"P'အတွက်နွားနို့ ပြီးတော့ ကျွန်တော်ကိုယ့်တိုင် ထမင်းကြော်ထားတာပါ စားကြည့်ပါအုန်း. "

ကလေးနဲ့ သားလေးအဆင်ပြေနေတာကို ဝမ်းသာမိသည်

"ကလေးက အရမ်းကံကောင်းတာပဲ ဦးသားက ဦးအတွက်တောင် ဘယ်တော့မှ မနက်စာပြင်ပေးတာ မဟုတ်ဘူး   "

" အခု ကျွန်တော်ကြောင့် ဦးသားလက်ရာ စားရပြီလေ  "

" ဟုတ်တာပေါ့ ကလေးကျေးဇူးကြောင့်ပဲ  "

ကိုကိုနဲ့ Daddy ကို ကြည့်ပြီး စိတ်ချမ်းသာမိသည် ကိုကိုမျက်နှာလန်းနေသည် ကိုကိုပျော်နေတယ်ဆိုရင် ညီညီကျေနပ်ပါတယ်

" Kit စားလေ ဆိုင်သွားရအုန်းမယ် "

"အင်း Sing "

" ညီညီက ကားမောင်းမကျွမ်းဘူး သားSing အဲ့ဒါကြောင့် ဆိုင်အပို့အကြိုကို သားSingကပဲ လုပ်ပေးပါ. "

" ဟုတ်ကဲ့အစ်ကို..အဲ..ပါပါး "

" အခေါ်အဝေါ်ကို အတင်းလုပ်မယူပါနဲ့
ဖြေးဖြေးချင်းသွားတာပေါ့  "

"ဟုတ်ကဲ့ အစ်ကို "

ကျွန်တော်အစ်ကို့ကို ပါပါးလို့ခေါ်ဖို့ ခက်ခဲပေမဲ့ အစ်ကိုကတော့ ကျွန်တော်အပေါ်အလွယ်တကူ သားလေးလို့ ခေါ်နိုင်တယ်နော်

ပျော်တော်ဆက်Where stories live. Discover now