Part 50

2.1K 144 16
                                    

Part 50

Oon ဖန်ခွက်ဆေးရင် ဖန်ခွက်တွေ
လွှတ်ကျကုန်သည်။

" ကိုကို..ကိုကို အဲ့မှာပဲရပ်နေနော် "

" အစ်ကို! သတိထားနော် "

ဖန်ခွက်ကွဲသံကြောင့် နေလယ်စာ စားရင် ပန်းကန်ဆေးတဲ့နားကို ပြေးလာတော့ ကိုကိုနားကြမ်းပြင်အောက်မှာ ဖန်ခွက် ကွဲစတွေ
ကျွန်တော်တို့ စိုးရိမ်ပြီး ကိုကိုနားလာတော့

" အားးး "

ကျွန်တော်ငေးငိုင်စွာ အောက်မှာ ကျကွဲနေတဲ့ဖန်ခွက်စတွေကို နင်းမိသည် ညီညီ ကျွန်တော်ကို စိုးရိမ်ပြီး ကျွန်တော်နားပြေးလာကာ

" Kit! "

ဇွတ်အတင်း သူ့အစ်ကိုနားပြေးသွားတဲ့ Kit ခြေဖမိုးမှာ ဖန်ခွက်စတွေ

Sing ရင်နာကာအော်မိသည်။

" ကိုကို! "

ညီညီ ကျွန်တော်လက်ကိုဆွဲပြီး ဧည့်ခန်းထဲမှာ
ထိုင်ခိုင်းသည်

" လာကျစမ်း ဖန်ခွက်စတွေ မြန်မြန်ရှင်းလင်း "

Singခိုင်းလိုက်ပြီး ဧည့်ခန်းထဲကို လာတော့ Kitက
သူခြေထောက်က ဖန်ခွက်စကြောင့် သွေးထွက်နေတာကို ဂရုမစိုက်ပဲ ကိုကိုခြေထောက်ကို ဆေးထည့်ပြီး ပတ်တီးစီးပေးနေသည်

" ကိုကို အဆင်ပြေရဲ့လား ကိုကိုသွေးတွေ အပြင်ကို ထွက်တာ ညီညီအရမ်းမုန်းတာပဲ ဘာလို့ ပန်းကန်တွေဆေးနေရတာလဲ "

Kitက အစ်ကို့ကိုပြောနေပေမဲ့ အစ်ကိုကျောက်ရုပ်တစ်ရုပ်လို့  ငေးငိုင်စွာ ထိုင်နေသည်။

" ကိုကို... ကိုကို....ညီညီပြောတာကြားရဲ့လား "

" အင်း ကြားပါတယ် ကိုကိုရင်ဘက်ထဲက နာကျင်နေတယ် ကိုကိုရင်ဘက်ထဲက နာကျင်လွန်းလို့ ဒီဖန်ကွက်စ ဒဏ်ရာတွေက ကိုကို့ကို မနာကျင်စေဘူး "

" ဘာဖြစ်လို့လဲ ကိုကို "

" ဘာဖြစ်လို့လဲ ကိုကို မသိဘူး အခုကိုကို နားချင်နေပြီ "

Kit ကိုကို့ ကို စိတ်မချပဲ ပွေ့ချီမယ်လုပ်လို့ ကျွန်တော်ပဲ

" ပါပါးကို ကျွန်တော်ပွေ့မယ် "

ပါပါးပေါက်စကို ကျွန်တော်ပွေ့ ချီပြီး အခန်းထဲက ကုတင်ပေါ်မှာ လှဲစေတော့ ခြေထောက်ဒဏ်ရာနဲ့ Kit လိုက်လာပြီး ပါပါးကို စောင်ခြုံပေးပြန်သည်

" ကိုကို ..ကိုကို "

" တစ်ယောက်ထဲနေချင်တယ် ညီညီ "

"ဟုတ်ကဲ့ "

Kit ကို အတင်း ကိုကိုအခန်းထဲက ခေါ်ခဲ့ပေမဲ့ Kitက အစ်ကထု့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ စိတ်မချဖြစ်နေသည် Kit ကို ဧည့်ခန်းထဲထိ ခေါ်လာပြီး ဆေးထည့်ပြီး ပတ်တီးစီးပေးလိုက်သည်

" ကိုကို မှာ စိတိညစ်စရာ ဘာရှီလို့လဲ "

" စိတ်မပူပါနဲ့ Baby! "

ကျွန်တော် နဲ့ Kit ဧည့်ခန်းမှာထိုင်နေတုန်းDaddy ကားသံကြားလို့ ထွက်ကြည့်လိုက်တော့ Daddy. ကားပေါ်က ဆင်းဆင်းခြင်း Kitကို ထိုးထည့်လိုက်သည် ကျွန်တော် ယိုင်နဲ့သွားတဲ့ Kit ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပြီး

" Daddy! "

" Kit ငါကတော့ မင်းကို သားတစ်ယောက်လို
ချစ်လိုက်ရတာ မင်းက မကောင်းတဲ့ နည်းနဲ့ ပိုက်ဆံရှာနေတဲ့ ကြေးစား ပျော်တော်ဆက် တစ်ယောက်ပဲ "

"Daddy အဲ့ဒါက "

" ဘာမှမပြောနဲ့ Sing မင်းက ဘယ်လိုသားမျိုးလဲ မင်းက ငါကို လူပုံအလည်မှာ ဝိုင်းကဲ့ရဲ့ ဝိုင်းရှုံချအောင် လုပ်လိုက်တာပဲ ကိုယ့်လက်ထပ်မဲ့ သတို့သားအကြောင်းတောင် မသိဘူးလား မင်း.. မင်းတို့ "

" သူတို့နဲ့ ဘာမှမဆိုင်ဘူး ဦး "

ကိုကိုအပေါ်ထပ်လှေကားကနေဆင်းလာရင်း အော်ပြောလိုက်သည် ကိုကိုသိလို့ မဖြစ်ဘူး

" ကလေး မင်းမဆိုင်ပဲ ဝင်မပါနဲ့ "

" တကယ်ပျော်တော်ဆက်က ကျွန်တော်ပါ မယုံရင် စားသောက်ဆိုင်ကို ဖုန်းဆက်မေးကြည့်လို့ရတယ် "

" ကိုကို! "

" ကလေး! "

" ကျွန်တော်ပါ ဦး အများကို ဖျော်ဖြေပြီး ပျော်တော်ဆက် လုပ်စားနေတာ ကျွန်တော်ပါ Kitအမည်သုံးပြီး လုပ်စားနေတာ ကျွန်တော်ပါ "

ကိုကိုစကားကြောင့် ကျွန်တော်မယုံကြည့်နိုင်စွာ ဖြစ်သွားသည်။

ပျော်တော်ဆက်Where stories live. Discover now