Part 13

2.9K 166 4
                                    

Part 13

Kitအိမ်ရောက်တော့  ကိုကို့ကိုမတွေ့ရဘူး အခန်းတိုင်းလိုက်ရှာ ပေမဲ့ ကိုကို့ကိုမတွေ့ရပေ။ ဖုန်းဆက်လိုက်တော့ လေးငါးကြိမ်ခေါ်မှ ကိုင်သည်။

" ကိုကို ဘယ်မှာလဲ  "

" ကုမ္ပဏီမှာ အလုပ်လုပ်နေတယ် ညီညီ   "

" မနက်စာရော စားသွားရဲ့လား ကိုကို   "

" အင်း ညီညီ  ကိုကိုအလုပ်ရှုပ်နေလို
ဖုန်းချလိုက်မယ်နော်  "

" ကိုကို ... ကိုကို   "

ကိုကိုဖုန်းချသွားသည် ဝယ်လာတဲ့ သစ်သီးတွေကို ရေခဲသေတ္တာထဲထည့်ပြီး  ကိုကိုကြိုက်တက်တဲ့ ကြက်သားနဲ့ သွေးအားကောင်းစေတဲ့ အမဲသားဝယ်လာပြီး ကြော်ထားလိုက်သည်။  

တူ...တူ...တူ

ဖုန်းမြည်လိုကိုင်လိုက်သည်

"ဟဲလို Sing  "

" နေ့လယ်စာ စားချိန်တောင်ရောက်ပြီ Kit ပြန်မလာသေးလို့ P နဲ့စားနေတာလား   "

"ကိုကိုကကုမ္ပဏီသွားတယ် Sing   "

" P ကို အလုပ်ထွက်ခိုင်းလေ Kit  အခု ကျွန်တော်က P နဲ့ Kitကို
တာဝန်ယူနိုင်ပြီလေ  "

" အင်း Sing နေလယ်စာ စားတော့လေ
ကိုကို့ ကိုတွေ့ပြီးမှ ပြန်လာမယ်  "

" အင်းပါ Kit လည်းနေ့လည်စာ
စားအုန်းနော်   "

"အင်း  "

ဖုန်းချပြီး အိမ်ကို သန့်ရှင်းရေးလုပ်ကာ
ကိုကို့ ကိုစောင့်နေလိုက်သည်။

Oonကုမ္ပဏီမှာ အလုပ်ရှုပ်နေတာနဲ့ နေ့ လည်စာ ထမင်းစားဖို့ အချိန်မရလို့ နေ့ လည် ၂နာရီရောက်မှ ဘေးနားက ခေါက်ဆွဲပြုတ်ဆိုင်မှာ ခေါက်ဆွဲဗူးကို ရေနွေးဖျော်ပြီး စားနေစဉ်. 

" Nong!   "

" ဥက္ကဌ!  "

" ဆွေမျိုးတွေဖြစ်နေပြီ ဥက္ကဌလို ခေါ်နေစရာမလိုပါဘူး  ပြီးတော့ ဒါ ကုမ္ပဏီမှ မဟုတ်တာ  "

" ဟုတ်ကဲ့  ဦးက ဒီဆိုင်ကို
ဘာလာဝယ်တာလဲ  "

" ဘာမှလာဝယ်တာ မဟုတ်ဘူး Nongကိုမြင်လို ဆင်းလာတာ ဒီအချိန်ကြီး ဒီလိုစားနေရတယ် ရောဂါဖြစ်မှာပေါ့  "

" ဟို.. ဒဇိုင်းက ဒီနေ့အပြီးအပ်ရမယ်ဆိုလို  အခုမှပြီးလို့ နေ့လယ်စာ လာစားတာပါ "

" ရာထူးတိုးပေးရမလား အထက်လူကြီးတွေ အနိုင်မကျင့်အောင် "

" ကျွန်တော်က သာမာန်လူပါ ဥက္ကဌ 
ညီလေးက ဥက္ကဌ သားမက်ဖြစ်တာ ကျွန်တော်နဲ့ မဆိုင်ပါဘူး ကျွန်တော် အခွင့်အရေးလည်း မလိုချင်ဘူး အခွင့်ထူးခံ လူသားလိုလဲ ဆက်ဆံမခံချင်ဘူး   ကျွန်တော်အရည်အချင်းနဲ့ ထိုက်တန်တဲ့နေရာပဲ လိုချင်တယ်  "

မာနကြီးပြီး တည်ကြည့်လွန်းတဲ့လူပဲ

"ကောင်းပါပြီ နေ့လယ်စာကို
နောက်ဒီလိုမစားနဲ့ကြားလား "

" ဟုတ်ကဲ့ ဥက္ကဌ  ကျွန်တော် အလုပ်ပြန်ဝင်ရအုန်းမှာမိုလို ခွင့်ပြုပါအုန်း  "

ကျွန်တော်ခေါင်းညိတ်ပြတော့ Oon ကုမ္ပဏီထဲ ပြေးဝင်သွားသည်  ဒီကောင်လေး မာနရှီတဲ့ ကလေးပဲ အဲ့ဒါကြောင့် ကျွန်တော်အိမ်ကို လိုက်မနေတာလား  ညီအပေါ်မှီခိုပြီး စည်းစိမ်ဥစ္စာအပိုင်ကြံတဲ့သူ မဟုတ်ပဲ ရိုးသားဖြူစင်တဲ့  သူပါ့လား 

ပျော်တော်ဆက်Where stories live. Discover now