Part 57
ကျွန်တော့ကို မကွာရှင်းပေးဘူးလို့ပြောတဲ့ ဦးဆီက ကွာရှင်းပေးမဲ့ဆိုတဲ့ စကားလဲကြားရော့ ကျွန်တော်အလိုလို ဝမ်းနည်းသွားသည်။
" Daddy! ဘာလို့ပါပါးကို ကွာရှင်းမှာလဲ
ပါပါးက ဒီအိမ်ရဲ့ မိသားစုဖြစ်နေပြီလေ
ဒီအိမ်က ထွက်သွားရမှာလား "" အဲ့ဒီအတွက်မပူပါနဲ့ Singto ဒီအိမ်ကြီးဘေးက ဟိုဘက်အိမ်ကို Oonရဲ့နစ်နာကြေးအဖြစ် အမွေပေးလိုက်ပါပြီ မင်းတို့ Oonကိုတွေ့ချင်ရင်
အဲ့ဒီအိမ်မှာ သွားတွေ့လို့ရတာပဲ ""မလိုပါဘူးဦး.. ကျွန်တော်အိမ်မှာပဲ
သွားပြန်နေမှာပါ "" အခုထက်ထိ မင်းခေါင်းမာပြန်ပြီ မင်းကရောဂါသည်လေ တစ်ယောက်ထဲနေလို့
ဘယ်ဖြစ်မလဲ မင်းနေမကောင်းရင် မင်းဘေးမှာ တစ်ယောက်ယောက်မရှီရင် အိပ်မပျော်တက်ပဲနဲ့ "Daddyကဒီလောက်စိတ်ပူတက်နေတာကိုး
ဘာကြောင့် ပါပါးကိုကွာရှင်းချင်ရတာလဲ" ကျွန်တော်အတွက်စိတ်မပူပါနဲ့ဦး.. မတန်ပါဘူး "
Oonရှေ့ မှာရှီတဲ့ စာရွက်မှာ
တွန့်ဆုတ်ခြင်းမရှီလက်မှတ်ထိုးပေးလိုက်သည်။" ကိုကို! "
" ပါပါး! "
ကျွန်တော်လက်မှတ်ထိုးပေးပြီး ဦးကိုပေးလိုက်သည်
"ကျေးဇူးတင်ပါတယ် ဦး.. ကျွန်တော်ဘဝမှာ
ကျွန်တော်ကို့ နွေးထွေးမှုပေးခဲ့တဲ့ ဦးကျေးဇူးကို
မမေ့ပါဘူး "" Oonအိမ်ပြန်နေမယ်ဆိုရင် အဖော်အဖြစ် Jack ကိုထည့်ပေးလိုက်မယ် ပြီးတော့ ဘဏ်စာအုပ်ထဲကို ပိုက်ဆံလတိုင်းထည့်ပေးမှာမို့လို့ ပိုက်ဆံအတွက် မပူပါနဲ့ အလုပ်လုပ်ဖို့ မစဉ်းစားပါနဲ့ ဒီတစ်ခါတော့ ပြောစကားနားထောင်ပေးပါ "
"ဟုတ်ကဲ့ဦး ....ကျွန်တော် ပြောစကားနားထောင်ပါ့မယ် ဦးစီမံပေးတာကို လက်ခံပါမယ် "
ကျွန်တော်အိပ်ခန်းထဲဝင်ပြီး အိတ်ထဲကို အဝတ်အစားထည့်နေတုန်း Singနဲ့ ညီညီဝင်လာသည်
" ကိုကို...ညီညီလဲလိုက်မယ် "
" ဘာတွေလျှောက်ပြောနေတာလဲညီညီ
ဒီအိမ်ကညီညီအိမ် ညီညီမိသားစုပါ "" ကိုကို..ကိုကို "
ညီညီငိုပြီး ကျွန်တော့်ကို ဖက်ထားသည်
ကျွန်တော်ညီညီကို ပြန်ဖက်ထားပြီး" ကိုကိုကိုယ့်စား ဦးကို စောင့်ရှောက်ပေးပါ ဦးကကော်ဖီကြိုက်လို့ မနက်ပိုင်းပဲ ဖျော်တိုက်ပါ
ညနေကျရင် ဦးကိုကော်ဖီဖျော်မတိုက်ပဲ
နွားနို့တိုက်ပေးပါ ကိုကိုပြောတာ မှတ်ထားနော် "" ကိုကို ညီညီကိုခွဲမသွားပါနဲ့ "
"ညီညီရင့်ကျက်ပါတော့ ကိုကို့ကိုစိတ်မပူပါနဲ့ "
ကျွန်တော် ညီညီကို ဖက်ထားရာကနေခွာပြီး
Singကို ကြည့်လိုက်သည်" တစ်ခေါက်လောက် ဖက်လို့ရမလားပါပါး "
Singရဲ့တောင်းဆိုမှုကိုခွင့်ပြုလိုက်သည်။
" အင်း "
ကျွန်တော် Singဖက်တာကို လက်ခံပြီး
ပြန်ဖက်ထားလိုက်သည်" ပါပါး!..
ကျွန်တော်ပါပါးလို့ပဲ အမြဲခေါ်မယ်
ရတယ်မဟုတ်လား "" အင်း Sing. ညီညီကိုဂရုစိုက်ပါနော်
ညီညီကို ပျော်ရွှင်အောင်ထားပါ "" ဟုတ်ကဲ့ ပါပါး "
ကိုကို ပစ္စည်းတွေကို အိမ်ကူတွေ ကားပေါ်တင်လိုက်ကျသည် Jack က ကိုကိုနဲ့လိုက်ဖို့ ကားပေါ်အ ရင်တက်ထိုင်နေသည်။ ကားထဲဝင်တော့မဲ့ ကိုကို့လက်ကို ဆွဲပြီး
"မသွားပါနဲ့ ....မသွားပါနဲ့ ကိုကို "
ကိုကို ကျွန်တော့်လက်ကို ဖယ်ပြီး ကားပေါ်တက်သွားသည်။ ကိုကို ကားပေါ်ရောက်တာနဲ့ ကားမောင်းထွက်သွားသည်။ ကျွန်တော့်ကိုကိုကားနောက် ပြေးလိုက်မိသည်။
" ကိုကို...ကိုကို "
Singကျွန်တော်နောက်လိုက်ပြီး ကျွန်တော့်လက်ကိုလှမ်းဆွဲပြီး ဖက်ထားနေသည်။
ထိုနေ့ ကအောက်မှာငိုကြွေးနေတဲ့ Singနဲ့ Kit ရှီသလို အပေါ်ထပ်ပြတင်းပေါက်ကနေ
Oonထွက်သွားတာကို ကြည့်ပြီး မျက်ရည်ကျနေတဲ့ လူတစ်ဦးလဲ ရှီပါသေးတယ်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ