Part 39
Kit ကိုကိုအတွက် ကိုယ့်တိုင်ဆန်ပြုတ်ပြုတ်ပေးပေမဲ့ ကိုကိုခေါင်းပဲ ခါနေသည်။
" ကိုကို နည်းနည်းထပ်စားပါအုန်း "
"တော်ပြီ "
"ဘာတော်ပြီလဲOon နည်းနည်းထပ်စားပါအုန်း
ဘာမှလည်းစားရသေးတာမဟုတ်ပဲနဲ့ "ကိုကိုခေါင်းရမ်းပြသည် Daddyက ကိုကို့ကိုအရမ်းစိုးရိမ်ပြီး ဆရာဝန်ထပ်ခေါ်ဖို့ လုပ်တော့ ကျွန်တော် တားလိုက်ရသည်။ ကိုကို ကျွန်တော်ရင်ခွင်ထဲတိုးဝင်ပြီး မျက်စီမှိတ်သွားသည်။ Singကိုကိုလက်ကိုကိုင်ပြီး
"လက်တွေအရမ်းအေးစက်နေတယ် "
" Daddy ရော Singရော စိတ်မပူပါနဲ့
အခန်းပြန်နားလိုက်ကျပါတော့ ""Daddy ကြည့်ထားလိုက်မယ် သားလေးKitက တစ်နေ့ကုန် ပင်ပန်းနေပြီ Singto သားမက်လေးကိုခေါ်ပြီး နားတော့ "
" မဟုတ်ဘူး Daddy ကိုကိုက ..."
Singtoက Daddyကို ကိုကိုအကျင့်ပြောပြလိုက်သည်။
" အဲ့ဒီလိုလား "
Kitနေရာမှာ ကျွန်တော်ကလေးကို ထွေးပွေ့ချင်ပေမဲ့ အခုသင့်တော်တဲ့အချိန်မဟုတ်လို့ သားလေး Singနဲ့ အတူအခန်းပြင်ထွက်ခဲ့လိုက်သည်။
" ကိုကို..ကိုကို "
" ဟင် "
" အေးနေလားဟင် "
" အင်း "
ကျွန်တော်ကိုကို့ကို ရင်ခွင်ထဲက ခဏခွာပြီး
အိပ်ရာပေါ်မှာလှဲလိုက်တော့"မသွားနဲ့ "
ကိုကိုလက်လှမ်းကာဆိုသည်။
" ကိုကို ညီညီစောင်တစ်ထည်သွားထုတ်ဖို့ ပါ "
"မသွားနဲ့ ...မသွားနဲ့ "
ကျွန်တော် ကိုကိုနားပြန်လှဲပေးလိုက်တော့
ကိုကို ကျွန်တော် ရင်ခွင်ထဲတိုးဝင်နေသည်။Sing အစ်ကိုနှင့်Kitကို ချောင်းကြည့်ပြီး မျက်ရည်ကျမိသည်။ အစ်ကိုက နေမကောင်းရင် တကယ်ကလေး ပေါက်စလေးအတိုင်းပဲ ချစ်ဖို့ကောင်းလိုက်တာ Kitကလည်း အစ်ကိုရဲ့မိခင်ကျနေတာပဲ သူကိုကို့ကို အရမ်းချစ်ပြီး ဂရုစိုက်လိုက်တာ Kit မင်းစိတ်ထားက ကိုယ့်ထင်ထားတာထက်ကို
ပိုပြီးဖြူစင်ပြီး ကောင်းနေပါလား ကျွန်တော်ဗီရိုထဲက စောင်အသစ်ထုတ်ကာ Kit နဲ့အစ်ကိုကိုယ်ပေါ် ထပ်ခြုံပေးလိုက်သည်။"ကျွန်တော်စောင်လိုတာ ခင်ဗျားဘယ်လိုသိတာလဲ "
Kitမျက်စိဖွင့်လာပြီးမေးသည်။
"တိုးတိုး အစ်ကိုနိုးသွားမယ် "
" အင်း ခင်ဗျားသွားအိပ်တော့နော် "
" အင်း Kit "
Singကတော့ အလိုက်သိတဲ့နေရာမှာတော့ ဘုရင်ပဲ ကျွန်တော် ကိုကို့ ရဲ့ လက်တွေခြေတွေထိကြည့်တော့လည်း အေးနေသည်။ ကိုကို့ နဖူးကို စမ်းကြည့်တော့လည်း အေးနေသည်။
" ကိုကို ညီညီနားမှာပဲ အမြဲနေရမယ် "
ကျွန်တော်ကြောက်ပြီး ကိုကို့ကိုဖက်ထားကာ ဆုတောင်းနေမိသည်။
⛪
" ညီညီ "
ကိုကိုခေါ်သံကြားတာကြောင့် နိုးလာမိသည်
" ကိုကို! ..ကိုကို "
ကိုကိုနဖူးကို စမ်းလိုက်သည် အေးတာပျောက်ပြီး ကိုယ့်ပူနေသည်။
" ကိုကို ကိုယ့်ပူနေတယ် "
" အဲ့ဒါကိစ္စမရှီဘူး ကိုကို
အရေးတကြီးပြောစရာရှီတယ် "ကိုကိုနွမ်းဖက်နေရင်းနဲ့ဆိုသည်။
"နောက်မှပြော ဆရာဝန်သွားခေါ်ရမယ် "
ကျွန်တော်လှဲနေရာကထပြီး ဆရာဝန်ကို ဖုန်းဆက်ဖို့လုပ်တော့
" ကိုကို လက်ထပ်တော့မယ် "
ဖုန်းလွှတ်ကျသွားပြီး ကိုကို့ကို အံသြစွာကြည့်နေမိသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ