Part 46

2.2K 160 18
                                    

Part 46

" မဟုတ်ဘူး!...မဟုတ်ဘူး! "

ကျွန်တော်ရင်ခွင်ထဲ အိပ်နေတဲ့ ကိုကို ထယောင်လာတာကြောင့် ကိုကိုတို့ အခန်း ဝရန်တာရှေ့မှာ ပုံဆွဲနေတဲ့ Singကပါ ပြေးလာသည်။ ကျွန်တော်ရင်ခွင်ထဲမှာ အိပ်ရရင် ကိုကို ငြိမ်းငြိမ်းချမ်းချမ်းအိပ်နေကျပါ တစ်ခါမှာ ဒီလို တိတ်လန့်တကြား ထမအော်ဖူးပေ

" ကိုကို...ကိုကို "

ကိုကို ကျွန်တော်ကိုဖက်
တင်းတင်းကျပ်ကျပ်ကိုဖက်ထားသည် Singto က ဖန်ခွက်ထဲ ရေထည့်ပြီး

" ရေနည်းနည်းသောက်လိုက်ပါ အစ်ကို"

ကျွန်တော်ကိုကို့ ကိုရေတိုက်လိုက်ပြီး ကိုကိုနဖူးကို စမ်းလိုက်တော့ ကိုယ့်ပူနေသေးတယ်

" မရတော့ဘူးSing ဆရာဝန်ခေါ်မှ ဖြစ်မယ် "

" မခေါ်ပါနဲ့ ...မခေါ်ပါနဲ့ ဆေးအနံတွေကို မုန်းလာပြီ မခေါ်ပါနဲ့ "

ကိုကိုကမခေါ်ဖို့ တရစပ်ပြောသည်။

" ကိုကို မခေါ်လို့မရဘူး အဖျားကကြီးလာပြီ ဆေးထိုးမှ သက်သာမှာ "

" ဟင့်အင်း မခေါ်ပါနဲ့ "

ဖျားရင် ကလေးဆိုး ဆိုးတက်တဲ့ အစ်ကိုကြောင့် Kit ဘာလုပ်ရမှန်းမသိဖြစ်နေသည် ကျွန်တော်လဲ အစ်ကိုသဘောမတူပဲနဲ့ ဆရာဝန်ကို လှမ်းဆက်ဖို့ကလည်း မဖြစ်နိုင်ဘူး

" ကလေး! "

Daddy ပြန်လာပြီး အစ်ကို့ကိုခေါ်လိုက်သည်

" ကလေးကိုယ့်ပူနေတာပဲ "

" အဲ့တာပြောနေတာ Daddy ဆရာဝန်ခေါ်ဖို့ကို ကိုကိုက သဘောမတူဘူး ဖြစ်နေတယ် "

"ကလေးဆေးထိုးမှ သက်သာမှာလေ "

"ဟင့်အင်း မထိုးပါဘူးဆို "

ကိုကို ကျွန်တော်ရင်ခွင်ထဲက ခွာပြီး Daddy ရင်ခွင်ထဲဝင်ပြီး ချွဲနေသည် Daddy ကိုကိုနဖူးကို ကျွန်တော်ရှေ့ မှာပဲ နမ်းပြီး

" အဖျားကြီးရင် ကလေးရောဂါဆိုးနေလိမ့်မယ်
ဦးပြောတာ နားထောင်နော် "

ကိုကိုခေါင်းရမ်းသည်

"တစ်ပတ်ခါဆို သွေးသွင်းရက်ရောက်ပြီ ဆေးကုရမှာ ဆေးတွေ ငြီးငွေ့နေပြီ အခုတော့ ကြိုပြီး ဆေးမထိုးပါရစေနဲ့ "

" ကိုကို ...ကိုကို "

" အင်းပါ ဦးသိပါပြီ "

Daddy ရင်ခွင်ထဲကကိုကိုကျောကို ပုတ်ပြီး ချော့သိပ်နေသည် ကိုကို ပင်ပန်းစွာ ပြန်အိပ်ပျော်သွားသည် ကျွန်တော် အောက်ထပ်က ရေနွေးအိတ်ယူကာ Daddy ရင်ခွင်ထဲက ကိုကိုနဖူးကို အဝတ်အုပ်ပေးလိုက်သည်

" ကလေးလတိုင်း ရောဂါဝေဒနာခံစားနေရတာ မကြည့်ရက်တော့ဘူး ခတ်တာက ဒီကင်ဆာကို ပျောက်တဲ့ဆေးက မရှီဘူးလားမသိဘူး ရှာမတွေ့ ဘူးဖြစ်နေတယ် "

" ကိုကိုက မွေးလာကတည်းက ကျန်းမာရေး သိပ်မကောင်းတာပါ အထက်တန်းလည်းရောက်ရော့ ကိုကိုကျန်းမာရေး အခြေအနေက တစ်လတစ်ခါ သွေးသွင်းရတဲ့အထိ ဆိုးလာတာ ကိုကိုရောဂါက ပျောက်ဖို့ မသေချာတော့ဘူး ဆေးနဲ့ သွေးနဲ့ပဲ အသက်ဆက်နေရမှာ "

Kit ပြောရင်းနဲ့ မျက်ရည်ကျလာသည် Daddy နဲ့ ကျွန်တော်လဲ Kit ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရသည် အစ်ကိုရဲ့ အသက်က အချိန်မရွေး ဆုံးရှုံးနိုင်တဲ့ဆိုတဲ့ အသိဟာ Kit ရင်ထဲမှာ စိုးမိုးနေပြီး Kit ဘယ်လောက်ထိ တုပ်လှုပ်နေရခဲ့လဲ ဘယ်လောက်ထိ ကြောက်လန့်ခဲ့ရလဲ သူတစ်ယောက်တည်းကျန်ခဲ့မှာကို တော်တော်တွေးပူပြီး အထီးကျန်နေခဲ့မှာပဲ

ပျော်တော်ဆက်Where stories live. Discover now