Part. 16
Kitအခုဆို ကိုကိုနဲ့ မတွေ့တာ တစ်လကျော်ကြာပြီး ကျွန်တော် ကိုကိုအိမ်သွားတိုင်း
ကိုကိုရှီမနေခဲ့ဘူး တစ်နေ့ကုန်သွားစောင့်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး daddy က
အီတလီက ကိတ်မုန့်ဖုတ်ပညာရှင်ကို ခေါ်ပြီး သင်ခိုင်းသည်။ အခုဆို ပညာတွေလည်း တော်တော်လေးတက်ပြီး. ကိတ်မုန့်ဆိုင်ဖွင့်ဖို့ Singက ဆိုင်ခန်းရှာပေးနေသည်။" Sing!.....Sing! . "
Singပန်းချီခန်းထဲဝင်တော့ Singကိုမတွေ့ဘူး ပန်းချီဆွဲတဲ့စာအုပ်ကို တွေ့သည်။ ပန်းချီးပြခန်းမှာ ပြဖို့မဟုတ်ပဲ ဆွဲထားတဲ့ စာအုပ်သပ်သပ်သာဖြစ်သည်။ ကျွန်တော်စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ ပထမမျက်နှာမှာ ဆွဲထားတဲ့ စာရွက်က ကျွန်တော်ပုံပဲ အဲ့တာနဲ့ ဒုတိယ စာမျက်နှာကို လှန်ပြီး ကြည့်လိုက်တော့လဲ ကျွန်တော်ပုံ ဒါပေမဲ့ Market မှာ ဈေးဝယ်တဲ့ပုံ ဒီဈေးမှာ ဈေးဝယ်တာ ကျွန်တော် မဟုတ်ဘူး အဲ့တာနဲ့ နောက်စာမျက်နှာတွေကို လှန့်ကြည့်တော့ ကုမ္ပဏီရှေ့မှာ ထိုင်နေတဲ့ ပုံတွေ ပုံတွေအကုန်လုံးက ကျွန်တော်နဲ့ရုပ်တူပေမဲ့ ကျွန်တော် မဟုတ်တဲ့ ကိုကိုပုံတွေ ကျွန်တော်စာအုပ်ကို ပြန်ချထားလိုက်သည်။
" Kit "
" ခင်ဗျားကိုလိုက်ရှာနေတာ ကိတ်မုန့်မြည်းခိုင်းမလို "
" မြည်းပေးရမှာပေါ့.. "
Singကို အလုပ်ခန်းထဲခေါ်ပြီး. ဖုတ်ထားတဲ့ ကိတ်မုန့်ကို မြည်းခိုင်းလိုက်သည်။
" အရသာ ဘယ်လိုလဲ "
" အင်း မချိုဘူး စိမ့်စိမ့်လေး ကောင်းတယ် Kitကအရမ်းတော်တယ် "
" ဟုတ်လား daddy အတွက်ချန်ထားရမယ် "
" အင်း Kit "
" ကျွန်တော် ကိုကိုနဲ့မတွေ့တာ
တစ်လကျော်ကျော်တောင် ရှီပြီ "" သွားတွေ့ချင်လို့လား "
" ကျွန်တော်သွားတွေ့တိုင်း ကိုကိုအိမ်မှာ
မရှီဘူး ကိုကိုအိမ်မှာ ဘယ်ချိန်ရှီတက်လောက်လဲ Sing "" ဟမ်! "
ခင်ဗျားသိပါတယ် Singကျွန်တော်ကသာ ကိုကိုနဲ့ မတွေ့ရတာ တစ်လကျော်ကြာနေပြီဆိုပေမဲ့ ခင်ဗျားကတော့ ကိုကို့ကို သွားခိုးတွေ့တာ အကြိမ်ပေါင်းများစွာပဲ မဟုတ်လား
" ပြောလေ ကိုကိုဘယ်ချိန်ရှီတက်မလဲလို့ "
" ညဆိုရင်ရော Kit "
"ဟုတ်တယ် ညလောက်ဆို ကိုကိုအိမ်မှာရှီနေလိမ့်မယ် ဒါပေမဲ့ ခင်ဗျားလိုက်ပို့ပေးမှ ဖြစ်မယ် ကျွန်တော်တစ်ယောက်တည်း ညအပြင်ထွက်ရင် daddy တစ်မျိုးထင်လိမ့်မယ်. "
" ကျွန်တော်လိုက်ပို့ပါမယ် "
ခင်ဗျားတန်းသဘောတူလိုက်တာပဲ
ခင်ဗျားလည်း ကိုကို့ကို တွေ့ချင်နေတယ် မဟုတ်လား♥♥
ဒီနေ့Oonကုမ္ပဏီမလာဘူး Oonဒဇိုင်းဆွဲထားသောအရေးကြီးတဲ့ အိတ်က ဈေးကွက်ကို ဖြန့်ဖြန့်ချင်း လူကြိုက်များခဲ့တယ် အဲ့ဒါကြောင့် Oonကိုဘောနစ်ပေးဖို့ ခေါ်ခိုင်းလိုက်တယ်။ Oonကိုတွေ့ချင်တာကြောင့် လဲပါတယ် ဒါပေမဲ့ အရမ်းတွေ့ချင်နေသော ကောင်လေးကကုမ္ပဏီမလာဖူးတဲ့ ဘာဖြစ်လို့ အရေးကြီးတဲ့နေ့မှ ဒီကလေးမလာရတာလဲ
" Oon ဒီနေ့ ကုမ္ပဏီ မလာဘူး "
ညနေစာထမင်းစားရင်း သားတွေကို
ပြောလိုက်သည်။" ဟုတ်လား Daddy ဘယ်နှစ်ရက်ရှီပြီလဲ "
" ဒီနေ့တစ်ရက်ပဲ "
" ကုမ္ပဏီက အထက်လူကြီးအနေနဲ့ ဝန်ထမ်းလေး ရုံးပျက်တဲ့ရက်တောင် အတိအကျ သိတယ်နော် Daddyက
Kit အစ်ကိုမို့လို ဂရုစိုက်ပေးတာလား ကျေးဇူးတင်ပါတယ် daddy "" မဟုတ်ဘူး သားလေး ဒီနေ့က Oonဒဇိုင်းပေါက်တဲ့နေ့ အရမ်းအရေးကြီးတဲ့နေ့ပဲ အဲ့ဒါကို သူမလာတော့ တစ်ခုခုများ ဖြစ်နေလားလို့ ပါ "
Daddy ဆီက စကားကြားရော Kit ထမင်းစားနေရာမှ ချက်ခြင်း ထရပ်လိုက်ပြီး
" ကိုကို.. ကိုကို နေမကောင်းဘူးထင်တယ် "
" daddy ကျွန်တော် Kit ကို လိုက်ပို့လိုက်အုန်းမယ်. "
Kit လက်ကို ဆွဲပြီး ကားပေါ်ထိုင်ခိုင်းလိုက်သည် စိတ်ပူစွာနဲ့ ကားကို မြန်မြန်လေးမောင်းလာခဲ့လိုက်သည်။
YOU ARE READING
ပျော်တော်ဆက်
Fanfictionအမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ