Part 20
Kitကိုကိုအတွက် ခရုဆန်ပြုတ်ပြုတ်ပြီး Singက "ပြီးရင်သွားရအောင် Kit!
အစ်ကိုဗိုက်ဆာနေပြီပြောတာနဲ့ . ချက်ခြင်းပဲ ထွက်လာခဲ့လိုက်သည်။ ဆေးရုံရောက်ပြီး ကိုကိုအခန်းထဲဝင်တော့ daddyက ကိုကို့ကို ပန်းသီးခွံကျွေးနေတာ တွေ့ရသည်။" Daddy! "
" သားတို့လာပြီလား "
" Daddy က ဒီရောက်နေတာပဲ "
" ဟုတ်တယ် သားလေး daddyဝန်ထမ်းရဲ့ ကျန်းမာရေး အခြေအနေ လာကြည့်တာ ပြီးတော့ Oonကို ကြိုက်သလောက် အနားယူခိုင်းနေတာ "
Daddy ပြောတော့ ကျွန်တော်ဝမ်းသာသွားပြီး
" ကျေးဇူးတင်ပါတယ် daddy ကိုကိုက အရမ်းပဲနေမကောင်းဖြစ်နေတာ ကုမ္ပဏီအတွက် မပူပန်စေချင်ဘူး "
" Oonမျက်နှာကြည့်တာနဲ့ daddy သိပါတယ် Kit "
Daddy Kit ကိုပြောပြီး
Oonဘက်လှည့်ကာ" ဦးသွားတော့မယ်နော် အစာစားဖို့မမေ့နဲ့ မစားချင်လည်း စားပေးရမယ် အဲ့တာမှ ဆေးကုတာ ခံနိုင်ပြီး ဆေးဒဏ်ကို ခံနိုင်မှာ "
" ဟုတ်ကဲ့ ဦး "
Daddyက အစ်ကို့ကိုပြုံးပြပြီး အခန်းပြင်ထွက်သွားသည်။ မာနကြီးတဲ့အစ်ကိုက daddy ကိုတော့ အချိုသာဆုံးပြုံးပြတယ် ပြီးတော့ daddy ကို ဦး တဲ့လား
" ကိုကို ဆန်ပြုတ်သောက်ရအောင်
ညီညီခွံမယ် ကိုကိုက သွေးသွင်းနေတာဆိုတော့ "ကျွန်တော်အစ်ကိုကို ထူပြီး ကုတင်နောက်မှာ ခေါင်းအုံးထားပြီး ကျောကို မှီစေလိုက်သည်။
" ကျေးဇူးတင်ပါတယ် Sing ဘာလိုထပ်လာတာလဲ အလုပ်မရှီဘူးလား. "
" ကျွန်တော်က ပန်းချီဆရာလေ
အစ်ကိုမေ့သွားပြီလား . "" အော် ဟုတ်သားပဲ "
" ကိုကိုပါးစပ်ဟ.. "
ကိုကိုပါးစပ်ဟပေးပြီး ဆန်ပြုတ်တစ်ဇွန်းသောက်ပြီး ခေါင်းရမ်းသည်
" ဘာဖြစ်လို့လဲ ကိုကို "
" အနံက တစ်မျိုးကြီး မသောက်ချင်ဘူး. "
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ