Part 44

2K 156 9
                                    

Part 44

Sing Pov;

  ကြောင်လေးကတော့ ကျွန်တော်သီချင်းဆိုသိပ်ပေးလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပေမဲ့ ကျွန်တော်ကအိပ်မပျော်နိုင်ဘူး  ကျွန်တော်ကို ချစ်တယ်ပြောတဲ့ Kitလေးက ကျွန်တော်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို့ အိပ်ပျော်နေသည် ကျွန်တော် လည်းKitကို ချစ်တယ်လို့ ပြန်ပြောချင်ပေမဲ့ ကျွန်တော်နှုတ်ကထွက်မလာဘူး တစ်နေ့နေ့တော့ Kitစိတ်ချမ်းသာအောင်  Kitကြားနိုင်အောင် ကျွန်တော်ပြောထွက်ချင်ပါတယ်  အိပ်မရတဲ့အဆုံး ဝရန်တာထွက်လိုက်တော့ ခြံထဲက ဒန်းပေါ်မှာ ထိုင်နေတဲ့ အစ်ကို့ကို တွေ့သည် ဒီအချိန်ထိမအိပ်သေးပဲ ဘာထိုင်လုပ်နေပါလိမ့်  ကျွန်တော် ချက်ခြင်းပဲ စာအုပ်ကို ယူကာ ခြဲထဲမှာ ထိုင်နေတဲ့ အစ်ကိုပုံကို ဆွဲလိုက်သည် ကျွန်တော်ပန်းချီဆွဲပြီးတဲ့အထိ
အစ်ကိုထိုင်နေတုန်း  အပေါ်ဝတ် ခြုံထည်ကိုယူကာ ခြံထဲဆင်းလာလိုက်သည်။

" အစ်ကို!  "

ကျွန်တော်ခေါ်တော့အစ်ကိုလှည့်ကြည့်သည်။ အစ်ကို အပေါ်ထည် ဝတ်ပေးလိုက်သည်

" ကျေးဇူးတင်ပါတယ် သားလေး  "

" ကျွန်တော် ပါပါးလို့ခေါ်မထွက်ဘူး
အစ်ကိုက ကျွန်တော်ပါပါး ဖြစ်ချင်နေတာလား  "

" ကျွန်တော်က Singရဲ့ပါပါးဖြစ်ချင်တာထက် Singရဲ့ချစ်သူတော့ မဖြစ်ချင်တာပါ"

" အစ်ကို!  "

ကျွန်တော်အံသြစွာ Pကို ကြည့်နေမိသည်

" ကျွန်တော်ခံစားချက်ကို အစ်ကိုသိနေတယ် အဲ့ဒါကြောင့် Daddy ကို ချက်ခြင်းလက်ထပ်လိုက်တာလား  "

" ကျွန်တော် ဦးကို ချစ်တယ် Sing
ဒါပေမဲ့ လက်ထပ်ဖို့ထိ မမျှော်မှန်းရဲဘူး  အခြေအနေတွေက ဦးနဲ့ လက်ထပ်ဖို့ ဖြစ်သွားတယ်  ပြောပါ Sing ဘာကြောင့် ညီညီကို မချစ်ပဲနဲ့  လက်ထပ်တာလဲ ကျွန်တော်ဆေးဖိုးကြောင့်လို့ တော့ မပြောပါနဲ့  ကျွန်တော်ဆေးဖိုးကို ညီညီအပြည့်အဝရှာနိုင်ခဲ့ပါတယ်   "

"ဆေးဖိုးကို အပြည့်အဝရှာနိုင်ခဲ့ပါတယ်
ဒါပေမဲ့.. ဒါပေမဲ့ "

" ညီညီကို ပျော်တော်ဆက်ဘဝက လွတ်အောင် လက်ထပ်လိုက်တာ မဟုတ်လား   "

"  အစ်ကိုဒါကို ဘယ်လို ...."

အရာရာအားလုံးသိနေတဲ့ အစ်ကို့ကို ကျွန်တော် အံသြစွာ ကြည့်နေမိသည်  အစ်ကိုမျက်ရည်ကျလာသည်

" ညီညီပျော်တော်ဆက်မှန်းသိလိုက်ရတော့ ကျွန်တော်သေချင်သွားတယ် Sing
  ဒါပေမဲ့ ကျွန်တော်မသေပဲ နိုးလာတယ် ဒါပေမဲ့  ဆေးရုံမှာ မင်းရဲ့ရင်ဖွင့်စကားကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော် ဒုတိယအကြိမ် ပိုသေချင်သွားတယ်  "

" အစ်ကို!မငိုပါနဲ့  မိုက်မဲတဲ့ ကျွန်တော်ကြောင့် မျက်ရည်မကျလိုက်ပါနဲ့  "

" ကျွန်တော် စိတ်အေးအေးထားပြီး အကြိမ်ကြိမ် ပြန်စဉ်းစားမိပါတယ် Singမင်းက Kitကိုမချစ်ပဲ ပျော်တော်ဆက် ဘဝက လွှတ်မြောက်အောင် လုပ်ပေးမှာ မဟုတ်ဘူး Sing ကျွန်တော်အပေါ် စိတ်ယိုင်ခဲ့သလို့ Kit ကိုလည်း ချစ်မယ်လို့ ယုံကြည့်ခဲ့တယ် အဲ့ဒါကြောင့် ကျွန်တော် တောင်းပန်ပါတယ်  ညီညီအပေါ် ချစ်ပေးပါ ကောင်းပေးပါ  ညီညီက Singကို ချစ်လို့လက်ထပ်ထားတာပါ ညီညီက Singကိုချစ်ပေမဲ့ သူကိုယ့်သူ မသန့်ရှင်းခဲ့တဲ့ ပျော်တော်ဆက်ဖြစ်ခဲ့တာကြောင့် ညီညီက အမြဲ Sing အရိပ်ကိုပဲ ကြည့်နေခဲ့ရတာ "

"ကျွန်တော် သိပါတယ်အစ်ကို
ကျွန်တော် Kit ကိုမရွံပါဘူး တန်ဖိုးထားပါတယ် Kitဘာကြောင့် ဒီလိုဘဝမျိုး ရောက်တာလဲ ကျွန်တော်သိနေတာပဲ Kit စိတ်ထားဖြူစင်မှုကို လေးစားပါတယ်  "

"ညီညီက အသုံးမကျတဲ့ သူ၏ကိုကိုကျွန်တော်ကြောင့်  ဒီလိုဘဝမျိုး ရောက်ခဲ့ရတာပါ အဲ့ဒါကြောင့် ကျွန်တော်လို အသုံးမကျတဲ့ သူဆီစိတ်မယိုင်ပဲနဲ့ ညီညီအပေါ်ကောင်းပေးပါ "

အစ်ကိုဒန်းပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားသည် ကျွန်တော် ဒန်းပေါ်မှာ ဆက်ထိုင်ကာ မျက်ရည်ကျမိသည်။

ပျော်တော်ဆက်Where stories live. Discover now