Part 36
ည၁၁နာရီတောင်ထိုးနေပြီ ကိုကိုပြန်မလာသေးလို့ kitစိတ်ပူစွာ ခြံထဲက ဒန်းပေါ်မှာ ထိုင်စောင့်နေမိသည်။ Daddyကကုမ္ပဏီကိုဖုန်းဆက်ပေးတော့လည်း ကိုကို ကုမ္ပဏီမှာမရှီပေ။ ကိုကိုက
ကျွန်တော်ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး" Kit! "
Singကျွန်တော်ဘေးမှာ လာထိုင်ပြီး
ကျွန်တော်ကို အပေါ်ထပ်အင်္ကျီဝတ်ပေးနေသည်။" အစ်ကိုအခုတလော ထူးဆန်းနေတယ် မထင်ဘူးလား Kit "
" ကိုကိုလမ်းမှာများ မေ့လဲနေလား "
" မဖြစ်နိုင်ပါဘူး Kit
အစ်ကိုဘာမှမဖြစ်နိုင်ပါဘူး Kit! "" ပြောလေ Sing "
" အစ်ကိုကလူတစ်ယောက်ကို ချစ်နေပြီဆိုရင် Kitလက်ခံမှာလား "
" မဖြစ်နိုင်တာ "
" ဟုတ်တယ်နော့ မဖြစ်နိုင်ဘူး အစ်ကိုကလူတစ်ယောက်ကို ချစ်ပြီး လက်ထပ်ဖို့ မဖြစ်နိုင်ဘူး အစ်ကိုလက်မထပ်ရဘူး ခွင့်မပြုနိုင်ဘူး "
စိတ်လှုပ်ရှားစွာပြောနေတဲ့ Singက ကိုကိုအကြောင်း ဘာတွေများ သိထားပါလိမ့် "
"Sing ခင်ဗျားခံစားချက်ကို ကျွန်တော်သိပေမဲ့ ခင်ဗျား စိတ်အေးအေးထားသင့်တယ် ခင်ဗျားခံစားချက်ကို ကိုကိုသိရင် ခင်ဗျားကို မုန်းလိမ့်မယ် ကျွန်တော်က ကိုကို ခင်ဗျားကို မုန်းတာကို မလိုချင်ဘူး ပြီးတော့ ကိုကိုဒီအိမ်က ထွက်သွားမှာကို မလိုချင်ဘူး "
" ဟုတ်တယ် အစ်ကိုကျွန်တော်ကို မုန်းလို့မဖြစ်ဘူး ကျေးဇူးတင်ပါတယ် Kit ကျွန်တော်ကို သတိပေးတဲ့အတွက် "
ကိုကို့ကို စိတ်ပူရတာက တစ်မျိုး Singကို ကြည့်ပြီးရင်လေးမိတာလည်းအမှန်ပဲ ခြံထဲမှာ စောင့်နေစဉ် ကိုကို ဆိုင်ကယ်နဲ့ ဝင်လာသည်။ ဆိုင်ကယ်မောင်းသူက ကယ်ရီသမားလည်း မဟုတ်ဘူး ရှေ့ ကဆိုင်ကယ်နဲ့ လူရွယ်ကို ကိုကိုက ပြုံးပြပြီး လက်ပြနေသည် ကျွန်တော် ကိုကိုဆီပြေးသွားလိုက်ပြီး
" ကိုကို ...ကိုကို "
" ညီညီမအိပ်သေးဘူးလား "
ကိုကိုဆီမှာ အရက်စော်နံနေပြန်သည်။
" ကျန်းမာရေးမကောင်းပဲနဲ့ သောက်ပြန်ပြီ အရက် "
" အစ်ကိုဘာဖြစ်လို့ အရက်တွေသောက်နေရတာလဲ "
" ညီညီနောက် ကိုကို့ကို မစောင့်နဲ့ Singက ညီညီနဲ့ အတူလိုက်စောင့်ရတော့ အိပ်ရေးပျက်တာပေါ့ "
ခန္ဓာကိုယ်ယိုင်နေတဲ့ ကိုကို့ကို Singto က ပွေ့ချီလိုက်သည်။ ကိုကို Singtoရင်ခွင်မှာပဲ အိပ်ပျော်သွားသည်။ ကျွန်တော် မြန်မြန်ရှေ့ ကသွားပြီး အခန်းတံခါးကို ဖွင့်ထားလိုက်သည်။ Sing
ကိုကို့ကို အိပ်ရာပေါ်မှာ ဖြေးညင်းစွာချလိုက်သည်။ ကျွန်တော် ကိုကိုအင်္ကျီကြယ်တီး အပေါ်နှစ်လုံးကို
အသက်ရှုမကျပ်စေရန် ဖြုတ်ပေးလိုက်သည်။" ဘာလို မျက်ရည်ကျရပြန်ပြီလဲ "
Singtကျွန်တော်မျက်ရည်ကို သုတ်ပေးပြီး
မေးနေသည်" တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်နေတာ ကျွန်တော် စိုးရိမ်တာပေါ့ အဟင်....ဟင့် "
ငိုချလိုက်တဲ့ Kit ကြောင့် အစ်ကို့ကို စိုးရိမ်နေတဲ့ ကျွန်တော် ငိုနေတဲ့ Kitကို ပိုစိုးရိမ်သွားသည်။ ကျွန်တော် Kit ငိုတိုင်း ရင်ထဲမှာ အရမ်းပူလောင်မိသည်။
" မငိုပါနဲ့ Kit ရယ်
ကျွန်တော်တောင်းပန်ပါတယ်
တိတ်ပါတော့ "" ခင်ဗျားက ဘာမို့လို့ င်ိုတာကိုလာတားနေရတာလဲ အဟင့် ..ဟင့် "
" အဲ့ဒါဆို ကျွန်တော်က Kitမငိုအောင်
ဘာလုပ်ပေးရမှာလဲ "" ကပြ "
Singကုတင်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်ကို ပွေ့ချီပြီး
" ကျွန်တော်ကပြရင် Kit အူတက်အောင်ရယ်ပြီး အစ်ကိုနိုးသွားလိမ့်မယ် အခန်းထဲရောက်မှ ကပြမယ် "
"တကယ်ကပြမှာလား "
" အင်း "
" တကယ်နော် ကတိ "
" ကတိ ဆယ်ခါပြန် "
Kit အငိုတိတ်ဖို့ ဆို ကျွန်တော်မလုပ်နိုင်တာ
ဘာမှ မရှီပါဘူး Kit ငိုတာကို ကျွန်တော် လုံးဝမမြင်ချင်ဘူး
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ