Part 37
Oonကုမ္ပဏီမှာ ဒဇိုင်းဆွဲနေရင်း ခေါင်းကအရမ်း ကိုက်လာတာကြောင့် စားပွဲပေါ်မှောက်ပြီ ခဏအိပ်လိုက်သည်
" Oon! "
ကျွန်တော်ကို လာနှိုးတဲ့ အတွင်းရေးမှူးကြောင့် ကျွန်တော် နိုးသွားသည်။
ရုတ်တရက်ထလိုက်တာကြောင့်
ခေါင်းကိုက်တာပါအဆစ်ပါလာသည်။"အလုပ်ချိန်မှာ အိပ်နေရလား ဥက္ကဌခေါ်နေတယ် ဖုန်းနဲ့မခေါ်ပဲ လူကိုယ့်တိုင်လာခေါ်ဆိုလို့ မြန်မြန်လာခေါ်ရတာ "
" ဟုတ်ကဲ့ ..."
ကျွန်တော် ဥက္ကဌအခန်းထဲရောက်တော့
" တံခါးလော့ချလိုက် "
" ဗျာ! "
" တံခါးလော့ခက်ပြီး ဝင်ခဲ့လို့ပြောတာ "
" ဟုတ်ကဲ့ "
Oonတံခါးကိုလော့ချခဲ့လိုက်သည်။
" ကျွန်တော်ကို ခေါ်တဲ့ကိစ္စက "
" ရုံဆင်းတဲ့အထိ ဒီအခန်းမှာပဲနေ ဘယ်မှမသွားရဘူး အိမ်ပြန်ရင် အတူတူပြန်မယ်. "
"ဗျာ! "
"မနက်ဖြန် ကလေးသွေးသွင်းပြီး ဆေးကုရမဲ့နေ့လေ အဲ့ဒါ ဒီည အပြင်မှာ သောက်နေမှာ ဆိုးလို့ မနက်ဖြန် ဆရာဝန်ကို အိမ်ခေါ်ထားတယ် ခါတိုင်းလို့ ဆေးရုံသွားစရာမလိုဘူး "
"ဥက္ကဌ ကျွန်တော်က နာမည်ပျက်ရှီတဲ့ကောင်ပါ ဥက္ကဌဂရုစိုက်မနေပါနဲ့ "
"အခုထိ ဦး ကလေးအကြောင်းကို မစုံစမ်းဘူး ဘာလို့လဲသိလား ကလေးမှာ နာမည်ပျက်ဘယ်လောက်ရှီရှီ ဦးကလေးကို ချစ်တယ် ဦးကလေးကို လက်ထပ်မယ် "
" တကယ်လို့ Singtoက နာမည်ပျက်ရှီတဲ့ သူနဲ့လက်ထပ်ရင်ရော့ ဦးခွင့်ပြုမှာလား "
" ကလေးအမေးက ထူးဆန်းလိုက်တာ သားလေးနဲ့ ဘာဆိုင်လို့လဲ "
"ဖြေပါ ဥက္ကဌ ကျွန်တော်သိချင်လို့ "
" Singto က ဦးအရမ်းချစ်တဲ့သား ဦးအတွက်တန်ဖိုးအရှီဆုံး ရတနာကို ပိုင်ဆိုင်ရသလိုပဲ အဲ့ဒါကြောင့် ဦးခွင့်ပြုမှာ မဟုတ်ဘူး ကလေးကို နားလည်ပေးသလို နားလည်ပေးမှာ မဟုတ်ဘူး "
" ကျွန်တော်က မကောင်းတဲ့ကောင်ဆိုတာတောင် ဦးက ကျွန်တော်ကို ချစ်တယ်ပေါ့ "
" အင်း အဲ့ဒါကြောင့် အရက်သောက်ချင်ရင် အိမ်မှာသောက်ပါ အပြင်မှာ အသောက်ပါနဲ့ လိုချင်တာ ဦးကိုပြောပါ အကုန်ဖြည့်ဆည်းပေးမယ် အိမ်က မိသားစု စိတ်ပူအောင်တော့ ညနက်ကြီးထိ အပြင်မှာ မနေပါနဲ့ ကလေး "
ကလေးရပ်ပြီး ကျွန်တော်ကို အကြာကြီးကြည့်နေသည် ကျွန်တော်ထိုင်ရာက ထပြီး ကလေးနားသွားပြီး လက်ကိုကိုင်လိုက်တော့ ကလေးလက်တွေ အေးဆက်နေသည်။
" အိမ်ပြန်ရအောင် ကလေး "
" ဟုတ်ကဲ့ "
ကားပေါ်ရောက်တော့ ကလေးကျွန်တော် ပုခုံးကို မှီပြီး အိပ်ပျော်သွားသည်။ ဒီကလေးရဲ့ စရိုက်က ကျွန်တော်မကြိုက်တဲ့ စရိုက်ဆိုပေမဲ့ ကျွန်တော်မှ
ဒီကလေးကို မုန်းလို့မှ မရတာ ကျွန်တော်ဘဝမှာ ရင်နစ်အောင်ချစ်ခဲ့ရသူက ဒီကလေးပဲထင်တယ်" Daddy ! "
Oonကိုပွေ့ချီပြီး ဝင်လာတော့ သားလေးက အံသြပြီး ကျွန်တော်ကို ကြည့်နေသည်
" Oonနေမကောင်းဘူး သားလေး "
"ဟုတ်ကဲ့ Daddy "
သားလေး ကလေးအခန်းကို ဖွင့်ပေးသည် ကျွန်တော်ကလေးကို အိပ်ရာပေါ်မှာ လှဲစေလိုက်ပြီး
စောင်ခြုံပေးလိုက်သည်။" ဆရာဝန်ခေါ်လိုက်ရမလား Daddy "
" ဒီနေ့တော့ မခေါ်ပါနဲ့ မနက်ဖြန်
Oon ဆေးကုရက်လေ Kit ဆိုင်ကပြန်လာပြီလား ""မလာသေးဘူး Daddy "
" မလာသေးတာကောင်းတယ် ပြန်ရောက်ရင်လည်း Kit စိုးရိမ်အောင် မပြောနဲ့ ကြားလား သားလေး "
" ဟုတ်ကဲ့ Daddy "
အစ်ကိုရဲ့ ဆေးကုရက်တောင် Daddyသိနေပါ့လား Daddy အစ်ကိုအပေါ်ရိုးသားပါစေလို့ ကျွန်တော် ဆုတောင်းနေမိသည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ