Part 60

2.3K 183 9
                                    

Part 60

    ကျွန်တော်တို့ ကိုကိုအိမ်က ပြန်လာလာချင်း ဧည့်ခန်းထဲကနေ ဆီးကြိုပြီးမေးတဲ့ Daddy

" သားတို့ပြန်လာပြီလား  "

" ဟုတ်ကဲ့ Daddy!  "

" Oonနေရောကောင်းရဲ့လား Kit!   "

" ကိုကိုနေကောင်းပါတယ် Daddy   "

" တကယ်ရောနေကောင်းရဲ့လား  "

" သေချာပါတယ် Daddy!   "

" အင်း.. ..သားတို့လည်းပင်ပန်းလာပြီ
နားလိုက်ပါတော့  "

   Daddy. ကျွန်တော့်တို့ကို ပါပါးအကြောင်းမေးပြီး အပေါ်ထပ်ရှီ Daddyအိပ်ခန်းထဲ ဝင်သွားသည်  ကျွန်တော်တို့လဲ အိပ်ခန်းထဲဝင်ပြီး အဝတ်အစားလဲလိုက်သည်။

" Daddyက ကိုကိုအပေါ်စိတ်ပူတက်သေးတာပဲ  "

    Kit အမေးကို ပြန်မဖြေခင် Kitကို အိပ်ရာပေါ်မှာ
လှဲလိုက်ပြီး Kit ခြေထောက်ကို နှိပ်နယ်ပေးလိုက်သည်။

" ရပါတယ် ကျွန်တော်မပင်ပန်းပါဘူး  "

" ဘာလို့မပင်ပန်းရမှာလဲ
တစ်နေ့ကုန်
ပါပါးကို ပြုစုနေရတာ "

" ကိုကိုကြည့်ရတာတစ်မျိုးကြီးပဲ အားလဲတစ်စက်မှ မရှီတဲ့ပုံစံမျိုး တစ်နေ့ကုန် ဘာမှလည်းစားလို့မရဘူး  "

" စိတ်မပူပါနဲ့ "

" စိတ်မပူပဲနေလို့မှမရတာ "

" Kitစိတ်ပူရင် မနက်ဖြန်ထပ်သွားလေ...ပြီးတော့ Daddyက ပါပါးကို အရမ်းချစ်တာ ကိုယ်သိတယ်  ကိုယ့်သိချင်တာပါပါးက Kitကို ကာကွယ်ဖို့သက်သက်နဲ့ပဲ Daddyကို လက်ထပ်ခဲ့တာလား Daddyအပေါ်မှာ ချစ်ခြင်းမေတ္တာမရှီခဲ့ဘူးလား
ဆိုတာကို သိချင်မိတယ်  "

    Singမေးတဲ့မေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှီဘူး  ကျွန်တော်ကိုယ့်တိုင်ကိုက ငယ်ငယ်ကတည်းကနေအခုထိ ကိုကိုစိတ်ကို
နားမလည်ခဲ့တာများတယ်

" Kit! ....Kit!   "

" ဟင်  "

" ဘာတွေတွေးနေတာလဲ
အိပ်တော့မယ်မဟုတ်လား
ကိုယ်မီးပိတ်လိုက်တော့မယ်နော်  "

" အင်း   "

   ကျွန်တော်မီးပိတ်လိုက်ပြီး Kitဘေးမှာ လှဲလိုက်သည်။ ကျွန်တော်ရင်ခွင်ထဲတိုးလာတဲ့ Kit နဖူးကို နမ်းလိုက်သည်

" ကျွန်တော်ကို ခင်ဗျားကရောအရမ်းချစ်လား  "

"  အရမ်းမချစ်ပါဘူး  "

" Sing!!!   "

  Kitအော်သံကြောင့် Singပြုံးကာ

" ဒါပေမဲ့ Kitမရှီရင် ကိုယ့်အသက်လဲ
ရှုနိုင်တော့မှာ မဟုတ်ဘူး  "

" တကယ်လား  "

" အင်း   "

   Kit  ကျွန်တော်ကို ပြန်နမ်းပြီး ကျွန်တော်ခါးကို
ဖက်ထားသည်  ဒီဖြူစင်တဲ့ကောင်လေးက ကမ္ဘာမှာ နှစ်ယောက်မရှီနိုင်တဲ့ ကျွန်တော်ရဲ့ သတို့သားလေးပါ

🏡

" အစ်ကိုလေး ဆေးသောက်ရအောင်   "

" အင်း Jack!!   "

အစ်ကိုလေးကို ဆေးတိုက်လိုက်ပြီး ကုတင်ပေါ်မှာ လှဲစေလိုက်ပြီး စောင်ခြုံပေးလိုက်သည်။ ပြီးတော့ ဆိုဖာပေါ်မှာ လှဲနေလိုက်သည်

" Jack အခန်းထဲသွားအိပ်လေ
ဘာလို့အဲ့မှာလှဲနေရတာလဲ  "

" အစ်ကိုလေးနားမှာ ဂရုတစိုက်စောင့်ကြည့်ဖို့
လိုတယ်လေ အစ်ကိုလေးက ဒီအချိန်မှာ ကိုယ့်ဝန်ကြောင့် အရမ်းပင်ပန်းနေမှာ ပြီးတော့ ဒီအချိန်က ကိုယ့်ဝန်ဆောင်ခံတွင်းပျက်တဲ့အချိန် အဆိုဆုံးပဲ  "

  Jack စကားကြောင့် ကျွန်တော်ကိုယ့်တိုင်မသိလိုက်ပဲ ပြုံးမိသည် ဒီကောင်လေး ဒါတွေကို ဘယ်လိုသိပါလိမ့်

" အင်းပါ ငါကမင်းပင်ပန်းမှာဆိုးလို့ပါ
သက်တောင့်သက်သာနဲ့ သွားအိပ်စေချင်တာ  "

" မပင်ပန်းပါဘူး အစ်ကိုလေး 
ကျွန်တော်ကို စိတ်မပူပဲနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ  "

" အင်းပါ  "

  ကျွန်တော်လှဲလိုက်ပြီး ကျွန်တော်ဗိုက်လေးပေါ် လက်တင်လိုက်ပြီး

" Baby လေး ဒီနေ့အစာသိပ်မဝင်ဘူးနော်
မနက်ဖြန်ကျရင် ပါပါးကြိုးစားပြီး
စားပေးပါမယ်နော်  "

❤️ဆက်ရန်

ပျော်တော်ဆက်Where stories live. Discover now