Part 18
Oonကျွန်တော်နိုးလာတော့ ဆေးရုံကိုရောက်နေတာမှန်း သိလိုက်သည်။ ကျွန်တော်လက်ကို ကိုင်တဲ့သူက ညီညီမဟုတ်ပဲ Singဖြစ်နေသည် Sing က ကျွန်တော်လက်ကို ကိုင်ရင်း ထိုင်လျက်အိပ်နေသည်။ သူဘာကြောင့် ကျွန်တော်လက်ကို ကိုင်နေတာလဲ
" အစ်ကိုသတိရလာပြီလား "
ကျွန်တော်လက်ကိုရုန်းလိုက်တော့မှ
Singလက်ကိုဆက်မကိုင်တော့ပဲ" ဟို...ဟို.. "
" ညီညီရော "
" Kit ဆိုဖာပေါ်မှာ အိပ်နေတယ်
ကျွန်တော်ထူပေးရမလား "" ရတယ် "
အေးတီးအေးစက်အကြည့်နဲ့ ကျွန်တော်ကို ကြည့်နေတဲ့အစ်ကိုက သူဘာသာထပြီး
ကုတင်ပေါ်ကအဆင်း ခန္ဓာကိုယ်ယိုင်သွားလို့ ကျွန်တော်ထိန်းပေးလိုက်သည်။" ရတယ် Sing "
" ဘာရတာလဲအစ်ကို ဒီလောက်အားနည်းနေတာကိုး ဘာလို့ထတာလဲ "
" မျက်နှာသစ်ချင်လို့ ပြီးတော့ သန့်စင်ခန်းလဲ သွားချင်လို့ပါ "
" ကျွန်တော်တွဲပေးမယ် အစ်ကို "
သန့်စင်ခန်းအပေါက်ဝထိ
အစ်ကို့ကိုလိုက်ပို့လိုက်သည်။
အစ်ကိုမျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်ထိ တွဲတင်ပေးပြီး မျက်နှာသုတ်ပုဝါနဲ့ မျက်နှာကို သုတ်ပေးတော့"ကိုယ့်ဘာသာလုပ်ပါမယ် "
" အစ်ကိုသွေးသွင်းတဲ့ရက်ကို
မေ့နေတာလား ""မမေ့ပါဘူး "
"အဲ့ဒါဆိုဘာလို့ မသွင်းတာလဲ
အစ်ကိုတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "Singပုံစံက ကျွန်တော်ကို အရမ်းစိုးရိမ်နေတဲ့ပုံပဲ
" ကိုကို...ကိုကို "
ညီညီ နိုးလာပြီး ကျွန်တော်ဆီထလာသည် ပြီးတော့ ညီညီ ကျွန်တော်ကိုဖက်ပြီး ငိုနေသည်
" မငိုပါနဲ့ ညီညီ "
" ကိုကို သေချင်နေတာလား ဘာလို့ သွေးမသွင်းတာလဲ ကျွန်တော်လာတော့လဲ ကိုကိုက တမင်တကာရှောင်နေသလိုပဲ "
" ကိုကိုက ကုမ္ပဏီအတွက် အရေးကြီးတဲ့ဒဇိုင်းဆွဲပြီး အပ်ရမှာဆိုတော့ နည်းနည်းနောက်ကျသွားတာပါ အလုပ်ပြီးတာနဲ့ ဆေးရုံတက်ဖို့ ခွင့်တင်ပြီးပါပြီ "
" နောက်ကျလို့မရဘူးဆိုတာ သိရဲ့သားနဲ့ အစ်ကိုအလုပ်က အရေးကြီးလို့လား "
ကျွန်တော်ထက် ပိုစိုးရိမ်ပြီး ပြောလိုက်တဲ့သူက Sing
" ကိုကို အခုဘယ်လိုနေလဲဟင်
ဘာစားမလဲ ကျွန်တော် "" မစားချင်ဘူး ညီညီ ကိုကိုပြန်အိပ်ချင်တယ် ညီညီတို့ ညကတည်းက ဒီမှာရှီနေတာ မဟုတ်လား ပြန်နားလိုက်ကျတော့ "
"အစ်ကိုနေမကောင်းတာ ကျွန်တော်တို့ ဘယ်လိုပြန်နားမလဲ "
" ပြန်နားပါ Sing ညီညီပင်ပန်းနေပြီ
မင်းမမြင်ဘူးလား "" ကျွန်တော်မပင်ပန်းပါဘူး ကိုကို "
" သွားနားကျပါ ကိုကိုအိပ်ချင်နေပြီ "
" ကိုကိုပြန်ဆိုကျွန်တော်တို့ ပြန်ပါမယ် ပြန်နားမှာတော့ မဟုတ်ဘူး ကိုကိုစားချင်တာ သွားလုပ်ပေးမှာ "
ညီညီပြောပြီး Singလက်ကိုကိုင်ကာ အခန်းထဲက ထွက်သွားသည်။ ကျွန်တော်လဲ ပြန်လှဲရင်း ကျွန်တော်အပေါ် စိတ်ပူနေတဲ့ Singအပြုအမှု Singအကြည့်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ