Part 35

2.2K 146 7
                                    

Part 35

Oonက ငွေမက်တယ်ဆိုတာ ကောင်း
မယုံဘူး ဒါပေမဲ့ ဒီလိုလုပ်ရအောင်လည်း အကြောင်းပြချက်ကဘာလဲ ကျွန်တော်ပဲ သားလေးKitပုံစံကိုကြည့်ပြီး Oonကိုလူကောင်းလို့ထင်မိတာလား ဒီနေ့သားလေး Kitဆိုင်ဖွင့်ပွဲကို ကျွန်တော်သွားခဲ့ပေမဲ့ Oonက ပေါ်မလာပါဘူး အဲ့ဒါကြောင့် သားလေးKirst ကို ညစာစားပွဲလုပ်ပြီး ဂုဏ်ပြုဖို့ အိမ်မှာစီစဉ်ခိုင်းလိုက်တယ် ဒါပေမဲ့ ညစာစားပွဲက
Oon ကြောင့်ပျက်သွားတယ် Oonက အရက်ကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့သောက်သုံးနေတယ် ကျွန်တော် Oonကို စိတ်တိုမိပေမဲ့ မမုန်းရက်ဘူး ကျွန်တော်ဒီကလေးကို အရမ်းချစ်မိသွားတဲ့စိတ်ကြောင့်ပဲ
ဒီကလေးကဘာကြောင့် ကျွန်တော်စေတနာကို နားမလည်ပဲ ဆိုးနေပါလိမ့် ကျွန်တော်တွေးရင်းတွေးရင်း အိပ်မပျော်ဖြစ်ရလို့ မသင့်တော်ပေမဲ့
Oonအခန်းကို ဝင်လာခဲ့မိသည် ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးလေး နဖူးမှာ ချွေးသီးတွေ ထွက်နေတာကြောင့် အောက်ထပ်က ရေခဲ့ဝတ်သွားယူကာ ကလေးနဖူးကို အုပ်ပေးလိုက်သည်။

" ဦး...ဦး "

" ကလေး ဦးရှီတယ် "

ကျွန်တော်ကို မချစ်ဘူးဆိုပြီး ကျွန်တော်နာမည်ကို ယောင်နေတာပဲ

" နေမကောင်းပဲ ရောဂါရှီနေတာတောင်
ဘာလို့ သောက်တာလဲကွာ "

"ဦး.."

" ကလေး ဦးကိုချစ်တယ် မဟုတ်လား
ကလေးဦးကို ချစ်ပါတယ် "

ကလေးပြန်မဖြေတော့ပဲ ငြိမ်သွားသည်။ ကျွန်တော်ကလေးလက်ကို နမ်းလိုက်သည် စောင်သေချာခြုံပေးပြီး အခန်းထဲကပြန်ထွက်လာလိုက်သည်။

®®®®

Kit Pov

မနက်မိုးလင်းလင်းချင်း ကျွန်တော်ထက်အရင်နိုးပြီး ကုတင်ပေါ်မှာ ကျွန်တော်ကို ထိုင်ပြီး ကြည့်နေတဲ့ Singto

" Sing လန့် လိုက်တာ ဘာဖြစ်တာတုန်း "

" Kit ကျွန်တော် ..."

အသံကအက်ကွဲသံဖြင့် အရမ်းဝမ်းနည်းနေတဲ့ Sing ကျွန်တော်စိုးရိမ်ပြီး Sing ကို ဖက်ထားလိုက်သည်

" ဘာဖြစ်လို့ လဲ ကျွန်တော်ကို ရင်ဖွင့်လိုက်ပါ "

" အချစ်ကြောင့် ကျွန်တော်ပင်ပန်းနေပြီ အစကတည်းက မပိုင်ဆိုင်ရတဲ့ အချစ်ကို ကျွန်တော် ပိုင်ဆိုင်ဖို့ မတွေးပါဘူး ဒါပေမဲ့ အခုဟာက ...အခုဟာက ..."

" ဆက်ပြောပါ အခုဘာဖြစ်လို့ လဲ "

" ကျွန်တော်ပြောမထွက်ဘူး "

Singမျက်ရည်တွေ ကျွန်တော်ကျောပေါ်ကျနေသည် ခင်ဗျားကို ကျွန်တော်အရမ်းသနားတာပဲ Singရယ် ကျွန်တော်က ခင်ဗျားကို ချစ်လို့ ပိုင်ဆိုင်ခွင်ရပေမဲ့ ခင်ဗျားက အနီးကပ်ခွင့်လေးတောင် မရှီတဲ့ ဘဝကို ခင်ဗျားသာယာခဲ့တာ အခုရော ဘာဆက်ဖြစ်ပြန်ပြီလဲ

" မအိပ်ရသေးဘူး မဟုတ်လား
တရေးလောက်အိပ်လိုက်ပါ "

" ကျွန်တော်ကို ဒီအတိုင်းပဲ ဖက်ထားပေးပါ Kit ကျွန်တော် အရမ်းပင်ပန်းနေလို့ပါ ကျွန်တော် နားမှာပဲနေပေးပါ "

" ကျွန်တော်နေပေးပါမယ် Sing အခု Sing နဲ့ Daddy ရဲ့ နွေးထွေးမှုကြောင့် ကျွန်တော်ပျော်နေရတာပါ အဲ့ဒါကြောင့် Sing က တောင်းဆိုရင် ဘာမဆို ဖြည့်ဆည်းပေးဖို့ အဆင့်သင့်ပါ "

ကျွန်တော် Kitကိုပဲ ဖက်တွယ်ထားပြီး
ငိုကြွေးနေမိသည်။

ပျော်တော်ဆက်Where stories live. Discover now