Part 14

2.6K 159 8
                                    


Part 14

Oonကုမ္ပဏီကပြန်လာတော့
ကျွန်တော်ခြံအိမ်ရှေ့ မှာကားအကောင်းစား ရပ်ထားတာတွေ့သည်။ 
အိမ်ထဲဝင်လိုက်တော့  ဧည့်ခန်းကဆိုဖာပေါ်မှာ Kit အိပ်ပျော်နေတာတွေ့ရသည်။ ဆိုဖာက အသစ်ဖြစ်နေသည်  ဆိုဖာခုံတွေလဲထားတာပဲ  အိပ်ခန်းထဲဝင်တော့လည်း ကုတင်နဲ့ မွေ့ရာအသစ်ကို ပြောင်းထားတာ တွေ့သည်။  ကျွန်တော် စောင်တစ်ထည် ယူလိုက်ပြီး  Kit ကို ခြုံပေးလိုက်တော့ Kit နိုးလာသည်။

" ကိုကို ပြန်လာပြီလား   "

" အင်း ညီညီ   "

ကိုကို မျက်နှာမလန်းပဲ ညှိုးငယ်နေသည်  ကျွန်တော် ကိုကိုနဖူးကို စမ်းလိုက်တော့ ကိုကိုရှောင်ဖယ်သွားသည်။

" ကိုကို  "

" ပြန်တော့ ညီညီ   "

" ပြန်တော့ ဟုတ်လား ကိုကို
ကျွန်တော်တစ်နေ့ကုန် စောင့်နေတာကိုး ကိုကိုကပြန်ခိုင်းတယ်  "

" အင်း ဟုတ်တယ် ပြန်တော့
နောက် ကိုကိုအိမ်မလာပါနဲ့  "

" ကျွန်တော်ကို ဘာကြောင့် အဲ့လိုပြောတာလဲ ကိုကို ကျွန်တော် ဘာမှားလို့လဲ . "

" ဘာမှားလို့လဲ  ဟုတ်လား  ညီညီ မနေ့ကမှ အိမ်ထောင်ကျတယ် ဒီနေ့
အဲ့အိမ်က ပိုက်ဆံကိုဖြုန်းတယ် သူတို့ ညီညီကို ဘယ်လိုမြင်မလဲ ပိုက်ဆံမက်လို 
ယူတယ်ထင်နေမှာပေါ့    "

" မဟုတ်ဘူးကိုကို မဟုတ်ဘူး  ညီညီဆီမှာ ပိုက်ဆံတစ်ဘတ်တောင် မရှီပါဘူး 
မနက်က  ကိုကိုဆီသွားချင်ရင်သွားဆိုပြီး   Singကသွားခိုင်းတယ်  ပြီးတော့  မင်္ဂလာဦးလက်ဖွဲ့ဆိုပြီး ကားပေးလိုက်တယ် နေ့လည် ထမင်းစားခံနီးတော့ Sing က ဖုန်းဆက်တယ်  ကိုကို့ ကိုတွေ့ပြီးမှ  ပြန်လာမယ်လိုပြောလိုက်တယ်  အဲ့ဒါနဲ့ ညီညီသန့်ရှင်းရေးလုပ်နေတုန်း  ဆိုဖာခုံနဲ့ ကုတင် မွေ့ရာ တွေကို  Singပို့ခိုင်းတယ်ဆိုပြီး
လာပို့သွားတာပါ ညီညီဝယ်တာ မဟုတ်ပါဘူး ကိုကို တကယ်ပြောတာပါ  "

" ညီညီမဝယ်ပေမဲ့ ညီညီပူဆာလိုက်တာမဟုတ်လား. "

"မပူဆာပါဘူး တကယ်ပြောတာပါကိုကို  ညီညီက ကိုကို့ကိုအရမ်းချစ်မှန်းသိလို့ Singက ကိုကိုအတွက် ဝယ်ပေးတာနေမှာပါ   "

"  ပြန်တော့ ညီညီ  ကိုကိုဆီမလာနဲ့တော့ ကိုကိုအတွက်လည်း မပူနဲ့  ကိုကို ကုမ္ပဏီမှာ လစာကောင်းတယ် အလုပ်လည်းမြဲမှာပါ  နေမကောင်းရင် ခွင့်ကြိုက်သလောက်ယူတဲ့ လစာကလည်း ကိုကိုစားဖို့နဲ့
ဆေးဖိုးကို ကာမိပါတယ်   "

" ကိုကိုကညီညီကိုမချစ်တော့ဘူးလား
ညီညီတို့က ရှီတာမှ ညီအစ်ကိုနှစ်ယောက်တည်းပဲ ရှီတာလေ ကိုကိုဆီမှ ညီညီက မလာရင် ညီညီသေသွားမှာပေါ့   "

" ပြန်တော့ ညီညီ ကိုကိုအိပ်ချင်နေပြီ    "

" ပင်ပန်းလိုလား ကိုကို  ညစာမစားတော့ဘူးလား   "

" အင်း မစားတော့ဘူး  ပြန်ပါတော့  
အရမ်းပင်ပန်းနေပြီ    "

" ကိုကို နေမကောင်းဘူးလား  "

"ညီညီ! ပြန်တော့လိုပြောနေတယ်  "

"  မပြန်နိုင်ဘူး ကိုကို   "

ကျွန်တော် ကိုကို့ကိုပွေ့လိုက်တော့ 

" ညီညီ  ဒါဘာလုပ်တာလဲ   " 

ကိုကို့ကိုအိပ်ခန်းထဲအထိ 
ခေါ်သွားလိုက်ပြီး ကုတင်ပေါ်မှာ ဖြေးညင်းစွာချလိုက်သည်။

"ကိုကို လှဲနေလိုက်နော် ညီညီ ဆန်ပြုတ်ပြုတ်လိုက်အုန်းမယ်. "

ကျွန်တော်က ညီညီပြန်အောင် ညီညီ
ကျွန်တော်ကို စိတ်ကုန်အောင် ပြောနေတာကိုး ညီညီက  ကျွန်တော်တကယ် နေမကောင်းဘူးထင်ပြီး  စိတ်ပူနေပြီး ပြာနေသည်။ ညီညီကိုသနားပေမဲ့ ညီညီကျွန်တော်ပေါ်စိတ်ကုန်အောင် ပြုမှုဖို့ပဲ
ဆုံးဖြတ်လိုက်သည် အဲ့ဒါမှ ညီညီက Singတို့ သာ သူအပေါ်ကောင်းတဲ့မိသားစုလို့ထင်ပြီး  ကျွန်တော်လို
အစ်ကိုတစ်ယောက်ကို မေ့နိုင်မှာ

ပျော်တော်ဆက်Where stories live. Discover now