Part 10
" ကိုကို ...ကိုကို "
Kit Pကို မခွဲနိုင်ပဲ အိမ်အတင်းလိုက်ပို့ခိုင်းလို လိုက်ပို့လိုက်သည်။ P က အခန်းထဲမှာ လှဲနေရာကနေ Kit အော်သံကြောင့် နိုးလာသည် အိမ်က ပြန်လာပြီး ချက်ခြင်း အိပ်နေတာတော့ မဖြစ်နိုင်ဘူး P နေမကောင်းလိုများလား
" ညီညီ ... "
" ကိုကိုဘာလို့ လှဲနေရတာလဲ နေမကောင်းဘူးလား ဘယ်နားနာလိုလဲဟင် "
" ကိုကိုနေကောင်းပါတယ် မနက်ဖြန် ညီညီ မင်္ဂလာဆောင်ပွဲရှီလို အစောကြီး အိပ်မလိုပါ ဘာလိုလိုက်လာတာလဲ "
" ကိုကိုနဲ့မခွဲနိုင်ဘူး ကိုကိုနဲ့မခွဲနိုင်ဘူး "
ကျွန်တော်ကို ဖက်ပြီး ငိုနေတဲ့ ညီလေးကြောင့် ရပ်ကြည့်နေတဲ့ Sing ကို အားနာမိသည်။
" Sing ဒီညတော့ ထားခဲ့လိုက်ပါ မနက်ဖြန် မင်္ဂလာပွဲ အချိန်မှီ လာပါမယ် "
" ဟုတ်ကဲ့ P "
Sing ကားထွက်သွားမှ
" ဒီည ကိုကိုတို့အတူအိပ်ရအောင် "
"ဟုတ်ကဲ့ ကိုကို "
Oonလည်း သူအချစ်ဆုံးညီကို တခြားသူကို
ပေးဖို့အရမ်းနှမြောသည်။ Singလို့
အရာရာပြည့်စုံတဲ့လူမို့လို့သာ
ခွင့်ပြုလိုက်တာဖြစ်သည်။ အဲ့ဒါမှ
ညီညီဘဝက ရွှေပုံပေါ်မှာ ပျော်နိုင်မှာ
ဖြစ်သည်။" ငိုထားလိုက်တာ မနက်ဖြန် မင်္ဂလာပွဲမှာ သတို့သားက မလှပဲနေတော့မယ် "
ညီညီအပေါ်အင်္ကျီချွတ်ပေးပြီး ပေါ့ပေါ့ပါးပါး
အင်္ကျီတစ်ထည် ဝတ်ပေးလိုက်သည်။ ပြီးတော့ အိပ်ရာပေါ်မှာ လှဲစေပြီး ညီအစ်ကိုနှစ်ယောက် စောင်ခြုံထားလိုက်သည်။" ကိုကို "
ညီညီ ကျွန်တော်ရင်ခွင်ထဲ တိုးဝင်ပြီး မျက်ရည်ကျနေပြန်သည်။
" ကိုကို ဆုံးဖြတ်ချက်မပြင်တော့ဘူးလားဟင် ကျွန်တော် လက်မထပ်ချင်တော့ဘူး ကိုကို "
" ကိုယ့်ချစ်တဲ့သူနဲ့ လက်ထပ်ရတာ ဘဝမှာ ကံအကောင်းဆုံး လူတွေထဲမှာပါတယ်
ညီညီ လူကြီးချင်းတွေ့ဆုံပြီးမှ ကလေးမဆန်ချင်ပါနဲ့ ညီညီ "" ကိုကိုနဲ့ မခွဲနိုင်ဘူး... ကိုကိုနဲ့ မခွဲနိုင်ဘူး "
ညီ ကျွန်တော် ခါးကို အတင်းဖက်ထားပြီး ကျီတိုက်နေပြန်သည်။
" ညီညီ ကိုကိုပြောတာနားထောင် ညီညီဘဝက Sing နဲ့လက်ထပ်ပြီးရင် ပြောင်းလဲသွားပြီ ညီညီမလုပ်ချင်တဲ့ စားသောက်ဆိုင် အဆိုတော်လည်းမလုပ်ရတော့ဘူး ညီညီဖွင့်ချင်တဲ့ ကိတ်ဆိုင်လည်း ဖွင့်နိုင်ပြီ ကိတ်လုပ်နည်း မုန့်လုပ်နည်း ပညာတွေလည်း သင်နိုင်ပြီ ညီညီဘဝကို စိတ်ကြိုက်ဖန်တီးနိုင်ပြီ ညီညီ ချစ်ပြီးဂရုစိုက်ရမဲ့သူက Singဖြစ်သွားပြီ ကိုကို မဟုတ်တော့ဘူး ကိုကိုအပေါ် မတွယ်တာပါနဲ့တော့ ကိုကိုကတော့ ညီညီ Sing နဲ့ လက်ထပ်မယ်ဆိုကတည်းက ညီညီက ကိုကိုအတွက်တော့ သူစိမ်းပဲ "
" ကိုကို.. ကိုကို အရမ်းရက်စက်တယ် "
" ကိုကိုရက်စက်တာ မဟုတ်ပါဘူး ဒါ
သဘာဝပဲလေ ကိုကိုလည်း ကိုကိုချစ်တဲ့သူတွေ့ရင် ညီညီကိုထားခဲ့ပြီး ထွက်သွားမှာပဲ ဒါသဘာဝပဲ ညီညီ "" ကိုကို ....ကိုကို....အဟင့်....ဟင့် "
ငိုကြွေးနေတဲ့ ညီညီ ကျောကို ပုတ်ပေးပြီး ချော့လိုက်သည်။ ငိုရလွန်းလို ညီညီမောပြီး အိပ်ပျော်သွားသည်။ ညီညီပါးကိုနမ်းလိုက်ပြီး ညီညီမျက်နှာကို ကြည့်နေမိသည်။ ကိုကိုက Sing ကို ကျေးဇူးတင်နေတာပါ ညီညီရယ် ညီညီက ကိုကိုလိုရောဂါသည်နားမှာနေပြီး လူရောစိတ်ရော ပင်ပန်းနေတာ ကိုကိုသိတာပေါ့ ညီညီဘယ်လောက်ပဲ မပင်ပန်းဘူးပြောပြီး ကိုကို့ကိုအမြဲပြုံးပြနေပေမဲ့ ကိုကိုက ညီညီကို အရမ်းသနားလှပြီ ကလေးလေးရယ် အခု ညီညီကို ချစ်တဲ့ မိသားစုအသစ်နားမှာ ပျော်ရွှင်စွာနေပါ ညီညီ
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ