Part 6

3.5K 189 3
                                    

Part 6

"ခင်ဗျား ကျွန်တော်နောက်
ဘာလိုက်လုပ်ပြန်ပြီလဲ  "

" ဟိုတယ်သွားဖို့ မဟုတ်လား
တက် ကျွန်တော်လိုက်ပို့မယ်  "

" မလိုပါဘူး  "

" တက်ပါ Kit  "

ကြောင်လေးကားပေါ်တက်ထိုင်လိုက်သည်။

" ခင်ဗျားအားနေတာလား ကျွန်တော်ကို လိုက်ပို့လိုက် ကိုကို့ကိုလိုက်ပို့လိုက်နဲ့   "

ကျွန်တော် ကားမောင်းရင်း Kitက
စကားစလိုက်သည်။

" P အလုပ်ရသွားပြီ မဟုတ်လား  
kitဒီအလုပ်တွေ မလုပ်ပါနဲ့တော့   "

"  ကိုကိုကနေမကောင်းတဲ့လူ ဒီအလုပ်က ကြာရှည်ခံမယ်ထင်လို့လား ပြီးတော့ ကျွန်တော်ကိုကို့ကိုအလုပ်လုပ်စေချင်တာတောင် မဟုတ်ဘူး  ကိုကိုစိတ်ချမ်းသာအောင် လွှတ်ထားပေးတာ   "

" ကျွန်တော်ကူညီမယ် Kit ဒီအလုပ်လုပ်တာ ကြာလေ မင်းခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ် ဘာလို့  ကျွန်တော်ပြောစကား နားမထောင်ရတာလဲ  "

" ကျွန်တော်လုပ်ချင်လို့ လုပ်နေတာများထင်နေလား  ကျွန်တော်လည်း
ဒီခန္ဓာကိုယ်နဲ့ လုပ်မစားချင်ပါဘူး ကိုကိုနဲ့ရုပ်တူလို့ ပိုတောင်မလုပ်ချင်ဘူး ကျွန်တော်ကြောင့် ကိုကို ဂုဏ်သိက္ခာ ညိုးငယ်သွားမှာကြောက်တယ်  "

" ကျွန်တော် ဆီမှာ အလုပ်လုပ်ပါ Kit   P'Oonဆေးကုဖို့ ပိုက်ဆံလုံလောက်စေရမယ်. "

" ခင်ဗျားက ပန်းချီဆရာပဲ ခင်ဗျား ကျွန်တော်ကို ကူညီချင်လို အလုပ်ခန့်ချင်တာ သိပေမဲ့ အားနာပါတယ် မလိုပါဘူး  "

"ကျွန်တော် ဒီည Kit  နဲ့နေမယ်. "

" နောက်ကျသွားပြီ ဒီညကျွန်တော်ကိုခေါ်မဲ့သူရှီပြီးသား  "

" ကောင်းပါပြီ မနက်ဖြန်ကစပြီး  ကျွန်တော်ဦးအောင် Kitကိုခေါ်မယ်
Kitတခြားသူတွေကြောင့် မနာကျင်စေရဘူး. "

" ဘာကြောင့်  ကျွန်တော်ကို ကူညီချင်ရတာလဲ ခင်ဗျားမျက်ဝန်းမှာတော့ ကိုကို့ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်ပြနေပါတယ် ကိုကိုကြောင့် ကျွန်တော်ကို ကူညီတာလား "

ပျော်တော်ဆက်Where stories live. Discover now