Part 7
" ကိုကို..ကိုကို "
ညီညီခေါ်နေတာကြားပေမဲ့ ခေါင်းမထောင်နိုင်အောင်ဖြစ်နေလို့ ပြန်ထူးပေမဲ့ အသံက တိုးလွန်းနေသည်။
"ညီ..."
" ကိုကို နေမကောင်းဘူးလား မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေတယ် "
ကျွန်တော် ပြက္ခဒိန်ကို ကြည့်ပြီး မှတ်ထားတဲ့ ရက်စွဲကို ကြည့်လိုက်တော့ သွေးသွင်းရမဲ့ရက်ထက် သုံးရက်တောင် ကျော်နေပြီ ကိုကိုခန္ဓာကိုယ့်ကို ပွေ့ချီကာ Taxi ကိုတားလိုက်သည် Taxi ရပ်ပေးတာနဲ့ ကိုကို့ကိုကားပေါ်တင်ပြီး ဆေးရုံကို အမြန်မောင်းခိုင်းလိုက်သည် ဆေးရုံရောက်တာနဲ့ အခန်းယူပြီး ကိုကို့ကိုသွေးသွင်းလိုက်သည်။
" လူနာက အရမ်းကို အားနည်းပြီး ပိန်ကျသွားတာပဲ အားဆေးမသောက်ဘူးလား
ကြောင်လေး "kitကို ကြောင်လေးတစ်ကောင်လို
လှပလွန်းတယ်လို့ လူတွေကဆိုကြသည်။
အဲ့ဒါကြောင့် ကြောင်လေးလို့ခေါ်ကျသည်။
ဒါပေမဲ့ အပေါ်ယံလှပပြီး အတွင်းခန္ဓာကိုယ်
ညစ်ပတ်နေတဲ့ Kitက ဒီလိုခေါ်ခံရတာကို
မုန်းသည်။"သောက်ပါတယ် ကိုကိုက ကုမ္ပဏီမှာ အလုပ်လုပ်နေတာ စိတ်ဖီစီးမှု များသွားလားမသိဘူး "
" ဆေးရုံတစ်ပတ်တော့တက်ရမယ် "
" ဟုတ်ကဲ့ P'Pem "
ကိုကိုကို ကုတဲ့ဆရာဝင်နဲ့ ကျွန်တော်တို့ လည်း တော်တော်ရင်းနှီးနေပါတယ် P'Pemက ကိုကိုကိုအများကြီးကောင်းပေးပါတယ် ကိုကို ဆေးရုံရောက်တာနဲ့ ကိုကိုမျက်နှာလန်းသွားမှတာ ဆေးရုံကဆင်းခိုင်းသည်။
တူ...တူ ...တူ
ဖုန်းလာတာကြောင့် ဖုန်းထုတ်ကြည့်လိုက်တော့ သူစိမ်းနံပတ်မို့လို ဘယ်သူလဲတွေးရင်း ဖုန်းကိုင်လိုက်သည်
" Kit ကျွန်တော်ပါ "
" Singခင်ဗျားပဲလား ဘာကိစ္စလဲ "
" အိမ်မှာမတွေ့လို အိမ်အပေါက်ရော
ခြံတံခါးရော ပွင့်နေတယ် ""ဟုတ်သားပဲ ကိုကိုနေမကောင်းတာနဲ့
ပိတ်ဖို့မေ့ခဲ့တယ် ""P ကဆေးရုံမှာလား ဘယ်ဆေးရုံမှာလဲ Kit "
Singကို ဆေးရုံနာမည်နဲ့ အခန်းနံပတ် ပြောလိုက်သည် ကိုကိုလက်ကို ကိုင်ပြီး ငိုကြွေးနေမိသည် ကိုကို ခဏခဏဖျားတက်တာ သိပေမဲ့ ကိုကိုဖျားတိုင်း ကျွန်တော် စိတ်ပူပြီးစိုးရမ်တယ် အသက်ရှုကျပ်စွာ ခံရခတ်သည်။
" Kit! ....Kit "
P လက်ကိုကိုင်ပြီး ငိုကြွေးနေတဲ့ Kitရဲ့
ခန္ဓာကိုယ့်ကို ဖက်ပြီး နှစ်သိမ့်လိုက်သည်" မငိုပါနဲ့ P ကြားသွားရင် စိတ်မကောင်းဖြစ်လိမ့်မယ် မငိုပါနဲ့နော် "
Kit ကို နှစ်သိမ်ပေးရင်း Kit ကျွန်တော်
ခန္ဓာကိုယ့်ပေါ်မှာ ငြိမ်သက်စွာ အိပ်ပျော်သွားသည်။ Kit ကို ပွေ့ချီကာ ကုတင်ပေါ်မှာ သိပ်လိုက်သည်။ဒီကောင်လေး ဘယ်လောက်တောင်
စိတ်ပင်ပန်းနေလဲ သူခံစားမိသည်။" ကိုကို .. ကိုကို "
တိတ်လန့် တကြားနိုးလာတဲ့ Kitကကုတင်ပေါ်ကနေ ဆင်းပြီး သူကိုကိုလက်ကို သွားကိုင်သည် kit ကို ကျွန်တော် အရမ်းသနားမိသည် ရောဂါသည်ကိုကိုက သူနားက အချိန်မရွေးထွက်သွားနိုင်လို သူဘယ်လောက်တောင် ရင်ပူစေလိမ့်မလဲ
" Kit ညနေတောင်ရောက်ပြီ တစ်ခုခုစားရအောင် အစောန ကျွန်တော် ဆန်ပြုတ်နဲ့ သစ်သီးတွေ သွားဝယ်ထားတယ် "
" ညနေရောက်ပြီ ဟုတ်လား ကျွန်တော် အလုပ်ရှင်နဲ့ ချိန်းထားတယ် သွားရမယ် "
Kit ခန္ဓာကိုယ့်ကို ဆွဲလှည့်လိုက်ပြီး
" ဒီအလုပ်ကို မလုပ်နဲ့တော့နော် ဘယ်နှစ်ခါပြောရမလဲ "
" ကိုကိုက ဆေးရုံတစ်ပတ်တောင်တက်ရမှာ ကျွန်တော် အလုပ်ပျက်လို့မဖြစ်ဘူး "
" Kit မင်းပြောလိုမရဘူးလား ငါကူညီမယ်လိုပြောတော့ မင်းလက်မခံဘူး မင်းဒီမကောင်းတဲ့ သူများတွေရဲ့ ပျော်တော်စက် ကြေးစားလုပ်တွေ ရပ်တန့်ဖို ငါဘာလုပ်ပေးရမလဲ "
" ကျွန်တော်ကို လက်ထပ်လိုက် ခင်ဗျားက ကျွန်တော်ယောက်ကျားဖြစ်ရင် ခင်ဗျားအကူအညီကို လက်ခံကောင်း လက်ခံလိမ့်မယ် "
ဘယ်လိုလဲ Sing ခင်ဗျား ဘယ်လို ဆုံးဖြတ်မလဲ ခင်ဗျားက ကိုကိုကြောင့် ကျွန်တော်ကို တားနေတာဆို ခင်ဗျား တကယ် ကျွန်တော်လို ပျော်တော်စက် တစ်ယောက်ကို လက်ထပ်ရဲ့လား ဖြေစမ်းပါ Sing ခင်ဗျား ဘယ်လိုဖြေမလဲ
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ