Part 32
Kit Pov;
ကိုကို ဆေးရုံဆင်းပြီး Daddyအိမ်မှာလိုက်နေပေမဲ့ ကိုကိုကဘယ်သူမှစကားကိုးသိပ်မပြောပေ ကုမ္ပဏီသွားချိန်မှာသွားပြီး စားချိန်မှာ မိသားစုနဲ့ ထမင်းဆင်းစားပေမဲ့ စကားနည်းလွန်းသည်။
" ကိုကို "
ကိုကိုအခန်းထဲဝင်တော့ ကိုကိုလှဲနေသည်
"ဟင် ညီညီ "
ကိုကိုနဖူးကို စမ်းလိုက်ပြီးမေးလိုက်သည်။
" ကိုကို နေကောင်းတယ်နော် "
" အင်း "
" စိတ်ညစ်စရာရှီလို့လား ကိုကိုကုမ္ပဏီက ပြန်လာတာနဲ့ အခန်းထဲမှာပဲနေတယ် မနက်လည်း Daddy နဲ့ ကုမ္ပဏီ အတူတူ သွားလို့ရရဲ့သားနဲ့ ကိုကို အစောထသွားတယ် မနက်စာလည်း အိမ်မှာ တစ်ခါမှ မစားဘူး ဘာဖြစ်လို့လဲကိုကို ဒီအိမ်မှာနေရတာ မပျော်လို့ လား "
"ညီညီနဲ့နေရတာပဲ ကိုကိုမပျော်တာမရှီပါဘူး "
" အဲ့တာဆို ဘာလိုလဲ ကိုကို "
" ကိုကိုက ဒီအတိုင်းပဲ နေတက်တာ ညီညီသိရဲ့သားနဲ့ "
" ဟင့်အင်း ကိုကိုအရင်နဲ့ မတူတာ ညီညီသိတယ် ကိုကိုကအေးတယ်ဆိုပေမဲ့ ညီညီကိုတော့ မဖုန်းကွယ်ပဲ အားလုံးပြောပြတယ် အခု ညီညီစိတ်ထဲမှာ ထင်နေတယ် ကိုကို ညီညီကိုဖုန်းကွယ်ထားတာရှီတယ်လို့ "
" မဟုတ်ပါဘူး ညီညီ "
" အဲ့တာဆို မနက်ဖြန် ညီညီဆိုင်ဖွင့်ပွဲရှီတယ်
ကိုကိုလာမယ် မဟုတ်လား "" မနက်ဖြန် ကိုကိုကုမ္ပဏီမှာ ဒဇိူင်းအပ်ရမှာ "
" အဲ့တာဆို ကိုကိုမလာတော့ဘူးပေါ့ "
" အင်း "
ကိုကိုမျက်စီမှိတ်သွားတဲ့အတွက် ကျွန်တော် ကိုကို့ ကို စောင်ခြုံပေးခဲ့လိုက်သည်။
" ကြောင်လေး!..အစ်ကိုကဘာတဲ့လဲ "
အခန်းထဲဝင်ဝင်ချင်းမေးတဲ့ Singကြောင့်
" မလာနိုင်ဘူးတဲ့ ကုမ္ပဏီမှာ အရေးကြီးအလုပ်ရှီလို့တဲ့ "
" ကုမ္ပဏီက Daddy ကုမ္ပဏီပဲ Daddyကို ကျွန်တော်သွားပြောမယ် "
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ